• စာရေးသူ: GT (Excellent)
ဒီတစ်ပတ်မှာတော့ (19)ရာစုနှောင်းပိုင်းကာလ အနောက်အမေရိက ကောင်းဘွိုင်စတိုင်ဆော့ ကစားရ မယ့် Action ဂိမ်းသစ် Red Dead Redemption 2 ဆိုတဲ့အခွေလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီအခွေလေးဟာ နာမည်ကျော် Red Dead စီးရီးရဲ့ တတိယမြောက်ဖန်တီးမှုဖြစ်ပြီး (2010)ခုနှစ်ကထွက်ရှိခဲ့တဲ့ Red Dead Redemption ရဲ့ နောက်ဆက်တွဲလည်းဖြစ်ပါတယ်။ Release လုပ်မှာကတော့ နိုဝင်ဘာလဆန်းပိုင်းဖြစ်ပြီး ဖန်တီးသူ Developer ကတော့ Rockstar Studios အုပ်စုပါ။ Publisher(s) အဖြစ် Rockstar Games ကနေ တာဝန်ယူဖြန့်ချိမှာဖြစ်ပြီး Microsoft Windows အပြင် PlayStation 4 နဲ့ Xbox One တို့မှာပါ ကစားနိုင်မှာ ဖြစ်ပါတယ်။
Red Dead Redemption 2 ဂိမ်းကို (1890)ကျော်ကာလပုံစံဖန်တီးပေးထားပြီး အနောက်အမေရိက တစ်ခွင် မြေပုံတွေအဖြစ် New Hanover, Ambarino, Lemoyne, West Elizabeth, New Austin အပိုင်း (5)ပိုင်း ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Main Character အဖြစ် Van der Linde ဂိုဏ်းစတားအုပ်စုက Arthur Morgan အဖြစ် ဆော့ကစားရမှာဖြစ်ပြီး ဂိမ်းပလေးအနေနဲ့ လုယက်မှုကျူးလွန်ရတာတွေ၊ အုပ်စု အချင်းချင်းပါဝါပြိုင်ကြတာတွေ၊ အမဲလိုက်၊ ငါးမျှားအစရှိတဲ့အပန်းဖြေတာတွေ စတာတွေစုံလင်အောင် ပါ၀င်မှာ ပါ။ Story Line Mission အနေနဲ့ Colter, Horseshoe Overlook, Clemens Point, Saint Denis, Guarma, Beaver Hollow ဆိုပြီး Chapter (6)ခု ခွဲခြားပေးထားမှာဖြစ်ပြီး Stranger Side-Missions (30) ကျော် ကျော်ဖြတ်ရမှာဖြစ်ပါတယ်။
လက်နက်ကဏ္ဍမှာတော့ Pistols and Revolvers (14)မျိုး၊ Rifles and Repeaters (9)မျိုး၊ Shotguns (6)မျိုးနဲ့ Firearm, ဓားတို၊ ဓားရှည်၊ အသားခုတ်ဓားမ၊ ရဲတင်း၊ ဂေါ်ပြား အစရှိတဲ့ Melee Weapons, ပေါက်ဓား၊ အမဲလိုက်ဓား၊ ပေါက်ပုဆိန်သေး၊ ဒိုင်းနမိုက်၊ မီးပုလင်း၊ လေး၊ မြား အစရှိတဲ့ Thrown Weapons, Equipment, Mounted Weapons, Exclusive Weapons စတာတွေလည်း စုံလင်အောင်ထည့်သွင်းပေးထားတာ တွေ့ရမှာ ပါ။ ဒါ့အပြင် မှို၊ မုန်လာဥ၊ ဆေးရွက်ကြီး၊ ဘယ်ရီ၊ သစ်ခွမျိုးစုံ၊ စပျစ် အစရှိတဲ့ Plants (40)ကျော်ပါ၀င်ပြီး Fishing ကဏ္ဍအတွက် Bluegill, Bullhead Catfish, Chain Pickerel, Channel Catfish, Lake Sturgeon, Largemouth Bass, Longnose Gar, Muskie အစရှိတဲ့ ငါးမျိုးစိတ် (15)မျိုး ဖန်တီးပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Legendary ငါးကြီးမျိုး (16) မျိုးလည်း ထည့်သွင်းပေးထားပြီး ကျန်းမာရေးအသက်ဆက်ဖို့ ချက်ပြုတ် စားသောက်တာပဲဖြစ်ဖြစ်၊ အဖွဲ့ဝင်တွေကိုပေးတာပဲဖြစ်ဖြစ်၊ရောင်းချတာပဲလုပ်လုပ် စိတ်ကြိုက်အသုံးချနိုင်မှာပါ။
အမဲလိုက်ကဏ္ဍအတွက်လည်း ကြက်၊ ငှက်၊ ဇီးကွက်၊ ယုန်၊ ရှဉ့်၊ ဒေါင်း၊ သိုး၊ မြေခွေး စတာတွေကနေ တောကောင်ကြီးတွေအထိ မျိုးစိတ်ပေါင်း (80)ကျော် ထည့်သွင်းပေးထားတယ်လို့ဆိုပါတယ်။ ကောင်းဘွိုင်တွေ ရဲ့အဓိက ပါရမီဖြည့်ဖက်ပါတနာတွေဖြစ်တဲ့ စီးတော်မြင်းကဏ္ဍမှာတော့ Appaloosas နဲ့ Arabian မြင်းကောင်း တွေ အမျိုးအစား (20)နီးပါး ထည့်သွင်းပေးထားပြီး အစာကျွေးမွေးမြူတာ၊ လေ့ကျင့်ပေးတာတွေ ပြုလုပ်ပေးရ မှာပါ။ မြင်းစီးတဲ့အခါ တန်ဆာဆင်ဖို့နဲ့ကိုယ်တိုင်သုံး Accessories အတွက် အမျိုး (60)နီးပါး ထည့်သွင်းပေး ထားမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးရဲ့ ဂရပ်ဖစ်လှုပ်ရှားမှုတွေကို RAGE ဂိမ်းအင်ဂျင်အသုံးပြုဖန်တီးပေးထားပြီး ပါစပက်တစ်အနေနဲ့ကတော့ First person အနေနဲ့ရော Third Person အနေနဲ့ပါ မြင်တွေ့ရမှာပါ။ Red Dead Redemption 2 ကိုဆော့ကစားမယ်ဆိုရင်တော့ Core i5-3570 3.4GHz or FX-6350, Radeon R9 285 2GB graphics, RAM: 8GB အနည်းဆုံးလိုအပ်မှာဖြစ်ပြီး မကြာခင် နိုဝင်ဘာလပထမပတ်အတွင်းမှာ ကြိုတင်စောင့် မျှော်နိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေးပေးလိုက်ရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Red Dead Redemption 2 (PC)

  • စာေရးသူ: GT (Excellent)
ဒီတစ္ပတ္မွာေတာ့ (19)ရာစုေႏွာင္းပိုင္းကာလ အေနာက္အေမရိက ေကာင္းဘြိဳင္စတိုင္ေဆာ့ ကစားရ မယ့္ Action ဂိမ္းသစ္ Red Dead Redemption 2 ဆိုတဲ့အေခြေလးနဲ႔ မိတ္ဆက္ေပးပါရေစ။ ဒီအေခြေလးဟာ နာမည္ေက်ာ္ Red Dead စီးရီးရဲ႕ တတိယေျမာက္ဖန္တီးမႈျဖစ္ၿပီး (2010)ခုႏွစ္ကထြက္ရွိခဲ့တဲ့ Red Dead Redemption ရဲ႕ ေနာက္ဆက္တြဲလည္းျဖစ္ပါတယ္။ Release လုပ္မွာကေတာ့ ႏို၀င္ဘာလဆန္းပိုင္းျဖစ္ၿပီး ဖန္တီးသူ Developer ကေတာ့ Rockstar Studios အုပ္စုပါ။ Publisher(s) အျဖစ္ Rockstar Games ကေန တာ၀န္ယူျဖန္႔ခ်ိမွာျဖစ္ၿပီး Microsoft Windows အျပင္ PlayStation 4 နဲ႔ Xbox One တို႔မွာပါ ကစားႏိုင္မွာ ျဖစ္ပါတယ္။
Red Dead Redemption 2 ဂိမ္းကို (1890)ေက်ာ္ကာလပံုစံဖန္တီးေပးထားၿပီး အေနာက္အေမရိက တစ္ခြင္ ေျမပံုေတြအျဖစ္ New Hanover, Ambarino, Lemoyne, West Elizabeth, New Austin အပိုင္း (5)ပိုင္း ထည့္သြင္းေပးထားမွာျဖစ္ပါတယ္။ Main Character အျဖစ္ Van der Linde ဂိုဏ္းစတားအုပ္စုက Arthur Morgan အျဖစ္ ေဆာ့ကစားရမွာျဖစ္ၿပီး ဂိမ္းပေလးအေနနဲ႔ လုယက္မႈက်ဴးလြန္ရတာေတြ၊ အုပ္စု အခ်င္းခ်င္းပါဝါၿပိဳင္ၾကတာေတြ၊ အမဲလိုက္၊ ငါးမွ်ားအစရွိတဲ့အပန္းေျဖတာေတြ စတာေတြစံုလင္ေအာင္ ပါ၀င္မွာ ပါ။ Story Line Mission အေနနဲ႔ Colter, Horseshoe Overlook, Clemens Point, Saint Denis, Guarma, Beaver Hollow ဆိုၿပီး Chapter (6)ခု ခြဲျခားေပးထားမွာျဖစ္ၿပီး Stranger Side-Missions (30) ေက်ာ္ ေက်ာ္ျဖတ္ရမွာျဖစ္ပါတယ္။
လက္နက္က႑မွာေတာ့ Pistols and Revolvers (14)မ်ိဳး၊ Rifles and Repeaters (9)မ်ိဳး၊ Shotguns (6)မ်ိဳးနဲ႔ Firearm, ဓားတို၊ ဓားရွည္၊ အသားခုတ္ဓားမ၊ ရဲတင္း၊ ေဂၚျပား အစရွိတဲ့ Melee Weapons, ေပါက္ဓား၊ အမဲလိုက္ဓား၊ ေပါက္ပုဆိန္ေသး၊ ဒိုင္းနမိုက္၊ မီးပုလင္း၊ ေလး၊ ျမား အစရွိတဲ့ Thrown Weapons, Equipment, Mounted Weapons, Exclusive Weapons စတာေတြလည္း စံုလင္ေအာင္ထည့္သြင္းေပးထားတာ ေတြ႕ရမွာ ပါ။ ဒါ့အျပင္ မိႈ၊ မုန္လာဥ၊ ေဆးရြက္ႀကီး၊ ဘယ္ရီ၊ သစ္ခြမ်ိဳးစံု၊ စပ်စ္ အစရွိတဲ့ Plants (40)ေက်ာ္ပါ၀င္ၿပီး Fishing က႑အတြက္ Bluegill, Bullhead Catfish, Chain Pickerel, Channel Catfish, Lake Sturgeon, Largemouth Bass, Longnose Gar, Muskie အစရွိတဲ့ ငါးမ်ိဳးစိတ္ (15)မ်ိဳး ဖန္တီးေပးထားမွာျဖစ္ပါတယ္။ ဒါ့အျပင္ Legendary ငါးႀကီးမ်ိဳး (16) မ်ိဳးလည္း ထည့္သြင္းေပးထားၿပီး က်န္းမာေရးအသက္ဆက္ဖို႔ ခ်က္ျပဳတ္ စားေသာက္တာပဲျဖစ္ျဖစ္၊ အဖြဲ႕၀င္ေတြကိုေပးတာပဲျဖစ္ျဖစ္၊ေရာင္းခ်တာပဲလုပ္လုပ္ စိတ္ႀကိဳက္အသံုးခ်ႏိုင္မွာပါ။
အမဲလိုက္က႑အတြက္လည္း ၾကက္၊ ငွက္၊ ဇီးကြက္၊ ယုန္၊ ရွဥ့္၊ ေဒါင္း၊ သိုး၊ ေျမေခြး စတာေတြကေန ေတာေကာင္ႀကီးေတြအထိ မ်ိဳးစိတ္ေပါင္း (80)ေက်ာ္ ထည့္သြင္းေပးထားတယ္လို႔ဆိုပါတယ္။ ေကာင္းဘြိဳင္ေတြ ရဲ႕အဓိက ပါရမီျဖည့္ဖက္ပါတနာေတြျဖစ္တဲ့ စီးေတာ္ျမင္းက႑မွာေတာ့ Appaloosas နဲ႔ Arabian ျမင္းေကာင္း ေတြ အမ်ိဳးအစား (20)နီးပါး ထည့္သြင္းေပးထားၿပီး အစာေကၽြးေမြးျမဴတာ၊ ေလ့က်င့္ေပးတာေတြ ျပဳလုပ္ေပးရ မွာပါ။ ျမင္းစီးတဲ့အခါ တန္ဆာဆင္ဖို႔နဲ႔ကိုယ္တိုင္သံုး Accessories အတြက္ အမ်ိဳး (60)နီးပါး ထည့္သြင္းေပး ထားမွာျဖစ္ပါတယ္။ ဒီဂိမ္းေလးရဲ႕ ဂရပ္ဖစ္လႈပ္ရွားမႈေတြကို RAGE ဂိမ္းအင္ဂ်င္အသံုးျပဳဖန္တီးေပးထားၿပီး ပါစပက္တစ္အေနနဲ႔ကေတာ့ First person အေနနဲ႔ေရာ Third Person အေနနဲ႔ပါ ျမင္ေတြ႕ရမွာပါ။ Red Dead Redemption 2 ကိုေဆာ့ကစားမယ္ဆိုရင္ေတာ့ Core i5-3570 3.4GHz or FX-6350, Radeon R9 285 2GB graphics, RAM: 8GB အနည္းဆံုးလိုအပ္မွာျဖစ္ၿပီး မၾကာခင္ ႏို၀င္ဘာလပထမပတ္အတြင္းမွာ ႀကိဳတင္ေစာင့္ ေမွ်ာ္ႏိုင္ၿပီျဖစ္တဲ့အေၾကာင္း သတင္းေကာင္းေလးေပးလိုက္ရပါတယ္။

NetGuide Journal (Every Wednesday)