Google ရဲ့ Made by Google ပွဲကြီးကတော့ ပြီးခဲ့ပါပြီ။ ဒီပွဲမှာ အများမျှော်လင့်နေတဲ့ Google ထုတ်ကုန်သစ်ဖြစ်တဲ့ Pixel 4 နဲ့ 4 XL ဖုန်းတွေကို တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ နောက်ထပ် မိတ်ဆက်ပေးခဲ့တာကတော့ Google Pixelbook နဲ့ Pixel Buds 2 တို့ပဲ ဖြစ်ပါတယ်။ နောက်ထပ် ထုတ်ပြန်ကြေညာချက်ကတော့  Google ရဲ့ cloud gaming platform ကို လာမယ့်လ 19 ရက်နေ့မှာ ထုတ်ပေးမယ်ဆိုတာနဲ့ Daydream VR ကို ရပ်ဆိုင်းလိုက်ပြီဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတပတ်မှာတော့ စိတ်ဝင်စားစရာကောင်းလှတဲ့ Pixel 4 Made by Google ပွဲအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
(1). Pixel 4 & 4 XL
Google အနေနဲ့ Pixel 4 စီးရီးဖုန်းသစ်တွေနဲ့အတူ နောက်ထပ်မျိုးဆက်တစ်ခုဆီကို တက်လှမ်းလိုက်ပါပြီ။ ဒီဖုန်းတွေမှာ 90Hz screens နဲ့အတူ dual cameras သုံးထားတာက အဓိကပြောင်းလဲမှုဖြစ်ပြီး နောက်ထပ်တခုက Oh So Orange (လိမ္မော်) အရောင်သစ်တစ်မျိုး ထပ်ပါလာတာပါ။ Pixel 4 XL မှာ 6.3 လက်မ Quad HD display ပါဝင်ပြီး Pixel 4 မှာတော့ 5.7 လက်မ မျက်နှာပြင်က 1080p ဖြစ်ပါတယ်။ ဖုန်း 2 မျိုးလုံးရဲ့ aspect ratio  ကတော့ ခပ်ရှည်ရှည်ဒီဇိုင်းလို့ ဆိုရမယ့်  19:9 ဖြစ်ပါတယ်။ notch ထည့်သွင်းထားခြင်း မရှိတော့ပါဘူး။ Smooth Display feature လို့သတ်မှတ်နိုင်တဲ့  90Hz refresh rate နဲ့ သုံးနိုင်မှာပါ။ အပြင်ဖုန်းမျက်နှာပြင်ရဲ့ refresh rate ကို ဘက်ထရီသက်တမ်းကို ဆွဲဆန့်ပေးနိုင်ဖို့ 60Hz အထိ ချိန်ညှိပေးနိုင်ပါတယ်။ HDR support လုပ်လာတဲ့အပြင် Always On mode လည်း သုံးနိုင်မှာပါ။ Ambient EQ ဆိုတဲ့စနစ်ဟာ အလင်းရောင်အခြေအနေပေါ်မူတည်ပြီး display ကို ကြည့်ရှုရတဲ့ပုံစံကို လိုက်လံပြောင်းလဲပေးပါလိမ့်မယ်။ Pixel 4 နဲ့ 4 XL ဖုန်း 2 မျိုးဟာ Display ပိုင်းသာ အရွယ်အစားကွဲပြားပြီး ကျန်တဲ့အဓိကအစိတ်အပိုင်းတွေ ဖြစ်တဲ့ ကင်မရာ၊ ပရိုဆက်ဆာပိုင်းတွေမှာ အတူတူပဲ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းတော့ ကွဲလွဲပါသေးတယ်။ Pixel 4 ဖုန်းတွေကို အလူမီနီယမ်ကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး နောက်ကျောဘက်မှာ glass-covered ဖြစ်ပါတယ်။
notch သာ မဖျောက်လိုက်တယ်။ အပေါ်ဘက်ဘောင်ကြီးကတော့ ကြီးတုံးပါဘဲ။ အဲ့ဒီဘောင်ထဲမှာတော့ sensor တွေကို ထည့်ပေးပါတယ်။ ပြီးတော့ Google အနေနဲ့ လက်ဗွေဖတ်စနစ်ကိုဖြုတ်ပြီး Face unlock စနစ်ကို သုံးလာတာပဲ ဖြစ်ပါတယ်။ ကင်မရာတွေကတော့ Dual Pixel autofocus သုံးထားတဲ့ 12MP sensor ကို သုံးထားပါတယ်။ ကင်မရာတွေမှာ optical နဲ့ electronic image stabilization တွေ ထည့်ထားပြီး  1.4µm pixels နဲ့ bright f/1.7 aperture တွေကိုပါ သုံးနိုင်မှာပါ။ နောက်ထပ်ကင်မရာတစ်ခုကတော့ 16 MP Telephoto lens ဖြစ်ပါတယ်။  optical နဲ့ digital focus ပေါင်းစပ်ထားတဲ့ 2x zoom ကို သုံးနိုင်ပါလိမ့်မယ်။ အစောပိုင်းသတင်းတွေ ထွက်ထားတဲ့ Motion Sense လို့ဆိုတဲ့ feature သစ်တစ်ခုကို ထည့်သွင်းလာပါတယ်။ Motion Sense မှာ Google ရဲ့ Project Soli နည်းပညာအသုံးပြုထားတဲ့အတွက် ဖုန်းရဲ့ display ရှေ့မှာ လက်နဲ့ဝှေ့ယမ်းလိုက်တာနဲ့ သီချင်းတွေကို ထိန်းချုပ်တာ၊ ဖုန်းခေါ်ဆိုမှုတွေ ထိန်းချုပ်တာလည်း ပြုလုပ်နိုင်ပါတယ်။ Motion Sense ကို ဘယ်အချိန်မဆို disable လုပ်နိုင်ပါသေးတယ်။ အဓိကကင်မရာဟာ 4K 30fps video capture နဲ့  120fps slow-motion mode တွေကို သုံးနိုင်ပါလိမ့်မယ်။ Pixel 4 အတွက်  8MP selfie ကိုသာ ထည့်ပေးထားပါတယ်။ 1.22μm pixel size, f/2.0 aperture, 90° FOV, 1080p 30fos video recording ပြုလုပ်နိုင်ပါလိမ့်မယ်။
ပရိုဆက်ဆာပိုင်းမှာတော့ Snapdragon 855 ကိုသာ သုံးထားပါတယ်။ plus မဟုတ်ပါဘူး။ 6GB RAM နဲ့ဖြစ်ပြီး အခြေခံမော်ဒယ်ကတော့  64GB storage ၊ ပိုမိုသုံးချင်တယ်ဆိုရင်တော့ 128GB ရှိပါတယ်။ ရေစိုဒဏ်ခံနိုင်စွမ်းအတွက် IP68 ကို ထောက်ပံ့ပေးပြီး Stereo speakers နဲ့ 3 microphones ပါဝင်တယ်။ Pixel 4 အတွက် ဘက်ထရီက 2800 mAh ဖြစ်ပြီး Pixel 4 XL အတွက် ဘက်ထရီက 3700 mAh ကို တပ်ဆင်ထားပါတယ်။ 18W fast charging, Qi wireless charging တို့ သုံးနိုင်မှာပါ။ ကွန်ရက်ချိတ်ဆက်မှုတွေအတွက်  4G VoLTE, WiFi 802.11ac 2x2MIMO (2.4/5 GHz), Bluetooth 5 LE, GPS, USB Type-C Gen 1 , NFC တွေ သုံးနိုင်မှာပါ။  Pixel 4 ရဲ့ 64GB နဲ့ 128GB Storage တွေကို 799 ဒေါ်လာနဲ့ 899 ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ 4 XL အတွက် 899 ဒေါ်လာနဲ့ 999 ဒေါ်လာ အသီးသီး ကျသင့်ပါတယ်။ ယခုလ 24 ရက်မှာ ရောင်းမှာပါ။
(2). Google Pixelbook Go 
Google ရဲ့ ထိတွေ့မျက်နှာပြင်နဲ့ ChromeOS ပါတဲ့ Pixelbook Go Laptop ကိုပါ မြင်လိုက်ရပါတယ်။ ယခုနှစ်ထုတ် Pixelbook Go ဟာ 2017 ထုတ် မော်ဒယ်ထက် ဘက်ထရီစွမ်းအားပိုင်းမှာ ပိုကြီးတာကို သုံးထားပါတယ်။ သို့ပေမယ့် ပေါ့ပါးစေဖို့ ဒီဇိုင်းသစ်ဖြစ်တဲ့ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ အလေးချိန် 2 ပေါင်ပဲရှိပြီး အထူ 13 မီလီမီတာပဲ ရှိပါတယ်။ Google Pixelbook Go မှာ 13.3-inch FULL HD  ကို သုံးပေးထားပါတယ်။ ကီးဘုတ်ပိုင်းအတွက် Hush keys ဖြစ်တဲ့  Full size backlit keyboard ကို တပ်ဆင်ပေးထားပါတယ်။ f/2.0 aperture နဲ့ 2MP Duo ကင်မရာကို သုံးနိုင်မှာဖြစ်ပြီး 1080p videos တွေကို 60fps နဲ့ ဖမ်းယူနိုင်ပါလိမ့်မယ်။ Ambient Light sensor, Magnetic sensor တို့နဲ့အတူ 3.5mm headphone jack ၊ display output နဲ့ Type-C charging ပိုင်းမှာ အသုံးပြုနိုင်ဖို့အတွက် USB 2 ခု ထည့်ပေးထားပါတယ်။ display ဟာ 2 မျိုးဖြစ်ပြီး 4K Ultra HD Molecular Display (3830 x 2160 pixels) ကိုလည်း တွေ့ရမှာပါ။ ပရိုဆက်ဆာပိုင်းမှာတော့  8th Gen Intel Core i7 Processor ဖြစ်ပြီး 4K Resolution ၊ 16GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။
Dual စပီကာတွေက ဘေးဘက်မှာ ခပ်ရှည်ရှည်ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ ChromeOS က သွက်လက်ပေါ့ပါးပါတယ်။ လုံခြုံရေးပိုင်းအတွက် Titan-C security chip ကို သုံးထားပါတယ်။ သူ့မှာ FIDO authenticator ကို built-in ထည့်ပေးထားပါတယ်။ 1080p Webcam နဲ့ အရှေ့ကို မျက်နှာမူထားတဲ့ စပီကာနှစ်ခု ထည့်ထားပါတယ်။ ပုံမှန် FULL HD display အတွက် ဘက်ထရီက 47Wh ဖြစ်ပြီး 4K display အတွက်က  56Wh ဘက်ထရီကို သုံးပေးထားပါတယ်။ အားသွင်းဖို့ကတော့ 45W charge adapter ကို ထည့်ပေးထားမှာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းက 12 နာရီဖြစ်ပြီး မိနစ် 20 အားသွင်းရင် 2 နာရီ အသုံးခံပါတယ်။ တန်ဖိုးသင့်မော်ဒယ်ကတော့ Intel Core m3 နဲ့အတူ 8GB RAM ကို သုံးထားပြီး 64GB Storage တွေနဲ့ပါ 649 ဒေါ်လာ သတ်မှတ်ထားပါတယ်။ တန်ဖိုးအကြီးဆုံးမော်ဒယ်မှာ Core i7, 16GB RAM နဲ့ 256GB Storage ထည့်ထားပြီး 1399 ဒေါ်လာ ကျသင့်ပါတယ်။
(3). Google Pixel Buds 2
Google အနေနဲ့ ဒုတိယမျိုးဆက် Google Pixel Buds 2 ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ပွဲအတွင်းမှာ Google က Pixel Buds 2 ဒီဇိုင်းနဲ့ feature တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Pixel Buds မှာ အသံနဲ့ ထိန်းချုပ်နို်င်တဲ့ Google Assistant လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေမှာလို သီချင်းထိန်းချုပ်မှုတွေနဲ့ ဘာသာပြန်တာအပြင် အခြားလုပ်ဆောင်ချက်တွေ လုပ်နိုင်ဖွယ် ရှိပါတယ်။ နားကြပ်ကို နားထဲလုံခြုံစွာ ထည့်ထားနိုင်ဖို့ fin ဒီဇိုင်းကို အသုံးပြုထားပါတယ်။ နားကြပ်ရဲ့ hybrid ဒီဇိုင်းက သီးခြားဖြစ်မှုကို ပေးစွမ်းနိုင်မှာပါ။
နားကြပ်မှာ ပြင်ပပတ်ဝန်းကျင်အသံကို ကြားနိုင်ဖို့ အထူးပြုလုပ်ထားတဲ့ လေဝင်လေထွက်ပေါက်ပါဝင်ပြီး ပတ်ဝန်းကျင်အသံဆူညံမှုအပေါ်မူတည်ပြီး အသံကြားနိုင်အောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် သုံးစွဲသူက သီချင်းနားထောင်နေတဲ့အချိန် အသံအတိုးအကျယ်ခလုတ်ကို လက်နဲ့ထိစရာမလိုဘဲ ထိန်းချုပ်နိုင်အောင် software နဲ့ ပြုလုပ်ပေးထားပါတယ်။ Pixel buds 2 ကို အားတစ်ခါသွင်းရင် 5 နာရီအထိ အသုံးပြုနိုင်ပြီး ဘက်ထရီ case အပါအဝင် ဘက်ထရီအားပမာဏ 24 နာရီအထိ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Pixel Buds 2 ကို 179 ဒေါ်လာနဲ့ 2020 ခုနှစ်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Pixel Buds ကို အနက်၊ အဖြူ၊ အစိမ်းနဲ့ အနက်ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။
(4). Daydream VR
Daydream ဟာ Android ရဲ့ built-in virtual reality platform ဖြစ်ပြီး အခုအခါမှာ Google အနေနဲ့ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Google ဟာ Daydream View headset တွေရောင်းချမှုကို ရပ်တန့်ခဲ့ပါတယ်။ ယခုနှစ် Event မှာ Google ဘက်က Pixel 4 နဲ့ Pixel 4 XL အတွက် Daydream မထောက်ပံ့ထားဘူးလို့ ပြောခဲ့ပါတယ်။ အနာဂတ် Android ထုတ်ကုန်တွေအတွက် Daydream ကို ထောက်ပံ့ဖို့ အစီအစဉ်မရှိဘူးလို့ Google က ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ Daydream app နဲ့ store ကို ဆက်လက်ထားရှိသွားပါမယ်။ Pixel 4 မှာ Daydream ထောက်ပံ့မှုမပါဝင်ပေမယ့် Pixel 3 ကတော့ Google Daydream View headset နဲ့တွဲသုံးဖို့ တည်ဆောက်ထားတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Pixel 4 နည်းပညာ အသေးစိတ်အချက်အလက် စာမျက်နှာမှာတော့ ARCore နဲ့ အသုံးပြုနိုင်တယ်လို့ ဖော်ပြထားပေမယ့် Daydream View ကိုတော့ မသုံးနိုင်ဘူးလို့ Google Store မှာ ရေးသားထားပါတယ်။
(5). Pixel 4  {VS}  Galaxy Note 10 : Biggest Letdowns And Best Killer Features Right Now
Google ရဲ့ Pixel 4 စမတ်ဖုန်းနဲ့ Galaxy Note 10 တို့မှာ ဘယ်လိုကွာခြားချက်တွေ ရှိနေသလဲ။ features ပိုင်းတွေမှာရော ဘယ်သူက ပိုသာနေသလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။
(6). Screen  {VS}  Screen : How Important Is A 90Hz Display ?
Samsung ရဲ့ Note 10 ဖုန်းမှာ 6.3-inch display ကို သုံးထားပြီး Pixel 4 ဖုန်းမှာတော့ 5.7-inch screen နဲ့ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် display ပိုင်းမှာ Note 10 က ပိုမိုကျယ်ပြန့်တယ်လို့ ခံစားရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ အတိုင်းအတာတွေ ပြောနေလို့ မရပါဘူး။ ဘာကြောင့်လဲဆိုရင် Google ဟာ software setting ထဲမှာ 90Hz screen rate ကို ထည့်ပေးထားပါတယ်။ 90Hz ကြောင့် scrolling, transitions နဲ့ gaming  ပိုင်းတွေမှာ ပိုသွက်လက်တာကို ခံစားရမှာပါ။ ဒီ feature လောက်နဲ့တော့ Pixel က ပိုကောင်းတယ်လို့ ပြောလို့ မရနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် 90Hz refresh rate နဲ့ပတ်သတ်ပြီး ပြောနေကြတဲ့အချက် ရှိပါသေးတယ်။ အဲဒါကတော့ ဘက်ထရီအကုန်မြန်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ သင့်အတွက် စိုးရိမ်စရာကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ 90Hz refresh rate ကို လိုအပ်တဲ့အချိန်  settings ထဲမှာ On ထားနိုင်ပြီး မသုံးချင်တဲ့အချိန် off လုပ်ထားလိုက်ရုံပါဘဲ။ ROG Phone II gaming phone တွေ  OnePlus 7 Pro နဲ့ OnePlus 7T လိုဖုန်းတွေမှာ 90Hz screen ကိုသုံးထားပြီး Samsung ဖုန်းမှာ ဘာလို့ မသုံးသေးလဲဆိုတာ စဉ်းစားစရာပါ။
(7). Pixel 4’s Face Unlock Beats The Note’s In-Screen Fingerprint Scanner
ဒီအပိုင်းကတော့ ပြောစရာတွေ ရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်မှာ Pixel 4 ရဲ့  face unlock ကလည်း အနည်းငယ်ပြဿနာတက်လျက် ရှိနေပါတယ်။ Google အတွက်တော့ ဒါဟာ အတော်ဖြေရှင်းရမယ့်ကိစ္စတစ်ခု ဖြစ်ပါတယ်။ OS နည်းပညာကုမ္ပဏီကြီးအနေနဲ့ ပုံမှန်  fingerprint scanner  ကို လုံးဝဖယ်ရှားပစ်ပြီး face unlock စနစ်ကို ကူးပြောင်းသုံးစွဲလိုက်လို့ပဲ ဖြစ်ပါတယ်။ Android OS တွေမှာ face unlock ကို default ထည့်ထားပေးတယ်ဆိုပေမယ့် အခု Pixel က သုံးလာတဲ့ face unlock နဲ့တော့ မတူပါဘူး။ ပြီးခဲ့တဲ့ရက်ကအထိတော့ Note 10 မှာပါတဲ့ in-screen fingerprint reader ထက်ပိုတိကျတယ်လို့ ဆိုပါတယ်။
Google အနေနဲ့ Pixel 4 ဖုန်းတွေရဲ့ အပေါ် bezel မှာ အဆင့်မြင့်အာရုံခံစနစ်တွေ သုံးထားတဲ့ ကိုယ်ပိုင် Face Unlock စနစ် ထည့်သွင်းထားပြီး ဒီနည်းပညာဟာ Apple ရဲ့ Face ID စနစ်နဲ့ ဆင်ပါတယ်။ တစ်ခုရှိတာက Google ရဲ့ Face Unlock ဟာ မျက်လုံးပိတ်ထားချိန်မှာတောင် အလုပ်နေတာပါ။ Pixel 4 စီးရီးရဲ့ Default Settings ကိုသုံးပြီး Face Unlock စမ်းကြည့်ချိန်မှာ သုံးစွဲသူဟာ အိပ်ချင်ယောင်ဆောင်နေချိန်မှာတောင် lock ပွင့်နေတာ ဖြစ်ပါတယ်။
(8). Pixel 4 Is Stingy On Battery Life And Storage
ဘက်ထရီသက်တမ်းနဲ့ သိုလှောင်မှုဆိုတဲ့အပိုင်းကို ကြည့်မယ်ဆိုရင်တော့ လက်ရှိအချိန်မှာ ဖုန်းထုတ်လုပ်သူအများစုဟာ ဘက်ထရီအားခံဖို့နဲ့ storage များများပေးနိုင်ဖို့အတွက်ကို ဦးစားပေးလာပါတယ်။ Note 10 မှာပါဝင်တဲ့ ဘက်ထရီက 3500 mAh ပါ။ Pixel 4 XL မှာ သုံးထားတာကတော့ 3700 mAh ဖြစ်ပါတယ်။ Note 10 Plus မှာ သုံးထားတာကတော့ 4300 mAh ပါ။ တစ်နည်းအားဖြင့်  Pixel ဖုန်းတွေဟာ ဘက်ထရီဟာ Note ထက် ပိုနည်းပါတယ်။ ဘက်ထရီသက်တမ်းကလည်း ပိုကောင်းပါသေးတယ်။ သိုလှောင်မှုပိုင်းမှာလည်း Google အနေနဲ့ Samsaung ကိုယှဉ်ဖို့ ခက်မှာပါ။ Pixel 4 models တွေမှာ 64GB နဲ့ 128GB options ဆိုပြီးသာ ရွေးချယ်နိုင်မှာဖြစ်ပြီး Note 10 တွေကတော့ 256GB onboard storage နဲ့ လာတာပါ။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Pixel 4 Made By Google : Biggest Event Of The Year
(1). Pixel 4 & 4 XL
(2). Google Pixelbook Go 
(3). Google Pixel Buds 2
(4). Daydream VR