Nikon D850 ကတော့ multimedia DSLR ဖြစ်ကာ robust stills capabilities နှင့်အတူ apt movie အပြင် time-lapse recording တွေကိုပါ ပေးစွမ်းတာ ဖြစ်ပါတယ်။  45.7MP BSI CMOS sensor နှင့် EXPEED 5 image processor တို့ကို ထည့်သွင်းအသုံးပြုပေးထားကာ D850 ဟာ ပုံရိပ်တွေကို အသေးစိတ်တိကျတဲ့အပြင် မြင့်မားတဲ့အရည်အသွေးနဲ့ ရိုက်ကူးနိုင်တာကြောင့် အသုံးပြုသူ စိတ်ကြိုက်ဖြစ်စေပါတယ်။ Sensor ရဲ့ back-illuminated design က အလင်းရောင်ကောင်းကောင်းမရတဲ့ အနေအထားမှာတောင် အသေးစိတ်တိကျစွာ ရိုက်ကူးနိုင်စေရန် ဖန်တီးပေးထားကာ 8K time-lapse recording mode အပြင် နောက်ထပ် specialized recording modes တွေကိုလည်း digitizing film negatives နှင့် focus stacking applications တို့အတွက် ထည့်သွင်းပေးထားပါတယ်။
အဆင့်မြင့် Multi-CAM 20K 153-point AF system ပါရှိကာ ကြီးမားတဲ့ optical pentaprism က ကျယ်ပြန့်တဲ့မြင်ကွင်းကို ပေးစွမ်းပါတယ်။ 0.75x magnification ကတော့ ဓာတ်ပုံဆရာတွေအတွက် shooting ရိုက်ရင်် လိုအပ်တဲ့ စစ်မှန်တဲ့ မြင်ကွင်းကို တောက်ပပြီး ကြည်လင်စွာ ပေးစွမ်းမှာပါ။ 3.2″ 2.36m-dot LCD touchscreen ကိုတော့ live view shooting ၊ playback နှင့် menu navigation တွေအတွက် ပေးစွမ်းမှာဖြစ်ကာ tilting design ကြောင့် အမြင့်၊ အနိမ့် ဒေါင့်ချိုးတွေကနေ အလုပ်လုုပ်တဲ့အခါလည်း အဆင်ပြေစေပါတယ်။
အခြားသော features တွေအနေနဲ့ Built-in SnapBridge connectivity ၊ Faster wireless transfer ၊ Negative Digitizer mode ၊ Focus Shift Mode အစရှိတာတွေအပြင် အခြားသော အဆင့်မြင့်လုပ်ဆောင်ချက်တွေ စုံလင်စွာပါဝင်ပြီး တန်ဖိုးကတော့ USD 2945 ကျသင့်မှာဖြစ်ပြီး Nikon Showroom, Ph : 01-397617 တွင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Nikon D850