မေး – အစ်ကိုရေ တစ်ခုလောက်မေးချင်လို့ပါ။ နောက်ပိုင်း Android ဖုန်းတွေမှာ RAM တွေများလာတာကို တွေ့ရပါတယ်။ RAM များတိုင်း ဖုန်းရဲ့လုပ်ဆောင်မှုတွေကို ပိုပြီးကောင်းမွန်စေပါသလားခင်ဗျာ။
ဖြေ – ဟုတ်ကဲ့။ ဖုန်းတစ်လုံးအသုံးပြုရတာမြန်ဆန်ဖို့အတွက် RAM က အလွန်ကို အရေးပါပါတယ်။ RAM များတဲ့ဖုန်းများဟာ အသုံးပြုသူအတွက် အလွန်ကို အဆင်ပြေစေပါတယ်။
မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းရဲ့ Sim Card လိုင်းတိုင်လေးတွေက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေလို့ပါ။ ဘယ်လိုလုပ်ရမလဲအစ်ကိုရေ။
ဖြေ – ဟုတ်ကဲ့။ မင်္ဂလာပါ။ Sim card လည်း စမ်းကြည့်ပါ။ မရရင် Sim card အထိုင်မကောင်းရင်လည်း ဖြစ်တတ်ပါတယ်။ Sim သိပြီး လိုင်းတိုင်က ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေရင် Network လိုင်းပိုင်း စစ်ဆေးရမှာပါခင်ဗျာ။ ဖုန်းပြင်ဆိုင်မှာ ပြကြည့်တာက ပိုကောင်းပါလိမ့်မယ်။
မေး – မင်္ဂလာပါအစ်ကိုရေ။ Facebook သုံးရင် Video File တွေက Auto Play ဖြစ်နေလို့ပါ။ ဘယ်လိုပိတ်ရမှာပါလဲခင်ဗျာ။
ဖြေ – Facebook မှာ Auto play ပိတ်ချင်ရင်တော့ အဆင့်လေးဆင့်လုပ်ရပါမယ်။ ပြီးတော့ Facebook app ကလည်း နောက်ဆုံး Update ဖြစ်မှ လုပ်လို့ရမှာပါ။ (1). Facebook Settings ထဲကို ဝင်လိုက်ပါ။ (2). Media and Contacts ကို ရှာပြီးဝင်ပါ။ (3). Autoplay ထဲကို ထပ်ဝင်လိုက်ပါ။ (4). Never Autoplay Videos ထားပါ။ အဆင်ပြေပါစေခင်ဗျာ။
မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့် iCloud အကောင့်ကို မေ့သွားလို့ပါ။ ဘယ်လိုပြန်လုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ – ဟုတ်ကဲ့။ မင်္ဂလာပါခင်ဗျာ။ iCloud အကောင့်မေ့သွားရင် Lock ကျသွားတက်ပါတယ်။ iCloud ပြန်ကျော်ပေးရပါမယ်။ နီးစပ်ရာ Apple Service မှာ ပြကြည့်သင့်ပါတယ်။
မေး – အစ်ကိုရေ ကျွန်တော့်ရဲ့ Apple ID ကို မေ့သွားလို့ပါခင်ဗျာ။ ဘယ်လိုပြန်လုပ်ရမှာပါလဲ။ ကူညီပေးပါဦး။
ဖြေ – ဟုတ်ကဲ့။ Apple ID ကို မေ့သွားရင်တော့ အသစ်ပြန်ဖွင့်တာက ပိုအဆင်ပြေပါလိမ့်မယ်။ ID ကို Recovery ပြန်လုပ်တာက စာနဲ့ရှင်းပြဖို့ သိပ်မလွယ်ကူတာကြောင့်ပါခင်ဗျာ။
မေး – အစ်ကိုရေ ကျွန်တော်စက်လေးလို့ဆိုပြီး Reset ချလိုက်ပါတယ်။ Logo ပေါ်လာပြီး ရှေ့ဆက်မသွားတော့လို့ ဘာဖြစ်တာပါလဲခင်ဗျာ။ အကြံပေးပါဦးအစ်ကိုရေ။
ဖြေ – Software ပြန်ရေးကြည့်ရပါမယ်ခင်ဗျာ။ Software ရေးကြည့်ရင် ကောင်းဖို့က 50 ပါ။ မကောင်းဖို့လည်း 50 ပါ။ Software ရေးလို့မရရင်တော့ Hardware ပိုင်းစစ်ရမှာပါ။ Service ဆိုင်တွေမှာ Software တင်ခိုင်းကြည့်ပါခင်ဗျာ။
မေး – အစ်ကိုရေ နောက်ထွက်ဖုန်းတွေမှာပါလာတဲ့ AI နည်းပညာဆိုတာ ဘာကိုပြောတာပါလဲခင်ဗျာ။ ရှင်းပြပေးပါဦး။ ကျေးဇူးတင်ပါတယ်။
ဖြေ – ဟုတ်ကဲ့။ Model မြင့်ဖုန်းများအတွက် ပိုမိုအသုံးပြုရလွယ်ကူစေရန် ထည့်သွင်းပေးထားသော နည်းပညာတစ်မျိုးပါခင်ဗျာ။ ဥပမာ စက်ရုပ်အသေးစားလေးတစ်ရုပ်လိုပါ။ AI (Artificial Intelligence) Local ထဲမှာတော့ AI အကြောင်းပြောထားတာ သိပ်မတွေ့ရသေးလို့ ကျွန်တော်လည်း AI အကြောင်းကို စိတ်ဝင်စားပါတယ်။ သို့သော် AI ရဲ့ အကြောင်းအရာကို တွင်တွင်ကျယ်ကျယ်ပိုသိချင်ပါက Wikipedia မှာ ရှာကြည့်စေချင်ပါတယ်ခင်ဗျာ။
မေး – အစ်ကိုရေ ဖုန်းတွေမှာပါတဲ့ Qualcomm ဆိုတာက ဘာကိုပြောတာပါလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဖြေ – Qualcomm CPU ဆိုတာကတော့ (Central Processing Unit) Phone Hardware အစိတ်ပိုင်းတစ်ခုဖြစ်ပြီး Firmware နှင့် User Data များကို သိုလှောင်ပေးတဲ့ IC လေးကို မြန်နှုန်းမြင့်အောင် ထောက်ပံ့ထိန်းချုပ်ပေးသော Chispset ဖြစ်ပါတယ်။ စျေးကြီးတဲ့ Phone များမှာ Qualcomm CPU (အရည်အသွေးမြင့်) များသာ အသုံးများပါတယ်ခင်ဗျာ။
မေး – မင်္ဂလာပါအစ်ကိုရေ။ နောက်ပိုင်း Samsung ဖုန်းတွေမှာ တွေ့ရတဲ့ 1TB ဆိုတာက ဘယ်လောက် GB ပြောတာပါလဲခင်ဗျာ။
ဖြေ – မင်္ဂလာပါခင်ဗျာ။ 1TB ဆိုတာက 1000GB ပါခင်ဗျာ။ ဖုန်းတွေမှာ 1TB သုံးတာကို မတွေ့ရသေးပါခင်ဗျာ။
Rainbow Mobile Services & Training (သာကေတ) ဖုန်း- 09-694069696, 09-781869456 မှ ကူညီပံ့ပိုး ပါသည်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ