အမေရိကန်နည်းပညာကုမ္ပဏီ Apple ဟာ သူတို့ရဲ့ iDevice တွေရောင်းအားကောင်းရေးအတွက် ဗျူဟာ မျိုးစုံသုံးပါတယ်။ ၎င်းတို့ဟာဈေးနှုန်းလျှော့ချမှုအပါအဝင် အခြားဈေးကွက်များကိုလည်းသုံးပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာကြေညာထားတဲ့ iPhone 11 စီးရီးက Apple ပရိသတ်တွေ မျှော်မှန်းထားသလောက် အဆင့်မြင့်စနစ်များပါဝင်လာခြင်းမရှိပါဘူး။ အထူးသဖြင့် 5G ထောက်ပံ့ထားခြင်းမရှိမှုဖြစ်ပါတယ်။ အခြား တစ်ဖက်မှာ iPhone 11 က အံ့ဩစရာကောင်းလောက်အောင် ယမန်နှစ်ထွက် iPhone XR ထက် ဈေးနူန်းဒေါ်လာ 50 လျှော့သတ်မှတ်ထားပါတယ်။ Jingdongရဲ့ Pre-Sale Data အရ iPhone 11 စီးရီးကယမန်နှစ် iPhone XS စီးရီးထက် ရောင်းအား 480 ရာခိုင်နူန်းမြင့်မားကြောင်းတွေ့ရပါတယ်။ အခြားတစ်ဖက်မှာ ဈေးကွက်လေ့လာ စူးစမ်းသူများကလည်း iPhone 11 စီးရီးရောင်းအားကမြင့်တက်နေကြောင်းဆိုကြပါတယ်။

UBS က iPhone 11 စီးရီးရောင်းအား အထူးကောင်းမွန်နေကြောင်းဆိုသွားပါတယ်။ အထူးသဖြင့် ယမန်နှစ်တုန်းက အောင်မြင်မှုထင်သလောက်မရခဲ့တဲ့ တရုတ်ဈေးကွက်မှာရောင်းအားကောင်းနေကြောင်း ဆိုသွားပါတယ်။ iPhone 11 စီးရီးဟာ တရုတ်ဈေးကွက်မှာ စက်တင်ဘာလရောင်းအားက ယမန်နှစ်တုန်းက ထက် ရောင်းအား 230 ရာခိုင်နူန်းအထိမြင့်တက်ခဲ့ကြောင်း ဆိုသွားပါတယ်။  Apple ဟာ တရုတ်ဈေးကွက်မှာ Trade-in Service ကို စတင်လုပ်ဆောင်လာမှုက iPhone 11 စီးရီးရောင်းအားကောင်းစေမှုရဲ့ အဓိကသော့ချက် လည်းဖြစ်ပါတယ်။

Apple ဟာ iPhone 7 ကဲ့သို့ သုံးနှစ်သက်တမ်းရှိဖုန်းအထိ iPhone များကို အလဲအထပ် လက်ခံနေတာ လည်းဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

စက္တင္ဘာလတြင္ iPhone 11 စီးရီးေရာင္းအား 230 ရာခိုင္ႏူန္းအထိျမင့္တက္

အေမရိကန္နည္းပညာကုမၸဏီ Apple ဟာ သူတို႔ရဲ့ iDevice ေတြေရာင္းအားေကာင္းေရးအတြက္ ဗ်ဴဟာ မ်ိဳးစုံသုံးပါတယ္။ ၎တို႔ဟာေဈးႏွုန္းေလၽွာ့ခ်မွုအပါအဝင္ အျခားေဈးကြက္မ်ားကိုလည္းသုံးပါတယ္။ ဒါေပမဲ့ ယခုႏွစ္မွာေၾကညာထားတဲ့ iPhone 11 စီးရီးက Apple ပရိသတ္ေတြ ေမၽွာ္မွန္းထားသေလာက္ အဆင့္ျမင့္စနစ္မ်ားပါဝင္လာျခင္းမရွိပါဘူး။ အထူးသျဖင့္ 5G ေထာက္ပံ့ထားျခင္းမရွိမွုျဖစ္ပါတယ္။ အျခား တစ္ဖက္မွာ iPhone 11 က အံ့ဩစရာေကာင္းေလာက္ေအာင္ ယမန္ႏွစ္ထြက္ iPhone XR ထက္ ေဈးႏူန္းေဒၚလာ 50 ေလၽွာ့သတ္မွတ္ထားပါတယ္။ Jingdongရဲ့ Pre-Sale Data အရ iPhone 11 စီးရီးကယမန္ႏွစ္ iPhone XS စီးရီးထက္ ေရာင္းအား 480 ရာခိုင္ႏူန္းျမင့္မားေၾကာင္းေတြ႕ရပါတယ္။ အျခားတစ္ဖက္မွာ ေဈးကြက္ေလ့လာ စူးစမ္းသူမ်ားကလည္း iPhone 11 စီးရီးေရာင္းအားကျမင့္တက္ေနေၾကာင္းဆိုၾကပါတယ္။

UBS က iPhone 11 စီးရီးေရာင္းအား အထူးေကာင္းမြန္ေနေၾကာင္းဆိုသြားပါတယ္။ အထူးသျဖင့္ ယမန္ႏွစ္တုန္းက ေအာင္ျမင္မွုထင္သေလာက္မရခဲ့တဲ့ တ႐ုတ္ေဈးကြက္မွာေရာင္းအားေကာင္းေနေၾကာင္း ဆိုသြားပါတယ္။ iPhone 11 စီးရီးဟာ တ႐ုတ္ေဈးကြက္မွာ စက္တင္ဘာလေရာင္းအားက ယမန္ႏွစ္တုန္းက ထက္ ေရာင္းအား 230 ရာခိုင္ႏူန္းအထိျမင့္တက္ခဲ့ေၾကာင္း ဆိုသြားပါတယ္။ Apple ဟာ တ႐ုတ္ေဈးကြက္မွာ Trade-in Service ကို စတင္လုပ္ေဆာင္လာမွုက iPhone 11 စီးရီးေရာင္းအားေကာင္းေစမွုရဲ့ အဓိကေသာ့ခ်က္ လည္းျဖစ္ပါတယ္။

Apple ဟာ iPhone 7 ကဲ့သို႔ သုံးႏွစ္သက္တမ္းရွိဖုန္းအထိ iPhone မ်ားကို အလဲအထပ္ လက္ခံေနတာ လည္းျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)