Xiaomi ဟာ Monitor နှစ်ခုကို ကြေညာလာပါတယ်။ တစ်ခုက Xiaomi Monitor ဖြစ်ပြီး မျက်နှာပြင် 23.8 လက်မ FHD+ ရုပ်ထွက် သုံးထားပါတယ်။ ကျန်တစ်ခုက Curved Screen Gaming Display ဖြစ်ပြီး မျက်နှာပြင် 34 လက်မ ရှိပါတယ်။

Xiaomi Monitor 23.8 Inch

23.8 လက်မ Xiaomi Display က စတုရန်းကွက် ဖြစ်ပါတယ်။ ဒီဇိုင်းက Dell Model နဲ့ ဆင်တူပါတယ်။ မျက်နှာပြင်ကို လိုသလိုလှည့်နိုင်အောင် လုပ်ဆောင်ထားပေမယ့် အမြင့်သို့ မြင့်လိုတော့ မရပါဘူး။ ကျောဘက်မှာ HDMI ပေါက်နဲ့ ပါဝါပေါက်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် Mi Logo လည်း ပါဝင်ပါတယ်။ IPS Screen သုံးထားကာ FHD+ ရုပ်ထွက် ထောက်ပံ့ထားပါတယ်။ 178 ဒီဂရီမြင်ကွင်းကျယ် ထောက်ပံ့ထားပါတယ်။

Xiaomi Surface Display 34 Inch

Xiaomi Surface Display မှာ ကြီးမားတဲ့မျက်နှာပြင် 34 လက်မ ပါဝင်ပါတယ်။ 21:9 Aspect Ratio သုံးထားကာ 3440 x 1440 Resolution ထောက်ပံ့ထားသလို 144Hz Refresh Rate ၊ 1500R Curvaure ၊ AMD Freesync ၊ Low-Blu Ray Mode ၊ 121%s RGB Color Gamut ထောက်ပံ့ထားပါတယ်။ ဒီ Monitor မှာတော့ မျက်နှာပြင်ကို လိုသလိုရွေ့နိုင်အောင် လုပ်ထားသလို မြှင့်လို့လည်း ရပါတယ်။ Xiaomi Curved Display ကို Samsung က လုပ်ဆောင်ထားတာဖြစ်ပြီး 23.8 လက်မ မော်ဒယ်ရုပ်ထွက်ကို BOE က လုပ်ဆောင်ထားပါတယ်။

Xiaomi Surface Display ရဲ့ ဈေးနူန်းက ဒေါ်လာ 353 ဖြစ်ပြီး 23.8 လက်မ မော်နီတာဈေးနူန်းက 99 ဒေါ်လာ ဖြစ်ပါတယ်။ မော်နီတာနှစ်ခုလုံးကို လာမယ့်အောက်တိုဘာလ 21 ရက်နေ့မှာ တရုတ်မှာ စတင်ရောင်းချပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Xiaomi Monitor နဲ့ Xiaomi Surface Display တို့အားကြေညာလာ






