ယခုနှောင်းပိုင်းမှာXiaomi Mi CC9 ရဲ့ မိသားစုသစ်တစ်လုံးကို ကြေညာလာဦးမှာဖြစ်ပါတယ်။ Xiaomi Mi CC9 Pro ဖြစ်ပါတယ်။ ယနေ့မှာXiaomiMi CC9 Pro မှာအသုံးပြုလာမယ့် စနစ်များနဲ့ ဈေးနူန်းပေါက်ကြားလာပါတယ်။
XiaomiMi CC9 Pro မှာမျက်နှာပြင် 6.4 လက်မ FHD+ AMOLED ရုပ်ထွက်သုံးလာမှာဖြစ်ပြီး Waterdrop Notch ပါဝင်လာပါမယ်။ In-Display Fingerprint Scanner ပါဝင်လာပါမယ်။ Snapdragon 730G Proecessorနဲ့ ပါဝါထောက်ပံ့လာပါမယ်။ RAM6GB နဲ့ Storage 128GB ပါဝင်ပါမယ်။

XiaomiMi CC9 Pro ကို ဈေးကွက်မှာလူစိတ်ဝင်စားလာစေမယ့်အချက်ကတေ့ ကင်မရာပိုင်းဖြစ်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးပါဝင်မှာဖြစ်ပြီး အဓိကကင်မရာက 108MP ဖြစ်ပါတယ်။ Mi Mix Alpha ပြီးနောက် 108MP ကင်မရာပါဝင်တဲ့ ဒုတိယမြောက်စမတ်ဖုန်းဖြစ်လာပါမယ်။ ဒုတိယကင်မရာက 13MP Ultrawide ဖြစ်ပြီး တတိယကင်မရာက 8MP Telephoto ဖြစ်ပါတယ်။ Waterdrop Notch မှာ ရှေ့ကင်မရာ 32MP ကို ထည့်သွင်း ထားမှာဖြစ်ပါတယ်။

Xiaomi Mi CC9 Pro မှာ ဘက်ထရီ 4000 mAh ပါဝင်လာမှာဖြစ်ပြီး 27W Fast Charging နဲ့ ပါဝါ ထောက်ပံ့လာနိုင်ပါတယ်။ Android 10 တပါတည်း ပါဝင်လာမှာဖြစ်ပြီး NFC ၊ IR Blaster တို့ ပါဝင်ပါမယ်။  ဖုန်း အလေးချိန်က 180 ဂရမ်ရှိလာမယ်လို့ သိရပါတယ်။

Mi CC9 Pro မှာ 108MP ကင်မရာသုံးထားတာနဲ့အညီ ဈေးနူန်းမသက်သာပါဘူး။ ဈေးနူန်းဒေါ်လာ 367 ဖြစ်လာ ပါမယ်။

Xiaomi Mi CC9 Pro ကို ဘယ်တော့မိတ်ဆက်မယ်ဆိုတာမသိရသေးပါဘူး။ ဒါပေမယ့် လာမယ့်အပတ်မှာ Xiaomi ကြေညာလာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Xiaomi Mi CC9 Pro တြင္ သုံးလာမည့္စနစ္မ်ားႏွင့္ ေဈးႏူန္းေပါက္ၾကားလာ

ယခုေႏွာင္းပိုင္းမွာXiaomi Mi CC9 ရဲ့ မိသားစုသစ္တစ္လုံးကို ေၾကညာလာဦးမွာျဖစ္ပါတယ္။ Xiaomi Mi CC9 Pro ျဖစ္ပါတယ္။ ယေန႔မွာXiaomiMi CC9 Pro မွာအသုံးျပဳလာမယ့္ စနစ္မ်ားနဲ႔ ေဈးႏူန္းေပါက္ၾကားလာပါတယ္။
XiaomiMi CC9 Pro မွာမ်က္ႏွာျပင္ 6.4 လက္မ FHD+ AMOLED ႐ုပ္ထြက္သုံးလာမွာျဖစ္ၿပီး Waterdrop Notch ပါဝင္လာပါမယ္။ In-Display Fingerprint Scanner ပါဝင္လာပါမယ္။ Snapdragon 730G Proecessorနဲ႔ ပါဝါေထာက္ပံ့လာပါမယ္။ RAM6GB နဲ႔ Storage 128GB ပါဝင္ပါမယ္။

XiaomiMi CC9 Pro ကို ေဈးကြက္မွာလူစိတ္ဝင္စားလာေစမယ့္အခ်က္ကေတ့ ကင္မရာပိုင္းျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံးပါဝင္မွာျဖစ္ၿပီး အဓိကကင္မရာက 108MP ျဖစ္ပါတယ္။ Mi Mix Alpha ၿပီးေနာက္ 108MP ကင္မရာပါဝင္တဲ့ ဒုတိယေျမာက္စမတ္ဖုန္းျဖစ္လာပါမယ္။ ဒုတိယကင္မရာက 13MP Ultrawide ျဖစ္ၿပီး တတိယကင္မရာက 8MP Telephoto ျဖစ္ပါတယ္။ Waterdrop Notch မွာ ေရွ႕ကင္မရာ 32MP ကို ထည့္သြင္း ထားမွာျဖစ္ပါတယ္။

Xiaomi Mi CC9 Pro မွာ ဘက္ထရီ 4000 mAh ပါဝင္လာမွာျဖစ္ၿပီး 27W Fast Charging နဲ႔ ပါဝါ ေထာက္ပံ့လာနိုင္ပါတယ္။ Android 10 တပါတည္း ပါဝင္လာမွာျဖစ္ၿပီး NFC ၊ IR Blaster တို႔ ပါဝင္ပါမယ္။ ဖုန္း အေလးခ်ိန္က 180 ဂရမ္ရွိလာမယ္လို႔ သိရပါတယ္။

Mi CC9 Pro မွာ 108MP ကင္မရာသုံးထားတာနဲ႔အညီ ေဈးႏူန္းမသက္သာပါဘူး။ ေဈးႏူန္းေဒၚလာ 367 ျဖစ္လာ ပါမယ္။

Xiaomi Mi CC9 Pro ကို ဘယ္ေတာ့မိတ္ဆက္မယ္ဆိုတာမသိရေသးပါဘူး။ ဒါေပမယ့္ လာမယ့္အပတ္မွာ Xiaomi ေၾကညာလာဖို႔ ရွိပါတယ္။

NetGuide Journal (Every Wednesday)