Vivo U3 ကို ကြေညာရခြင်းမရှိသေးပါဘူး။ အလယ်အလတ်တန်းစမတ်ဖုန်း Vivo U3 ကို သက်သာတဲ့ နူန်းထား သတ်မှတ်ထားတာကြောင့် အလယ်အလတ်တန်းစမတ်ဖုန်းဈေးကွက်မှာ လူစိတ်ဝင်စားတဲ့ ဖုန်းတစ်လုံးဖြစ်လာဖို့ သေချာနေပါတယ်။

Vivo U3 ကို Jingdong.com မှာ ကြိုတင်အမှာလက်ခံနေပြီဖြစ်ပြီး ဈေးနူန်းဒေါ်လာ 140 ဘဲသတ်မှတ်ထား ပါတယ်။ ဒီဖုန်းကို Snapdragon 675 Processor နဲ့ အထိုင်ချထားပြီး ကျောဘက်ကင်မရာသုံးလုံးနဲ့ ဘက်ထရီ 5000 mAh ပါဝင်ပါတယ်။

Vivo U3 မှာ မျက်နှာပြင် 6.53 လက်မ FHD+ ရုပ်ထွက်၊ 19:5:9 Aspect Ratio သုံးထားကာ Screen-to Body Ratio 90.3 ရာခိုင်နူန်းရှိပါတယ်။ Waterdrop Notch မှာ ရှေ့ကင်မရာ 16MP f/2.0 ပါဝင်ပါတယ်။

ကျောဘက်ကင်မရာသုံးလုံးက 8MP f/2.4+16MP f/1.78+2MP f/2.4 Depth Sensor ဖြစ်ပါတယ်။ Super Night View 2.0 ပါဝင်သလို 4cm Macro ဓာတ်ပုံတို့ ရိုက်ကူးဖို့ထောက်ပံ့ထားပါတယ်။  Face Wake လည်း ပါဝင်ပါတယ်။

Snapdragon 675 SoC ကို RAM4GB နဲ့ ထောက်ပံ့ထားကာ Storage 64GB ပါဝင်ပါတယ်။ RAM6GB ဗားရှင်းနဲ့လည်း ရွေးချယ်နိုင်ပါတယ်။ RAM6GB ဗားရှင်းဈေးနူန်းက ဒေါ်လာ 169 သတ်မှတ်ထားပါတယ်။ ဒီဖုန်းမှာ Nano SIM ကတ်နှစ်ကတ်နဲ့ microSD ထောက်ပံ့ထားပါတယ်။

ကျောဘက်မှာ 3D ထောင့်ကွေးဒီဇိုင်းသုံးထားပြီး ဘက်ထရီ 5000 mAh ပါဝင်ပါတယ်။ 18W Fast Charging လည်းထောက်ပံ့ထားပါတယ်။ ဒါပေမယ့် microUSB ဘဲ သုံးထားပါတယ်။ နားကြပ်ပေါက်ပါဝင်သလို လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။

ဖုန်းရဲ့အတိုင်းအတာက 162.15×76.47×8.89mm ရှိကာ အစိမ်းရောင်၊ အနက်ရောင်၊ အပြာရောင်တို့နဲ့ ရွေးချယ် နိုင်ပါတယ်။ Vivo U3 ကို အောက်တိုဘာလ 24 ရက်နေ့မှာ ကြေညာလာမှာဖြစ်ပြီး ယင်းနေ့အထိ ကြိုတင်အမှာလက်ခံနိုင်မှာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Snapdragon 675 SoC ၊ ကျောဘက်ကင်မရာသုံးလုံး၊ ဘက်ထရီ 5000 mAh ပါဝင်ကာ ဈေးနူန်းဒေါ်လာ 140 သတ်မှတ်ထားတဲ့ Vivo U3 ကို ကြိုတင်အမှာလက်ခံနေပြီ






