ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Huawei ဟာ Pop-Up Selfie Camera ၊ ကျောဘက်ကင်မရာသုံးလုံးပါဝင်တဲ့ Enjoy 10 Plus က ိုကြေညာခဲ့ပါတယ်။ ယနေ့မှာ Huawei ဟာ Enjoy 10 ကို ကြေညာလာပါတယ်။ Enjoy 10 ကို ဈေးနူန်း ဒေါ်လာ 169 သတ်မှတ်ထားပါတယ်။ Enjoy 10 မှာ Punch-Hole Display နဲ့ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါတယ်။

Huawei Enjoy 10 ရဲ့ အတိုင်းအတာက 159.1 x 76.13 x 8.13 mm ရှိပြီး 176 ဂရမ် ရှိပါတယ်။ မျက်နှာပြင် 6.39 လက်မ HD+ ရုပ်ထွက် သုံးထားပါတယ်။ 720 x 1560 px Resolution သုံးထားပါတယ်။ Kirin 710F နဲ့ ပါဝါထောက်ပံ့ထားပြီး RAM6GB ဗားရှင်းအထိ ရွေးချယ်နိုင်ပါမယ်။ Storage 128GB အထိ ရွေးနိုင်ပါတယ်။ microSD ကနေ Strorage ထပ်တိုးလို့ ရပါတယ်။

Android Pie အခြေခံ EMUI 9.1 သုံးထားပြီး GPU Turbo 3.0 ပါဝင်ပါတယ်။ ယင်းစနစ်က ဂိမ်းစွမ်းဆောင်ရည်ကို မြင့်တင်နိုင်ပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ပြီး Fast Charging မထောက်ပံ့ထားပါဘူး။

ကျောဘက်ကင်မရာနှစ်လုံးက 48MP f/1.8 နဲ့ 2MP f/2.4 ဖြစ်ပါတယ်။ အနှေးဗီဒီယိုရိုက်ကူးမှုကို 480fps ဖြင့် ပြုလုပ်နိုင်ပါတယ်။ Punch-Hole မှာ ရှေ့ကင်မရာ 8MP f/2.0 ပါဝင်ပါတယ်။ လက်ဗွေရာစနစ် မပါဝင်ပါဘူး။ Face Unlock ကို အသုံးပြုပြီး ဖုန်းဖွင့်ရမှာ ဖြစ်ပါတယ်။

Huawei Enjoy 10 ကို ဗားရှင်းလေးမျိုးနဲ့ ရွေးချယ်နိုင်ပါမယ်။ RAM4GB+64GB ကို ဒေါ်လာ 169 ၊ RAM6GB+64GB ကို ဒေါ်လာ 198 ၊ RAM6GB+128GB ကို ဒေါ်လာ 198 သတ်မှတ်ထားပါတယ်။ အရောင်များအနေဖြင့် Magic Night Black ၊ Aurora Blue ၊ Breating Crystal ၊ Acacia Red အရောင်တို့နဲ့ ရွေးချယ်နိုင်ကာ နိုဝင်ဘာလ 1 ရက်နေ့မှာ စတင်ရောင်းချပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Punch-Hole Display ၊ ေက်ာဘက္ကင္မရာႏွစ္လုံး ၊ Kirin 710F ပါဝင္ၿပီး ေဈးႏူန္း ေဒၚလာ 169 သတ္မွတ္ထားတဲ့ Huawei Enjoy 10

ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက Huawei ဟာ Pop-Up Selfie Camera ၊ ေက်ာဘက္ကင္မရာသုံးလုံးပါဝင္တဲ့ Enjoy 10 Plus က ိုေၾကညာခဲ့ပါတယ္။ ယေန႔မွာ Huawei ဟာ Enjoy 10 ကို ေၾကညာလာပါတယ္။ Enjoy 10 ကို ေဈးႏူန္း ေဒၚလာ 169 သတ္မွတ္ထားပါတယ္။ Enjoy 10 မွာ Punch-Hole Display နဲ႔ ေက်ာဘက္ကင္မရာႏွစ္လုံး ပါဝင္ပါတယ္။

Huawei Enjoy 10 ရဲ႕ အတိုင္းအတာက 159.1 x 76.13 x 8.13 mm ရွိၿပီး 176 ဂရမ္ ရွိပါတယ္။ မ်က္ႏွာျပင္ 6.39 လက္မ HD+ ႐ုပ္ထြက္ သုံးထားပါတယ္။ 720 x 1560 px Resolution သုံးထားပါတယ္။ Kirin 710F နဲ႔ ပါဝါေထာက္ပံ့ထားၿပီး RAM6GB ဗားရွင္းအထိ ေရြးခ်ယ္နိုင္ပါမယ္။ Storage 128GB အထိ ေရြးနိုင္ပါတယ္။ microSD ကေန Strorage ထပ္တိုးလို႔ ရပါတယ္။

Android Pie အေျခခံ EMUI 9.1 သုံးထားၿပီး GPU Turbo 3.0 ပါဝင္ပါတယ္။ ယင္းစနစ္က ဂိမ္းစြမ္းေဆာင္ရည္ကို ျမင့္တင္နိုင္ပါတယ္။ ဘက္ထရီ 4000 mAh ပါဝင္ၿပီး Fast Charging မေထာက္ပံ့ထားပါဘူး။

ေက်ာဘက္ကင္မရာႏွစ္လုံးက 48MP f/1.8 နဲ႔ 2MP f/2.4 ျဖစ္ပါတယ္။ အေႏွးဗီဒီယိုရိုက္ကူးမႈကို 480fps ျဖင့္ ျပဳလုပ္ႏိုင္ပါတယ္။ Punch-Hole မွာ ေရွ႕ကင္မရာ 8MP f/2.0 ပါဝင္ပါတယ္။ လက္ေဗြရာစနစ္ မပါဝင္ပါဘူး။ Face Unlock ကို အသုံးျပဳၿပီး ဖုန္းဖြင့္ရမွာ ျဖစ္ပါတယ္။

Huawei Enjoy 10 ကို ဗားရွင္းေလးမ်ိဳးနဲ႔ ေရြးခ်ယ္ႏိုင္ပါမယ္။ RAM4GB+64GB ကို ေဒၚလာ 169 ၊ RAM6GB+64GB ကို ေဒၚလာ 198 ၊ RAM6GB+128GB ကို ေဒၚလာ 198 သတ္မွတ္ထားပါတယ္။ အေရာင္မ်ားအေနျဖင့္ Magic Night Black ၊ Aurora Blue ၊ Breating Crystal ၊ Acacia Red အေရာင္တို႔နဲ႔ ေရြးခ်ယ္နိုင္ကာ နိုဝင္ဘာလ 1 ရက္ေန႔မွာ စတင္ေရာင္းခ်ပါမယ္။

NetGuide Journal (Every Wednesday)