Xiaomi ရဲ့ ဒုတိယအမှတ်တံဆိပ် Redmi ဟာ ကိုယ်ပိုင်လက်တော့ပ်အဖြစ် RedmiBook 14 ကို ကြေညာထားပြီး ဖြစ်ပါတယ်။ ယခုအခါ Redmi ဟာ Redmi Book 14 ကို ဗားရှင်းသစ်နဲ့ ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ ၎င်းတို့ဟာ လာမယ့်အောက်တိုဘာလ 14 ရက်နေ့မှာ Redmi Book 14 Ryzen Edition ကို ကြေညာသွားပါမယ်။

Redmi ဟာ Redmi Book 14 Ryzen Edition ကို မကြေညာခင်မှာဘဲ ဈေးနှုန်းကို ကြေညာလာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Redmi က Redmi Book 14 Ryzen Edition ကို ကြေညာတဲ့ အောက်တိုဘာလ 21 ရက်နေ့မှာဘဲ ကြိုတင်အမှာလက်ခံမယ်လို့ အတည်ပြုသွားပါတယ်။ Redmi Book 14 Ryzen Edition ဈေးနှုန်းက ဒေါ်လာ 424 နဲ့ စတင်ပါတယ်။ Redmi Book 14 Ryzen Edition ဈေးနှုန်းများကတော့ …

AMD Ryzen 5 3500U + 8GB RAM + 256GB Storage – ဒေါ်လာ 424

AMD Ryzen 5 3500U + 8GB RAM + 512GB Storage – ဒေါ်လာ 466

AMD Ryzen 5 3700U + 8GB RAM + 512GB Storage – ဒေါ်လာ 437

AMD Ryzen 5 3700U + 16GB RAM + 512GB Storage – မိတ်ဆက်တဲ့နေ့မှာ ကြေညာမည်။

Redmi Book 14 Ryzen Edition မှာ မျက်နှာပြင် 14 လက်မ သုံးလာမှာဖြစ်ပြီး Screen-to Body Ratio 81.2 ရာခိုင်နှုန်း ရှိလာပါမယ်။ Dolby DTS Audio ထောက်ပံ့လာမှာ ဖြစ်ပါတယ်။

ဒီလက်တော့ပ်မှာ နောက်ထပ်ထူးခြားချက်ကတော့ Xiaomi ၊ OPPO ၊ Vivo စမတ်ဖုန်းများနဲ့ ဖိုင်အပြောင်းအရွေ့လုပ်မှုကို လျှင်မြန်စွာလုပ်ဆောင်နိုင်မယ့် File Transfer စနစ်ပါဝင်လာမယ့်အချက် ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အောက်တိုဘာလ 21 ရက်တွင် ကြေညာလာမယ့် RedmiBook 14 Ryzen Edition ကို ဒေါ်လာ 424 သတ်မှတ်ထား








