လက်ရှိကမ္ဘာ့ဒုတိယအကြီးမားဆုံးစမတ်ဖုန်းကုမ္ပဏီ Huawei ဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ပင်မှုခံနေရတာ အားလုံးလည်း သိထားကြပြီးဖြစ်မှာပါ။ Huawei ဟာအမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ခံရမှုအကျိုးဆက်အဖြစ် Google Android လိုင်စင်ရုတ်သိမ်းခံထားရပြီး နောက်ဆုံးထွက် Huawei Mate 30 စီးရီးမှာ Google ဝန်ဆောင်မှုများထည့်သွင်းနိုင်ခြင်းမရှိဘဲ Android 10 (Android Open Source Project) သာပါဝင်ပါတယ်။

အမေရိကန်ရဲ့ပိတ်ပင်မှုမခံရမီ လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက Huawei ဟာ ကိုယ်ပိုင် OS အဖြစ် HarmonyOS ကို လုပ်ဆောင်လာခဲ့ပါတယ်။

HarmonyOS ကို Honor Vision TV မှာ စတင်အသုံးပြုထားပြီးဖြစ်ပါတယ်။ HarmonyOS က စမတ်ဖုန်း၊ လက်တော့ပ်အပါအဝင် အင်တာနက်သုံး Device အားလုံးနီးပါးမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ထားတဲ့ OS ဖြစ်ပါတယ်။

ဒါပေမယ့် Harmony OS က စမတ်ဖုန်းအသုံးပြုသူတွေ စိတ်ကြိုက်အနေအထားသို့အထိ ရောက်လာဖို့ Huawei အနေဖြင့် ရင်းနှီးမြှပ်နှံမှုများစွာ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။ Huawei CEO ရန်ကျင်ဖေးကတော့ HarmonyOS က 2 နှစ်အတွင်းမှာ Apple ရဲ့ iOS ကို လိုက်မီလာမယ်လို့ဆိုထားပါတယ်။ ဒီပြောကြားမှုက စကားကြီး စကားကျယ်နိုင်တယ်လို့ ဆိုနိုင်ပေမယ့် Huawei ဖက်ကအသုံးပြုသူများအတွက် အကောင်းဆုံးလုပ်ဖို့ အဆင် သင့်ဖြစ်နေပြီဆိုတာကိုလည်း ပြသလာရရောက်နေပါတယ်။

Huawei အနေဖြင့် လာမယ့်လတွေမှာ Harmony OS ကို အဆင်သင့်ဖြစ်အောင် လုပ်နိုင်မယ်ဆိုရင်တောင် စမတ်ဖုန်းအသုံးပြုသူတွေလက်ရှိ Android OS သုံးရသလိုအကြိုက်တွေ့ဖို့ ခက်ခဲနေတာတော့အမှန်ပါပဲ။ ဒါ ကြောင့်လည်း Huawei ဟာ သူတို့ရဲ့ Harmony OS ကို ပရိသတ်များအဆင်ပြေပြေသုံးလာနိုင်ဖို့ အကောင်း ဆုံးဖြေရှင်းမှုတစ်ခု ပြုလုပ်သွားပါမယ်။

ဒီကနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Huawei ဟာ လာမယ့်နှစ်အစောပိုင်းမှာထွက်လာမယ့် Huawei P40 မှာ Dual OS သုံးလာမယ်လို့သိရပါတယ်။ Huawei P40 မှာ Android OS နဲ့ HarmonyOS နှစ်မျိုးလုံး ထည့်သွင်း လာမှာဖြစ်ပါတယ်။

အသုံးပြုသူအနေဖြင့် ကိုယ်စိတ်ကြိုက် OS ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ အသုံးပြုသူများ အနေဖြင့် စမတ်ဖုန်းတစ်လုံးဝယ်ယူပြီး စမတ်ဖုန်းနှစ်မျိုး သုံးရတဲ့အတွေ့အကြုံကို ခံစားရမှာဖြစ်ပါတယ်။

Huawei ဟာ Huawei P40 ကို လာမယ့် 2020 ခုနှစ် မတ်လမှာကြေညာလာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

လာမည့္ Huawei P40 တြင္ HarmonyOS နဲ႔ Android OS ႏွစ္မ်ိဳးလုံးပါဝင္မည္

လက္ရွိကမၻာ့ဒုတိယအႀကီးမားဆုံးစမတ္ဖုန္းကုမၸဏီ Huawei ဟာ အေမရိကန္ရဲ့ စီးပြားေရးပိတ္ပင္မွုခံေနရတာ အားလုံးလည္း သိထားၾကၿပီးျဖစ္မွာပါ။ Huawei ဟာအေမရိကန္ရဲ့ စီးပြားေရးပိတ္ဆို႔ခံရမွုအက်ိဳးဆက္အျဖစ္ Google Android လိုင္စင္႐ုတ္သိမ္းခံထားရၿပီး ေနာက္ဆုံးထြက္ Huawei Mate 30 စီးရီးမွာ Google ဝန္ေဆာင္မွုမ်ား ထည့္သြင္းနိုင္ျခင္းမရွိဘဲ Android 10 (Android Open Source Project) သာပါဝင္ပါတယ္။

အေမရိကန္ရဲ့ပိတ္ပင္မွုမခံရမီ လြန္ခဲ့တဲ့ႏွစ္အတန္ၾကာကတည္းက Huawei ဟာ ကိုယ္ပိုင္ OS အျဖစ္ HarmonyOS ကို လုပ္ေဆာင္လာခဲ့ပါတယ္။

HarmonyOS ကို Honor Vision TV မွာ စတင္အသုံးျပဳထားၿပီးျဖစ္ပါတယ္။ HarmonyOS က စမတ္ဖုန္း၊ လက္ေတာ့ပ္အပါအဝင္ အင္တာနက္သုံး Device အားလုံးနီးပါးမွာ အသုံးျပဳနိုင္ေအာင္ လုပ္ေဆာင္ထားတဲ့ OS ျဖစ္ပါတယ္။

ဒါေပမယ့္ Harmony OS က စမတ္ဖုန္းအသုံးျပဳသူေတြ စိတ္ႀကိဳက္အေနအထားသို႔အထိ ေရာက္လာဖို႔ Huawei အေနျဖင့္ ရင္းႏွီးျမႇပ္ႏွံမွုမ်ားစြာ ျပဳလုပ္ရဦးမွာျဖစ္ပါတယ္။ Huawei CEO ရန္က်င္ေဖးကေတာ့ HarmonyOS က 2 ႏွစ္အတြင္းမွာ Apple ရဲ့ iOS ကို လိုက္မီလာမယ္လို႔ဆိုထားပါတယ္။ ဒီေျပာၾကားမွုက စကားႀကီး စကားက်ယ္နိုင္ တယ္လို႔ ဆိုနိုင္ေပမယ့္ Huawei ဖက္ကအသုံးျပဳသူမ်ားအတြက္ အေကာင္းဆုံးလုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို လည္း ျပသလာရေရာက္ေနပါတယ္။

Huawei အေနျဖင့္ လာမယ့္လေတြမွာ Harmony OS ကို အဆင္သင့္ျဖစ္ေအာင္ လုပ္နိုင္မယ္ဆိုရင္ေတာင္ စမတ္ဖုန္းအသုံးျပဳသူေတြလက္ရွိ Android OS သုံးရသလိုအႀကိဳက္ေတြ႕ဖို႔ ခက္ခဲေနတာေတာ့အမွန္ပါပဲ။ ဒါ ေၾကာင့္လည္း Huawei ဟာ သူတို႔ရဲ့ Harmony OS ကို ပရိသတ္မ်ားအဆင္ေျပေျပသုံးလာနိုင္ဖို႔ အေကာင္း ဆုံးေျဖရွင္းမွုတစ္ခု ျပဳလုပ္သြားပါမယ္။

ဒီကေန႔ထြက္ေပၚလာတဲ့ သတင္းအရ Huawei ဟာ လာမယ့္ႏွစ္အေစာပိုင္းမွာထြက္လာမယ့္ Huawei P40 မွာ Dual OS သုံးလာမယ္လို႔သိရပါတယ္။ Huawei P40 မွာ Android OS နဲ႔ HarmonyOS ႏွစ္မ်ိဳးလုံး ထည့္သြင္းလာမွာျဖစ္ ပါတယ္။

အသုံးျပဳသူအေနျဖင့္ ကိုယ္စိတ္ႀကိဳက္ OS ကို အသုံးျပဳနိုင္မွာျဖစ္ပါတယ္။ အျခားတစ္ဖက္မွာ အသုံးျပဳသူမ်ားအေနျဖင့္ စမတ္ဖုန္းတစ္လုံးဝယ္ယူၿပီး စမတ္ဖုန္းႏွစ္မ်ိဳး သုံးရတဲ့အေတြ႕အၾကဳံကို ခံစားရမွာျဖစ္ပါတယ္။

Huawei ဟာ Huawei P40 ကို လာမယ့္ 2020 ခုႏွစ္ မတ္လမွာေၾကညာလာဖို႔ ရွိပါတယ္။

NetGuide Journal (Every Wednesday)