OnePlusဟာ 5G စမတ်ဖုန်းထုတ်လုပ်ရောင်းချထားပြီးဖြစ်တဲ့ စမတ်ဖုန်းကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ ၎င်းတို့ဟာယခုနှစ် အစောပိုင်းတုန်းက OnePlus 7 Pro 5G ကို ရောင်းချထားတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီကကြေညာခဲ့တဲ့ OnePlus 7T နဲ့ OnePlus  7T Pro တို့ကိုတော့ 5G ဗားရှင်းနဲ့ ကြေညာခဲ့ခြင်းမရှိပါဘူး။

ယနေ့မှာ OnePlus တည်ထောင်သူနဲ့ စီအီးအိုလူဇွာဟူက ယခုနှစ်မကုန်မီ OnePlus Dual-Mode 5G စမတ်ဖုန်း ထွက်လာမှာဖြစ်ကြောင်း အတည်ပြုလာပါတယ်။  OnePlusဟာOnePlus 7 Pro 5G ကို တရုတ်ဈေးကွက်မှာ ရောင်းချခြင်းမရှိပါဘူး။ ဒါကြောင့် OnePlus Dual-Mode 5G စမတ်ဖုန်းကို တရုတ်ဈေးကွက်အတွက် သီးသန့် ထုတ်လုပ်ရောင်းချလာနိုင်ပါတယ်။

OnePlus Dual-Mode 5G ကို ဘယ်တော့ကြေညာမယ်ဆိုတာကိုအတိအကျ မသိရသေးပေမယ့် နိုဝင်ဘာလ နှောင်းပိုင်းမှာ ကြေညာလာနိုင်ပါတယ်။

Dual-Mode 5G စနစ်ကြောင့် စမတ်ဖုန်းအသုံးပြုသူများအနေဖြင့် 5G ကွန်ယက်ရချိန်မှာ 5G သုံးနိုင်မှာဖြစ်ပြီး 4G LTE ရရှိချိန်မှာ 4G သုံးနိုင်ပါမယ်။

ဒါ့အပြင် OnePlus က ယင်းOnePlus Dual-Mode 5G စမတ်ဖုန်းမှာ Qualcomm Snapdragon 7250 Processor သုံးလာနိုင်ကြောင်း ဆိုထားပါတယ်။ ယင်း Processor က အလယ်အလတ်တန်း Chipset ဖြစ်တာကြောင့် OnePlus Dual-Mode 5G စမတ်ဖုန်းက အလယ်အလတ်တန်းစမတ်ဖုန်းဘဲ ဖြစ်လာပါမယ်။

OnePlus Dual-Mode 5G စမတ်ဖုန်းက OnePlus 7 Pro 5G ထက် ဈေးနူန်းသက်သာလာဖို့ သေချာနေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ယခုနှစ်မကုန်မီOnePlus Dual-Mode 5G စမတ်ဖုန်းထွက်လာမည်





