Vivo ဟာ တန်ဖိုးသင့်စမတ်ဖုန်းသစ် Vivo Y11 (2019) ကို ကြေညာလာပါတယ်။ Vivo Y11 (2019) ရဲ့ ဒီဇိုင်းက Vivo Y12 နဲ့ တော်တော်လေးဆင်တူပါတယ်။ ဒါပေမယ့် Vivo Y12 မှာလို ကျောဘက်ကင်မရာသုံးလုံးမပါဝင်ဘဲ Y11 (2019) မှာ ကျောဘက်ကင်မရာနှစ်လုံးဘဲ ပါဝင်ပါတယ်။ ဒါ့အပြင် Vivo Y11 (2019) ကို Snapdragon 439 နဲ့ ပါဝါထောက်ပံ့ထားပါတယ်။

Vivo Y11 (2019) မှာ မျက်နှာပြင် 6.35 လက်မ HD+ ရုပ်ထွက်၊ Waterdrop Notch သုံးထားကာ ယင်းမှာ ရှေ့ကင်မရာ 8MP ပါဝင်ပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးက 13MP f/2.2+2MP f/2.4 ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာဘဲ ထည့်သွင်းထားပါတယ်။ Snapdragon 439 SoC ၊ RAM3GB နဲ့ အထိုင်ချထားပြီး Storage 32GB ပါဝင်ပါတယ်။ microSD ကနေ ထပ်တိုးလို့ ရပါတယ်။

ဘက်ထရီ 5000 mAh ပါဝင်ကာ 10W Charging ထောက်ပံ့ထားပါတယ်။ ဆော့ဝဲလ်ပိုင်းအနေဖြင့် Android Pie အခြေခံ FunTouch OS 9.1 သုံးထားပါတယ်။ Dual SIM ၊ Bluetooth 4.0 နဲ့ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။

Vivo Y11 (2019) ကို အောက်တိုဘာလ 22 ရက်နေ့မှာ ဗီယက်နမ်ဈေးကွက်မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနူန်းက ဒေါ်လာ 130 ဖြစ်ပါတယ်။ Coral Red ၊ Jade Green အရောင်တို့နဲ့ ရွေးချယ်နိုင်ပါမယ်။ နိုင်ငံတကာဈေးကွက်မှာ ဘယ်တော့ရောင်းချမလဲ မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

မျက်နှာပြင် 6.35 လက်မ ၊ Snapdragon 439 ၊ ဘက်ထရီ 5000 mAh ပါဝင်တဲ့ Vivo Y11 (2019) ကို ကြေညာ




