Vivo ရဲ့ ဂိမ်းစမတ်ဖုန်းအမှတ်တံဆိပ် iQOO ဟာ မကြာမီကာလအတွင်းမှာ ဂိမ်းစမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာမှာဖြစ်ပါတယ်။ ယင်းဖုန်းအမည်ကို iQOO Neo Pro လို့ ခေါ်ဝေါ်လာမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ယနေ့မှာ iQOO က ယင်းဖုန်းအမည်ကို iQOO Neo 855 လို့ ခေါ်ဝေါ်လာမှာဖြစ်ပြီး အောက်တိုဘာလ 24 ရက်နေ့မှာတရုတ်၊ ဘေဂျင်းမှာ မိတ်ဆက်လာတော့မှာဖြစ်ကြောင်း အတည်ပြုလာပြီဖြစ်ပါတယ်။

iQOOဟာ Neo 855 မှာ သုံးလာမယ့်စနစ်များကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒီဖုန်းမှာ Snapdragon 855 SoC နဲ့ ပါဝါထောက်ပံ့လာပါမယ်။ AnTuTu မှာ ဖော်ပြခဲ့မှုအရဒီဖုန်းမှာ RAM8GB ၊ Storaget 256GB နဲ့ 1080p+ ရုပ်ထွက် သုံးလာမှာဖြစ်ကြောင်း သိရပါတယ်။

iQOO ဟာ iQOO Neo 855 ရဲ့ ဒီဇိုင်းကိုလည်း အတည်ပြုသွားပါတယ်။ ဒီဖုန်းမှာ Notch ဒီဇိုင်းသုံးလာမှာဖြစ်ပြီး ကျောဘက်ကင်မရာသုံးလုံး ပါဝင်လာပါမယ်။ ဖုန်းဒီဇိုင်းက Snapdragon 845 SoC အသုံးပြုထားတဲ့ iQOO Neo နဲ့ တူပါတယ်။ ဒီဖုန်းကို Carbon Fiber Black , Electro-Optic Purple အရောင်နဲ့ ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Vivo iQOO Neo 855 ကို ေအာက္တိုဘာလ 24 ရက္ေန႔တြင္ ေၾကညာမည္

 

Vivo ရဲ့ ဂိမ္းစမတ္ဖုန္းအမွတ္တံဆိပ္ iQOO ဟာ မၾကာမီကာလအတြင္းမွာ ဂိမ္းစမတ္ဖုန္းသစ္တစ္လုံးကို ေၾကညာလာမွာျဖစ္ပါတယ္။ ယင္းဖုန္းအမည္ကို iQOO Neo Pro လို႔ ေခၚေဝၚလာမယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ ယေန႔မွာ iQOO က ယင္းဖုန္းအမည္ကို iQOO Neo 855 လို႔ ေခၚေဝၚလာမွာျဖစ္ၿပီး ေအာက္တိုဘာလ 24 ရက္ေန႔မွာတ႐ုတ္၊ ေဘဂ်င္းမွာ မိတ္ဆက္လာေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳလာၿပီျဖစ္ပါတယ္။

iQOOဟာ Neo 855 မွာ သုံးလာမယ့္စနစ္မ်ားကို ေဖာ္ျပထားျခင္းမရွိပါဘူး။ ဒီဖုန္းမွာ Snapdragon 855 SoC နဲ႔ ပါဝါေထာက္ပံ့လာပါမယ္။ AnTuTu မွာ ေဖာ္ျပခဲ့မွုအရဒီဖုန္းမွာ RAM8GB ၊ Storaget 256GB နဲ႔ 1080p+ ႐ုပ္ထြက္ သုံးလာမွာျဖစ္ေၾကာင္း သိရပါတယ္။

iQOO ဟာ iQOO Neo 855 ရဲ့ ဒီဇိုင္းကိုလည္း အတည္ျပဳသြားပါတယ္။ ဒီဖုန္းမွာ Notch ဒီဇိုင္းသုံးလာမွာျဖစ္ၿပီး ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္လာပါမယ္။ ဖုန္းဒီဇိုင္းက Snapdragon 845 SoC အသုံးျပဳထားတဲ့ iQOO Neo နဲ႔ တူပါတယ္။ ဒီဖုန္းကို Carbon Fiber Black , Electro-Optic Purple အေရာင္နဲ႔ ေရြးခ်ယ္နိုင္ပါမယ္။

NetGuide Journal (Every Wednesday)