Samsung Galaxy S10 မှာ လုံခြုံရေးအားနည်းချက် တစ်ခုဖြစ်နေပါတယ်။ Samsung Galaxy S10 အသုံးပြုသူ ဗြိတိန်နိုင်ငံမှ လီဆာနယ်ဆင်ရဲ့ဖုန်းကို Reister လုပ်ထားခြင်းမရှိတဲ့ လက်ဗွေရာဖြင့် ဖွင့်ပါကလည်း ဖုန်းပွင့်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့ Samsung Galaxy S10 မှ Ultrasonic Fingerprint Scanner ဟာ 4 ဒေါ်လာ တန်ဖိုးရှိ Third-Party ကုမ္ပဏီထုတ် Screen Protector အသုံးပြုရာမှာ လုံခြုံရေးအားနည်းချက် ဖြစ်လာတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Samsung က Galaxy S10 အသုံးပြုသူများအနေဖြင့် Samsung Screen Protectors များကိုသာ သုံးကြရန်နှင့် ယင်းပြဿနာအားစစ်ဆေးမှုပြုလုပ်နေကြောင်းဆိုထားပါတယ်။ Samsung ဟာ မကြာမီကာလ အတွင်းမှာ ဆော့ဝဲလ် Update ပေးပြီး ယင်းပြဿနာကိုဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။

Samsung ဟာ ဘယ်တော့ဆော့ဝဲလ် Update ပေးမယ်ဆိုတာကြေညာခြင်းတော့ မရှိသေးပါဘူး။ တကယ်လို့ ဆော့ဝဲလ် Update သစ်ရလာတဲ့အချိန်မှာ Galaxy S10 သုံးသူများအနေဖြင့် Face Unlock အသုံးပြုလာ နိုင်ပါမယ်။ Face Unlock က Fingerprint လောက် လုံခြုံစိတ်ချရခြင်းမရှိတာကြောင့် အသုံးပြုသူများအနေဖြင့် Numerical PIN (သို့မဟုတ်) Alphanumeric Password အသုံးပြုတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Galaxy S10 ကို Register မလုပ်ထားတဲ့ လက်ဖြင့်လည်းဖွင့်နိုင်တဲ့ ပြဿနာကိုဖြေရှင်းရန် Samsung လုပ်ဆောင်နေ



