Qualcomm ဟာ ဘာစီလိုနာမှာ 5G Summit Conference ကို ကျင်းပခဲ့ပါတယ်။ ယင်းပွဲမှာ Qualcomm က OPPO နဲ့ ပူးပေါင်းပြီး Dual-Mode 5G စမတ်ဖုန်းထုတ်လုပ်သွားမယ်လို့ အတည်ပြုသွားပါတယ်။ OPPO အကြီး အကဲဟင်နရီတင်က Qualcomm Chipset ပါဝါထောက်ပံ့ထားတဲ့ Dual-Mode 5G စမတ်ဖုန်းကို ယခုမကုန်မီ ကြေညာမယ်လို့ ဆိုသွားပါတယ်။

Dual-Mode 5G က ဖုန်းမှာ SA( Standalone Mode) နဲ့ NSA (Non-Standalone) နှစ်မျိုးလုံးထောက်ပံ့ထားတာ ဖြစ်ပါတယ်။ ယင်းသို့ Dual-Mode ကြောင့် စမတ်ဖုန်းအသုံးပြုသူအနေဖြင့် 5G ကွန်ယက်ရချိန်မှာ 5G ဖြင့် သုံးနိုင်မှာဖြစ်ပြီး LTE ရချိန်မှာ LTE သုံးနိုင်ပါမယ်။

လတ်တလောမှာ OPPO Dual-Mode 5G စမတ်ဖုန်းနဲ့ပတ်သက်ပြီးဘာမှ မသိရသေးပါဘူး။ ဒါပေမယ့် ယင်းဖုန်းကို Snapdragon 7250 SoC သုံးလာမယ်လို့ ယူဆရပါတယ်။ Snapdragon 7250 SoC က Qualcomm ရဲ့ ပထမဆုံးအလယ်အလတ်တန်း 5G Chipset ဖြစ်လာပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ယခုနှစ်မကုန်မီ Dual-Mode 5G စမတ်ဖုန်းထုတ်လုပ်လာမယ့် OPPO



