တရုတ်စမတ်ဖုန်းကုမွဏီ Xiaomi ဟာ MIUI 11 Global Stable ROM ရရှိမယ့် စမတ်ဖုန်းစာရင်းကို ထုတ်ပြန်ကြေညာသွားပါတယ်။ Xiaomi က ကြေညာတဲ့ စာရင်းမှာပါဝင်တဲ့ စမတ်ဖုန်းများမှာ Android 1၀ အခြေခံ MIUI 11 Global Stable ROM ရရှိကြမှာ ဖြစ်ပါတယ်။

Xiaomi ဟာ MIUI 11 Global Stable ROM ကို စမတ်ဖုန်း မော်ဒယ် 28 မျိုးတို့အတွက် Update ဦးစွာပေးသွားမှာဖြစ်ပြီး အောက်တိုဘာလ 22 ရက်နေ့မှာ စတင်ပေးသွားမှာ ဖြစ်ပါတယ်။

ပထမအသုတ်အဖြစ် ဆော့ဝဲလ် Update ပေးမှုကို အောက်တိုဘာလ 22 မှ 31 ရက်အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး Poco F1 ၊ Redmi K20 ၊ Redmi Y3 ၊ Redmi 7 ၊ Redmi Note 7 ၊ Redmi Note 7s ၊ Redmi Note 7 Pro တို့ ဖြစ်ပါတယ်။

ဒုတိယအသုတ်ထုတ်လွှင့်မှုကို နိုဝင်ဘာလ 4 ရက်နေ့မှ 12 ရက်အတွင်းမှာ ပြုလုပ်သွားပါမယ်။ ယင်းကာလအတွင်းမှာ Update ရရှိမယ့် ဖုန်းများကတော့ Redmi K20 Pro ၊ Redmi 6 ၊ Redmi 6 Pro ၊ Redmi 6A ၊ Redmi Note 5 ၊ Redmi Note 5 Pro ၊ Redmi 5 ၊ Redmi 5A ၊ Redmi Note 4 ၊ Redmi Y1 ၊ Redmi Y1 Lite ၊ Redmi Y2 ၊ Redmi 4 ၊ Mi Mix ၊ Mi Max 2 တို့ ဖြစ်ပါတယ်။

တတိယအသုတ် ထုတ်လွှင့်မှုကို နိုဝင်ဘာလ 13 ရက်နေ့မှ နိုဝင်ဘာလ 29 ရက်နေ့အတွင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ယင်းကာလအတွင်းမှာ Update ရရှိမယ့်ဖုန်းများကတော့ Redmi Note 6 Pro ၊ Redmi 7A ၊ Redmi 8 ၊ Redmi 8A ၊ Redmi Note 8 တို့ ဖြစ်ပါတယ်။

စတုတ္ထအသုတ်ထုတ်လွှင့်မှုကို ဒီဇင်ဘာလ 18 ရက်နေ့မှ 26 ရက်အတွင်းမှာ ပြလုပ်သွားမှာဖြစ်ပြီး Redmi Note 8 Pro ရရှိမှာ ဖြစ်ပါတယ်။

Xiaomi က အထက်ပါကြေညာမှုက လက်ရှိစမ်းသပ်မှု တိုးတက်မှုရလဒ်အပေါ် ကြေညာခြင်းဖြစ်ပြီး အပြောင်းအလဲတစ်ချို့လည်း ဖြစ်လာနိုင်ကြောင်း သတိပေးသွားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————–

(Zawgyi Version)

MIUI 11 Global Stable ROM ရရွိမယ့္ စမတ္ဖုန္းေမာ္ဒယ္မ်ားကို ေၾကညာလာၿပီျဖစ္ၿပီး ေအာက္တိုဘာလ 22 ရက္ေန႔မွ စတင္ေပးမည္

တ႐ုတ္စမတ္ဖုန္းကုမြဏီ Xiaomi ဟာ MIUI 11 Global Stable ROM ရရွိမယ့္ စမတ္ဖုန္းစာရင္းကို ထုတ္ျပန္ေၾကညာသြားပါတယ္။ Xiaomi က ေၾကညာတဲ့ စာရင္းမွာပါဝင္တဲ့ စမတ္ဖုန္းမ်ားမွာ Android 1၀ အေျခခံ MIUI 11 Global Stable ROM ရရွိၾကမွာ ျဖစ္ပါတယ္။

Xiaomi ဟာ MIUI 11 Global Stable ROM ကို စမတ္ဖုန္း ေမာ္ဒယ္ 28 မ်ိဳးတို႔အတြက္ Update ဦးစြာေပးသြားမွာျဖစ္ၿပီး ေအာက္တိုဘာလ 22 ရက္ေန႔မွာ စတင္ေပးသြားမွာ ျဖစ္ပါတယ္။

ပထမအသုတ္အျဖစ္ ေဆာ့၀ဲလ္ Update ေပးမႈကို ေအာက္တိုဘာလ 22 မွ 31 ရက္အတြင္း ျပဳလုပ္သြားမွာျဖစ္ၿပီး Poco F1 ၊ Redmi K20 ၊ Redmi Y3 ၊ Redmi 7 ၊ Redmi Note 7 ၊ Redmi Note 7s ၊ Redmi Note 7 Pro တို႔ ျဖစ္ပါတယ္။

ဒုတိယအသုတ္ထုတ္လႊင့္မႈကို နိုဝင္ဘာလ 4 ရက္ေန႔မွ 12 ရက္အတြင္းမွာ ျပဳလုပ္သြားပါမယ္။ ယင္းကာလအတြင္းမွာ Update ရရွိမယ့္ ဖုန္းမ်ားကေတာ့ Redmi K20 Pro ၊ Redmi 6 ၊ Redmi 6 Pro ၊ Redmi 6A ၊ Redmi Note 5 ၊ Redmi Note 5 Pro ၊ Redmi 5 ၊ Redmi 5A ၊ Redmi Note 4 ၊ Redmi Y1 ၊ Redmi Y1 Lite ၊ Redmi Y2 ၊ Redmi 4 ၊ Mi Mix ၊ Mi Max 2 တို႔ ျဖစ္ပါတယ္။

တတိယအသုတ္ ထုတ္လႊင့္မႈကို နိုဝင္ဘာလ 13 ရက္ေန႔မွ နိုဝင္ဘာလ 29 ရက္ေန႔အတြင္းမွာ ျပဳလုပ္မွာ ျဖစ္ပါတယ္။ ယင္းကာလအတြင္းမွာ Update ရရွိမယ့္ဖုန္းမ်ားကေတာ့ Redmi Note 6 Pro ၊ Redmi 7A ၊ Redmi 8 ၊ Redmi 8A ၊ Redmi Note 8 တို႔ ျဖစ္ပါတယ္။

စတုတၳအသုတ္ထုတ္လႊင့္မႈကို ဒီဇင္ဘာလ 18 ရက္ေန႔မွ 26 ရက္အတြင္းမွာ ျပလုပ္သြားမွာျဖစ္ၿပီး Redmi Note 8 Pro ရရွိမွာ ျဖစ္ပါတယ္။

Xiaomi က အထက္ပါေၾကညာမႈက လက္ရွိစမ္းသပ္မႈ တိုးတက္မႈရလဒ္အေပၚ ေၾကညာျခင္းျဖစ္ၿပီး အေျပာင္းအလဲတစ္ခ်ိဳ႕လည္း ျဖစ္လာနိုင္ေၾကာင္း သတိေပးသြားပါတယ္။

NetGuide Journal (Every Wednesday)