Huawei ရဲ့ 2019 ခုနှစ် တတိယသုံးလအတွက် ဝင်ငွေစာရင်း ထွက်လာပါတယ်။ တရုတ်ထိပ်သီးကုမ္ပဏီဟာ အမေရိကန်ရဲ့ပိတ်ပင်မှုနဲ့ ကြုံနေရပေမယ့် အခြေအနေကောင်းနေဆဲဖြစ်တာ တွေ့ရပါတယ်။ Huawei ဟာ 2019 ခုနှစ် ပထမသုံးလပတ်မှ တတိယသုံးလပတ်အထိ ကာလအတွင်းမှာ ဝင်ငွေ ဒေါ်လာ 86 ဘီလီယမ်ဝန်းကျင် ရရှိခဲ့ပြီး 2018 ခုနှစ်တုန်းကထက် 24.4 ရာခိုင်နှုန်း ဝင်ငွေမြင့်မားလာပါတယ်။ အထူးသဖြင့် အားလုံးက အမေရိကန်ရဲ့ပိတ်ပင်မှုကြောင့် Huawei ရဲ့ စမတ်ဖုန်းရောင်းအား ကျသွားပြီလို့ ယူဆကြပေမယ့် တကယ်တမ်းမှာတော့ Huawei ဟာ စမတ်ဖုန်း 185 သန်း ရောင်းချထားရပြီးဖြစ်ကာ ယမန်နှစ်တုန်းကထက် ရောင်းအား 26 ရာခိုင်နှုန်း မြင့်မားလာပါတယ်။

Huawei ဟာ 2019 ခုနှစ် တတိယသုံးလအတွင်းမှာ စမတ်ဖုန်း ဘယ်လောက်ရောင်းချရတယ်ဆိုတာ အတိအကျ ကြေညာသွားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ပျမ်းမျှ 67 သန်း ဝန်းကျင်တော့ ရောင်းချရမယ်လို့ ယူဆရပြီး ဒုတိယသုံးလတုန်းကထက် 13.5 ရာခိုင်နှုန်း ရောင်းအား မြင့်တက်လာပါတယ်။ Huawei ဟာ 2019 ခုနှစ် ဒုတိယသုံးလတုန်းက စမတ်ဖုန်း 59 သန်းဘဲ ရောင်းချခဲ့ပါတာ။ Huawei ဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုနဲ့ ကြုံရတဲ့ကာလအတွင်းမှာ စမတ်ဖုန်းရောင်းအား မြင့်တက်လာမှု ပထမဆုံးအကြိမ် ကြုံရတာလည်း ဖြစ်ပါတယ်။

Huawei ဟာ စမတ်ဖုန်းရောင်းအား မြင့်တက်နေသလို အခြားတစ်ဖက်မှာ 5G တပ်ဆင်ရေးအတွက် ကမ္ဘာတစ်လွှားမှာ ကန်ထရိုက် 60 ကျော် ရရှိထားကာ မြို့ပေါင်း 700 အတွက် 5G ထုတ်လွှင့်ပေးရမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————–

(Zawgyi Version)

အေမရိကန္ရဲ႕ပိတ္ပင္မႈ ၾကဳံေနရေပမယ့္ Huawei ရဲ႕ တတိယသုံးလပတ္ဝင္ေငြ ျမင့္တက္ေနဆဲ

Huawei ရဲ႕ 2019 ခုႏွစ္ တတိယသုံးလအတြက္ ဝင္ေငြစာရင္း ထြက္လာပါတယ္။ တ႐ုတ္ထိပ္သီးကုမၸဏီဟာ အေမရိကန္ရဲ႕ပိတ္ပင္မႈနဲ႔ ၾကဳံေနရေပမယ့္ အေျခအေနေကာင္းေနဆဲျဖစ္တာ ေတြ႕ရပါတယ္။ Huawei ဟာ 2019 ခုႏွစ္ ပထမသုံးလပတ္မွ တတိယသုံးလပတ္အထိ ကာလအတြင္းမွာ ဝင္ေငြ ေဒၚလာ 86 ဘီလီယမ္ဝန္းက်င္ ရရွိခဲ့ၿပီး 2018 ခုႏွစ္တုန္းကထက္ 24.4 ရာခိုင္ႏႈန္း ဝင္ေငြျမင့္မားလာပါတယ္။ အထူးသျဖင့္ အားလုံးက အေမရိကန္ရဲ႕ပိတ္ပင္မႈေၾကာင့္ Huawei ရဲ႕ စမတ္ဖုန္းေရာင္းအား က်သြားၿပီလို႔ ယူဆၾကေပမယ့္ တကယ္တမ္းမွာေတာ့ Huawei ဟာ စမတ္ဖုန္း 185 သန္း ေရာင္းခ်ထားရၿပီးျဖစ္ကာ ယမန္ႏွစ္တုန္းကထက္ ေရာင္းအား 26 ရာခိုင္ႏႈန္း ျမင့္မားလာပါတယ္။

Huawei ဟာ 2019 ခုႏွစ္ တတိယသုံးလအတြင္းမွာ စမတ္ဖုန္း ဘယ္ေလာက္ေရာင္းခ်ရတယ္ဆိုတာ အတိအက် ေၾကညာသြားခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ ပ်မ္းမၽွ 67 သန္း ဝန္းက်င္ေတာ့ ေရာင္းခ်ရမယ္လို႔ ယူဆရၿပီး ဒုတိယသုံးလတုန္းကထက္ 13.5 ရာခိုင္ႏႈန္း ေရာင္းအား ျမင့္တက္လာပါတယ္။ Huawei ဟာ 2019 ခုႏွစ္ ဒုတိယသုံးလတုန္းက စမတ္ဖုန္း 59 သန္းဘဲ ေရာင္းခ်ခဲ့ပါတာ။ Huawei ဟာ အေမရိကန္ရဲ႕ ပိတ္ပင္မႈနဲ႔ ၾကဳံရတဲ့ကာလအတြင္းမွာ စမတ္ဖုန္းေရာင္းအား ျမင့္တက္လာမႈ ပထမဆုံးအႀကိမ္ ၾကဳံရတာလည္း ျဖစ္ပါတယ္။

Huawei ဟာ စမတ္ဖုန္းေရာင္းအား ျမင့္တက္ေနသလို အျခားတစ္ဖက္မွာ 5G တပ္ဆင္ေရးအတြက္ ကမာၻတစ္လႊားမွာ ကန္ထရိုက္ 60 ေက်ာ္ ရရွိထားကာ ၿမိဳ႕ေပါင္း 700 အတြက္ 5G ထုတ္လႊင့္ေပးရမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)