Motorola ဟာ ယခုနှောင်းပိုင်းမှာ Moto G8 Plus ကို ကြေညာသွားပါမယ်။ ယနေ့မှာ Moto G8 Plus ရဲ့ တရားဝင် ဒီဇိုင်းဓာတ်ပုံနဲ့ ဖုန်းမှာ အသုံးပြုလာမယ့်စနစ်များ ပေါက်ကြားလာပါတယ်။ ပေါက်ကြားလာတဲ့ စနစ်များအရ Moto G8 Plus က အားလုံးယူဆထားသလိုဘဲ အလယ်အလတ်တန်း စမတ်ဖုန်းဘဲ ဖြစ်လာပါမယ်။

Moto G8 Plus ရဲ့ မော်ဒယ်နံပါတ်က XT2019 ဖြစ်ပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင် 6.3 လက်မ FHD IPS LCD ရုပ်ထွက် သုံးလာမှာဖြစ်ပြီး သေးငယ်တဲ့ Notch မှာ ရှေ့ကင်မရာ 25MP ပါဝင်လာပါမယ်။ Notch ရဲ့ အပေါ်မှဘောင်မှာ စပီကာ ထည့်သွင်းထားပါမယ်။

ဒီဖုန်းကို Snapdragon 665 Chipset ၊ RAM4GB နဲ့ ပါဝါထောက်ပံ့လာမှာဖြစ်ပြီး Storage 64GB နဲ့ 128GB ဗားရှင်းတို့ကို ရွေးချယ်နိုင်ပါမယ်။ microSD ကနေ ထပ်တိုးနိုင်ပါမယ်။ ဘက်ထရီ 4000 mAh ပါဝင်ပြီး Turbo Power Charge ဖြင့် အားသွင်းနိုင်မှာဖြစ်ပြီး နားကြပ်ပေါက် ပါဝင်ပါတယ်။

Moto G8 Plus ကို အပြာရောင်၊ အနီရောင်တို့ဖြင့် ရွေးချယ်နိုင်ပါမယ်။

လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး အဓိကကင်မရာက 48MP ဖြစ်ကာ Autofocus ပါဝင်ပါတယ်။ ဒုတိယကင်မရာက 116 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 16MP Ultrawide ဖြစ်ကာ တတိယကင်မရာက 5MP Depth Sensor ဖြစ်ပါတယ်။ ရှေ့ကင်မရာက ရှေ့မှာဆိုခဲ့သလို 25MP ဖြစ်ပါတယ်။

Moto G8 Plus မှာ Bluetooth 5.0 ၊ LTE Cat.13 ၊ Dual-Band WiFi တို့ ပါဝင်ပါတယ်။ ဖုန်းအထူက 9.1 မီလီမီတာထူကာ ဖုန်းအလေးချိန်က 188 ဂရမ် ရှိပါတယ်။ ဒီဖုန်းကို အောက်တိုဘာလ 24 ရက်နေ့မှာ ဘရာဇီးမှာ မိတ်ဆက်သွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————–

(Zawgyi Version)

ဘက္ထရီ 4000 mAh ၊ ေရွ႕ကင္မရာ 25MP သုံးလာမယ့္ Moto G8 Plus

Motorola ဟာ ယခုေႏွာင္းပိုင္းမွာ Moto G8 Plus ကို ေၾကညာသြားပါမယ္။ ယေန႔မွာ Moto G8 Plus ရဲ႕ တရားဝင္ ဒီဇိုင္းဓာတ္ပုံနဲ႔ ဖုန္းမွာ အသုံးျပဳလာမယ့္စနစ္မ်ား ေပါက္ၾကားလာပါတယ္။ ေပါက္ၾကားလာတဲ့ စနစ္မ်ားအရ Moto G8 Plus က အားလုံးယူဆထားသလိုဘဲ အလယ္အလတ္တန္း စမတ္ဖုန္းဘဲ ျဖစ္လာပါမယ္။

Moto G8 Plus ရဲ႕ ေမာ္ဒယ္နံပါတ္က XT2019 ျဖစ္ပါတယ္။ ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.3 လက္မ FHD IPS LCD ႐ုပ္ထြက္ သုံးလာမွာျဖစ္ၿပီး ေသးငယ္တဲ့ Notch မွာ ေရွ႕ကင္မရာ 25MP ပါဝင္လာပါမယ္။ Notch ရဲ႕ အေပၚမွေဘာင္မွာ စပီကာ ထည့္သြင္းထားပါမယ္။

ဒီဖုန္းကို Snapdragon 665 Chipset ၊ RAM4GB နဲ႔ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး Storage 64GB နဲ႔ 128GB ဗားရွင္းတို႔ကို ေရြးခ်ယ္နိုင္ပါမယ္။ microSD ကေန ထပ္တိုးနိုင္ပါမယ္။ ဘက္ထရီ 4000 mAh ပါဝင္ၿပီး Turbo Power Charge ျဖင့္ အားသြင္းနိုင္မွာျဖစ္ၿပီး နားၾကပ္ေပါက္ ပါဝင္ပါတယ္။

Moto G8 Plus ကို အျပာေရာင္၊ အနီေရာင္တို႔ျဖင့္ ေရြးခ်ယ္နိုင္ပါမယ္။

လက္ေဗြရာစနစ္ကို ေက်ာဘက္မွာ ထည့္သြင္းထားပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံးပါဝင္ၿပီး အဓိကကင္မရာက 48MP ျဖစ္ကာ Autofocus ပါဝင္ပါတယ္။ ဒုတိယကင္မရာက 116 ဒီဂရီျမင္ကြင္းက်ယ္ ရိုက္ကူးနိုင္တဲ့ 16MP Ultrawide ျဖစ္ကာ တတိယကင္မရာက 5MP Depth Sensor ျဖစ္ပါတယ္။ ေရွ႕ကင္မရာက ေရွ႕မွာဆိုခဲ့သလို 25MP ျဖစ္ပါတယ္။

Moto G8 Plus မွာ Bluetooth 5.0 ၊ LTE Cat.13 ၊ Dual-Band WiFi တို႔ ပါဝင္ပါတယ္။ ဖုန္းအထူက 9.1 မီလီမီတာထူကာ ဖုန္းအေလးခ်ိန္က 188 ဂရမ္ ရွိပါတယ္။ ဒီဖုန္းကို ေအာက္တိုဘာလ 24 ရက္ေန႔မွာ ဘရာဇီးမွာ မိတ္ဆက္သြားပါမယ္။

NetGuide Journal (Every Wednesday)