ဆောင်းရာသီရောက်လာတော့မှာ ဖြစ်ပါတယ်။ တရုတ်ထိပ်သီးနည်းပညာကုမ္ပဏီ Xiaomi ကလည်း သင့်အတွက် ရာသီဥတုနဲ့ လိုက်ဖက်စွာ နေထိုင်နိုင်မယ့် Product များ ထုတ်လုပ်ရောင်းချနေပါတယ်။

Xiaomi ဟာ ယခုအပတ်အစောပိုင်းတုန်းက အိမ်အပူပေးစနစ် Smartmi Home Electric Heater ကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ ပြီးခဲ့တဲ့လတုန်းကလည်း အပူပေးဂျက်ကက်ကို ကြေညာခဲ့ဖူးပါတယ်။ ယခုအခါ ယင်းအပူပေးနိုင်တဲ့ ဂျက်ကက်ကို စတင်ရောင်းချလာပြီ ဖြစ်ပါတယ်။ ဂျက်ကက်အမှတ်တံဆိပ်က Cotton Smith ဖြစ်ပြီး ဆောင်းရာသီမှာ ဝတ်ဆင်ဖို့ အထူးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီဂျက်ကက်က အပူချိန် – 120 ဒီဂရီစဲလ်စီးယက်စ် အောက်သို့ရောက်နေတဲ့ အလွန်အေးတဲ့ ရာသီဥတုမျိုးမှာ သင့်ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးနိုင်ပါတယ်။ အပူပေးဖို့အတွက် အချိန်များစွာယူစရာမလိုဘဲ 2 မိနစ်အတွင်းမှာဘဲ အပူပေးနိုင်ပါတယ်။ တစ်ခုရှိတာက ကမ္ဘာမှာ ယင်းလောက်အေးတဲ့နေရာ မရှိတာပါ။ ကမ္ဘာ့အအေးဆုံးနေရာဖြစ်တဲ့ အန္တာတစ်မှာ ပျမ်းမျှ -25 ဒီဂရီစဲလ်စီးယက်စ် ရှိပါတယ်။

ဂျက်ကက်ကို ဆောင်းလေတိုးမှုဒဏ်ခံနိုင်တဲ့ အရည်အသွေးမြင့် ဖိုက်ဖာချည်သားဖြင့် ချုပ်လုပ်ထားတာဖြစ်ပြီး အပူပေးမှု အဆင့် 3 ဆင့်ဖြင့် ပေးနိုင်ပါတယ်။ အပူပေးမှုကို 1 စက္ကန့်အတွင်းမှာ ပြုလုပ်နိုင်ပါတယ်။ အသုံးပြုသူအနေဖြင့် အနွေးဓာတ်ကို လိုသလို ရယူနိုင်ပါမယ်။ အပူပေးမှုအတွက် ပါဝါကို Power Bank ကနေပေးတာ ဖြစ်ပါတယ်။ 7 နာရီဆက်တိုက် အပူပေးနိုင်မယ့် 10000 mAh Power Bank ပါဝင်ပါတယ်။

ဖိုက်ဖာချည်သားအသုံးပြုထားတာကြောင့် မိုးရေထဲမှာလည်း အသုံးပြုနိုင်ပါတယ်။ ဂျက်ကက်ရဲ့ ကျောဘက်နဲ့ ရှေ့ဘက်တို့မှာ ညဖက်မှာ အလင်းပြန်နိုင်တဲ့လိုင်း ထည့်သွင်းပေးထားပါတယ်။

ဒီဂျက်ကက်ရဲ့ဈေးနူန်းက ဒေါ်လာ 40 ဖြစ်ပါတယ်။ အဖြူရောင်နဲ့ ခဲရောင်တို့နဲ့ ရွေးချယ်နိုင်ပြီး ဆိုက်စုံရွေးနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————–

(Zawgyi Version)

ေဆာင္းရာသီအတြက္ အသင့္ေတာ္ဆုံး Xiaomi အပူေပးဂ်က္ကက္

ေဆာင္းရာသီေရာက္လာေတာ့မွာ ျဖစ္ပါတယ္။ တ႐ုတ္ထိပ္သီးနည္းပညာကုမၸဏီ Xiaomi ကလည္း သင့္အတြက္ ရာသီဥတုနဲ႔ လိုက္ဖက္စြာ ေနထိုင္နိုင္မယ့္ Product မ်ား ထုတ္လုပ္ေရာင္းခ်ေနပါတယ္။

Xiaomi ဟာ ယခုအပတ္အေစာပိုင္းတုန္းက အိမ္အပူေပးစနစ္ Smartmi Home Electric Heater ကို ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ ၎တို႔ဟာ ၿပီးခဲ့တဲ့လတုန္းကလည္း အပူေပးဂ်က္ကက္ကို ေၾကညာခဲ့ဖူးပါတယ္။ ယခုအခါ ယင္းအပူေပးနိုင္တဲ့ ဂ်က္ကက္ကို စတင္ေရာင္းခ်လာၿပီ ျဖစ္ပါတယ္။ ဂ်က္ကက္အမွတ္တံဆိပ္က Cotton Smith ျဖစ္ၿပီး ေဆာင္းရာသီမွာ ဝတ္ဆင္ဖို႔ အထူးထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

ဒီဂ်က္ကက္က အပူခ်ိန္ – 120 ဒီဂရီစဲလ္စီးယက္စ္ ေအာက္သို႔ေရာက္ေနတဲ့ အလြန္ေအးတဲ့ ရာသီဥတုမ်ိဳးမွာ သင့္ခႏၶာကိုယ္ကို အေႏြးဓာတ္ေပးနိုင္ပါတယ္။ အပူေပးဖို႔အတြက္ အခ်ိန္မ်ားစြာယူစရာမလိုဘဲ 2 မိနစ္အတြင္းမွာဘဲ အပူေပးနိုင္ပါတယ္။ တစ္ခုရွိတာက ကမာၻမွာ ယင္းေလာက္ေအးတဲ့ေနရာ မရွိတာပါ။ ကမာၻ႔အေအးဆုံးေနရာျဖစ္တဲ့ အႏၲာတစ္မွာ ပ်မ္းမၽွ -25 ဒီဂရီစဲလ္စီးယက္စ္ ရွိပါတယ္။

ဂ်က္ကက္ကို ေဆာင္းေလတိုးမႈဒဏ္ခံနိုင္တဲ့ အရည္အေသြးျမင့္ ဖိုက္ဖာခ်ည္သားျဖင့္ ခ်ဳပ္လုပ္ထားတာျဖစ္ၿပီး အပူေပးမႈ အဆင့္ 3 ဆင့္ျဖင့္ ေပးနိုင္ပါတယ္။ အပူေပးမႈကို 1 စကၠန႔္အတြင္းမွာ ျပဳလုပ္နိုင္ပါတယ္။ အသုံးျပဳသူအေနျဖင့္ အေႏြးဓာတ္ကို လိုသလို ရယူနိုင္ပါမယ္။ အပူေပးမွုအတြက္ ပါဝါကို Power Bank ကေနေပးတာ ျဖစ္ပါတယ္။ 7 နာရီဆက္တိုက္ အပူေပးနိုင္မယ့္ 10000 mAh Power Bank ပါဝင္ပါတယ္။

ဖိုက္ဖာခ်ည္သားအသုံးျပဳထားတာေၾကာင့္ မိုးေရထဲမွာလည္း အသုံးျပဳနိုင္ပါတယ္။ ဂ်က္ကက္ရဲ႕ ေက်ာဘက္နဲ႔ ေရွ႕ဘက္တို႔မွာ ညဖက္မွာ အလင္းျပန္နိုင္တဲ့လိုင္း ထည့္သြင္းေပးထားပါတယ္။

ဒီဂ်က္ကက္ရဲ႕ေဈးႏူန္းက ေဒၚလာ 40 ျဖစ္ပါတယ္။ အျဖဴေရာင္နဲ႔ ခဲေရာင္တို႔နဲ႔ ေရြးခ်ယ္နိုင္ၿပီး ဆိုက္စုံေရြးနိုင္ပါမယ္။

NetGuide Journal (Every Wednesday)