Samsung Galaxy S11 ထွက် လအတန်ကြာလိုနေသေးပေမယ့် ဒီဖုန်းနဲ့ပတ်သက်ပြီး သတင်းတွေက ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက Samsung Galaxy S11 မှာ 108 MP ကင်မရာပါဝင်လာမှာ ဖြစ်ပြီး 5x Optical Zoom ပါဝင်မယ်လို့ သတင်းထွက်ခဲ့ပြီးဖြစ်ပါတယ်။

ယနေ့မှာ Samsung Galaxy S11 နဲ့ပတ်သက်ပြီး နောက်ထပ်သတင်းတစ်ပုဒ် ထပ်ထွက်လာပါတယ်။ ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Samsung Galaxy S11 ရဲ့ မော်ဒယ်နံပါတ်က SM-G416U ဖြစ်ပါတယ်။ ဒီဖုန်းမှာ Android 10 တပါတည်း ပါဝင်လာပါမယ်။ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာကတော့ 20:9 Aspect Ratio သုံးလာမယ့် အချက်ဖြစ်ပါတယ်။

Samsung ဟာ Galaxy S10 နဲ့ Galaxy Note10 တို့မှာ 19:9 Aspect Ratio သုံးထားပေမယ့် အလယ်အလတ်တန်း စမတ်ဖုန်းများဖြစ်တဲ့ Galaxy A80 နဲ့ A70 တို့မှာ 20:9 Asepect Ratio ကို သုံးခဲ့ဖူးပြီး ဖြစ်ပါတယ်။

Samsung ဟာ Galaxy S11 မှာ 20:9 Aspect Ratio သုံးလာမှာ ဖြစ်လို့ Pop-Up Selfie Camera သုံးလာ မလားမေးခွန်းထုတ်စရာ ရှိနေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————-

  • (Zawgyi Version)

Samsung Galaxy S11 တွင် 20:9 Aspect Ratio သုံးလာမည်




