Realme ဟာ အလယ်အလတ်တန်းနဲ့ တန်ဖိုးနည်းစမတ်ဖုန်းများ ထုတ်လုပ်ရာကနေ Realme X2 Pro ကို ကြေညာပြီး အဆင့်မြင့် စမတ်ဖုန်းဈေးကွက်ကို ထိုဖောက်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

Realme ဟာ အလယ်အလတ်တန်းနဲ့ တန်ဖိုးသင့်စမတ်ဖုန်းများကို အရည်အသွေးကောင်းပြီး သက်သာတဲ့ နူန်းထားနဲ့ ရောင်းချတာကြောင့် ရောင်းချတဲ့ဈေးကွက်တိုင်းလိုလိုမှာ အောင်မြင်မှုရရှိတာ အားလုံးအသိ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း Realme စမတ်ဖုန်းရောင်းအား အလုံးရေ 17 သန်း ပြည့်သွားပြီဖြစ်ပါတယ်။ Realme ဟာ မက်ဒရစ်မှာ ကျင်းပတဲ့ Realme X2 Pro မိတ်ဆက်ပွဲမှာ စမတ်ဖုန်းရောင်းအား အလုံးရေ 17 သန်း ပြည့်သွားပြီဖြစ်ကြောင်း ကြေညာလာခဲ့တာ ဖြစ်ပါတယ်။

Realme ဟာ စမတ်ဖုန်း ဈေးကွက်သို့ 2017 ခုနှစ်၊ အောက်တိုဘာလ 8 ရက်နေ့မှာ Realme 1 ကို ကြေညာပြီး ဝင်ရောက်လာခဲ့ခြင်းဖြစ်ပေမယ့် ပြီးခဲ့တဲ့အပတ် အောက်တိုဘာလ 8 ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်တာ ကာလအတွင်းမှာ Realme ဟာ စမတ်ဖုန်းအမြောက်အမြား ထုတ်လုပ်ရောင်းချခဲ့ရာမှာ ဈေးနူန်း သက်သာတဲ့ ဖုန်းများရောင်းချတာကြောင့် အခုလို 17 သန်းအထိ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

Realme ဟာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ မြန်မာ၊ ပါကစ္စတန်၊ နီပေါ၊ ယူအေအီး၊ အီဂျစ်၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ရုရှား၊ တရုတ်စတဲ့ နိုင်ငံ 19 နိုင်ငံမှာ ရောင်းချထားပြီး ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————-

  • (Zawgyi Version)

Realme စမတ်ဖုန်းရောင်းအား 17 သန်း ပြည့်သွားပြီ




