Google ဟာ Made By Google ပွဲမှာ တစ်နှစ်ပြီး တစ်နှစ် Product သစ်တွေ တိုးမြှင့်ထုတ်လုပ်လျက်ရှိပါ တယ်။ ယခုနှစ်ပွဲမှာလည်း Pixel 4 စမတ်ဖုန်း စီးရီးနဲ့အတူ Pixel Buds နားကြပ်၊ Pixelbook Go Chromebook နဲ့ Nest Devices သစ်များကိုလည်း ကြေညာလာပါတယ်။

Pixel Buds

Pixel Buds သစ်က စပြောရအောင်။ Google ဟာ နောက်ဆုံးမှာတော့ Wireless In-Ear Headphones ထုတ်လုပ်လာပြီဖြစ်ပါတယ်။ Pixel Buds မှာ Always-On Google Assistant ပါဝင်ပြီး Live Translation ၊ Music Control တို့ ပါဝင်ပါတယ်။ Flush In-Ear Design သုံးထားကာ Hook တစ်ခု ပါဝင်တာကြောင့် နားမှာ မြဲမြဲရှိနေပါမယ်။ ဒါ့အပြင် ဘဲဥပုံ Charging Case လည်း ပါဝင်ပါတယ်။

Pixel Buds မှာ Adaptive Sound ပါဝင်ကာ ဘယ်လိုနေရာမျိုးမှာမဆို အသံကို လိုသလိုထိန်းညှိနိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

နားကြပ်တစ်ဖက်စီမှာ မိုက်ခရိုဖုန်းတစ်လုံးစီပါဝင်တာကြောင့် ဆူညံတဲ့အချိန်မှာလည်း ဖုန်းပြောဆိုမှုကို ကောင်း မွန်စွာ ပြုလုပ်နိုင်ပါမယ်။

Google ဟာ အခန်းသုံးခန်းအတိုင်းအတာအကွာအဝေးဖြင့် သုံးနိုင်မယ်လို့ ဆိုထားပါတယ်။ Bluetooth 4.0+ Device များနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ သီချင်းနားထောင်မှုကို 5 နာရီအထိ ပြုလုပ်နိုင်မှာဖြစ်ပြီး Wireless Charging Case ဖြင့် အားသွင်းပြီး သုံးမယ်ဆိုရင် 24 နာရီအထိ သီချင်းနားထောင်နိုင်ပါမယ်။
ဒါ့အပြင် Google Pixel Buds သစ်များက ရေဒဏ်၊ ချွေးဒဏ်တို့ကို ခံနိုင်ပါတယ်။ Clearly White ၊ Oh So Orange ၊ Quite Mint ၊ Almost Black အရောင်တို့နဲ့ ရွေးချယ်နိုင်ပါမယ်။ ဈေးနူန်းက ဒေါ်လာ 179 ဖြစ်ပါတယ်။
Pixelbook Go က Google ရဲ့ နောက်ဆုံးထွက် အဆင့်မြင့် Chromebook ဖြစ်ပါတယ်။ မျက်နှာပြင် 13.3 လက်မ FHD Touchscreen ပါဝင်ပြီး 4K ထောက်ပံ့ထားကာ 16:9 Aspect Ratio သုံးထားပါတယ်။ အလေးချိန် 1kg ရှိပြီး 13 မီလီမီတာအထူဘဲ ရှိပါတယ်။

အခြေခံဗားရှင်းမှာ 8th Gen Intel Core m3 Processor ၊ RAM8GB နဲ့ Storage 64GB ပါဝင်ပါတယ်။ ဒါ့အပြင် 8th Gen Y-Series Core i5 ၊ i7 တို့နဲ့ ရွေးချယ်နိုင်ကာ RAM16GB/256GB ဗားရှင်းအထိ ရွေးချယ်နိုင်ပါတယ်။

USB Type C ပေါက်နှစ်ခုနှင့် နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ 2MP Webcam ပါဝင်သလို Face Unlock အဖြစ်လည်း သုံးနိုင်ပါတယ်။ 12 နာရီအထိသုံးနိုင်မယ့် ဘက်ထရီပါဝင်ပြီး Fast Charging ပါဝင်တာကြောင့် မိနစ် 20 အားသွင်းရုံဖြင့် 2 နာရီ အသုံးပြုနိုင်ပါမယ်။

Pixelbook Go ကို Just Black ၊ Not Pink အရောင်နဲ့ ရွေးချယ်နိုင်ပါတယ်။ အခြေခံဗားရှင်ဖြစ်တဲ့ Core m3 8/64GB ကို ဒေါ်လာ 649 သတ်မှတ်ထားပြီး i7 16/256GB ဈေးနူန်းက ဒေါ်လာ 1399 ဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါတို့မှာ ကြိုတင်အမှာ လက်ခံနေပြီဖြစ်ပြီး လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရောင်းချသွားပါမယ်။

Nest Mini နဲ့ Nest WiFi

Nest Mini က Google Home Mini ရဲ့ ခြေရာကို ဆက်ခံတဲ့ စပီကာ ဖြစ်ပါတယ်။ ယခင်မျိုးဆက် Nest Mini နဲ့ ကိုယ်ထည် အတူတူဆိုပေမယ့် ကြီးမားတဲ့ စပီကာပါဝင်ပါတယ်။ LED Indicators ပါဝင်ပါတယ်။ ဈေးနူန်းက ဒေါ်လာ 49 ဖြစ်ပြီး Chalk ၊ Charcoal Coral ၊ Sky Blue အရောင်တို့နဲ့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလ 22 ရက်နေ့မှာ စတင်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။

Nest WiFi က စပီကာအဖြစ်ရော Router အဖြစ်ပါ အသုံးပြုနိုင်တဲ့ Device ဖြစ်ပါတယ်။ ပိုပြီးကောင်းတာ ကတော့ Google Assistant လည်း ပါဝင်ပါတယ်။ Nest WiFi ဈေးနူန်းက ဒေါ်လာ 169 ဖြစ်ပြီး Nest Point Point က ဒေါ်လာ 269 ဖြစ်ပါတယ်။ Nest WiFi Point Extenders သုံးခုပါဝင်တဲ့ Nest WiFi ဈေးနူန်းက ဒေါ်လာ 349 ဖြစ်ပါတယ်။ လာမယ့်နိုဝင်ဘာလ 4 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————-

  • (Zawgyi Version)

Pixel Buds ၊ Pixelbook Go ၊ Nest Mini ႏွင့္ WiFi တို႔ကို Google ေၾကညာ

Google ဟာ Made By Google ပြဲမွာ တစ္ႏွစ္ၿပီး တစ္ႏွစ္ Product သစ္ေတြ တိုးျမႇင့္ထုတ္လုပ္လ်က္ရွိပါ တယ္။ ယခုႏွစ္ပြဲမွာလည္း Pixel 4 စမတ္ဖုန္း စီးရီးနဲ႔အတူ Pixel Buds နားၾကပ္၊ Pixelbook Go Chromebook နဲ႔ Nest Devices သစ္မ်ားကိုလည္း ေၾကညာလာပါတယ္။

Pixel Buds

Pixel Buds သစ္က စေျပာရေအာင္။ Google ဟာ ေနာက္ဆုံးမွာေတာ့ Wireless In-Ear Headphones ထုတ္လုပ္လာၿပီျဖစ္ပါတယ္။ Pixel Buds မွာ Always-On Google Assistant ပါဝင္ၿပီး Live Translation ၊ Music Control တို႔ ပါဝင္ပါတယ္။ Flush In-Ear Design သုံးထားကာ Hook တစ္ခု ပါဝင္တာေၾကာင့္ နားမွာ ၿမဲၿမဲရွိေနပါမယ္။ ဒါ့အျပင္ ဘဲဥပုံ Charging Case လည္း ပါဝင္ပါတယ္။

Pixel Buds မွာ Adaptive Sound ပါဝင္ကာ ဘယ္လိုေနရာမ်ိဳးမွာမဆို အသံကို လိုသလိုထိန္းညႇိနိုင္ေအာင္ လုပ္ေဆာင္နိုင္ပါတယ္။

နားၾကပ္တစ္ဖက္စီမွာ မိုက္ခရိုဖုန္းတစ္လုံးစီပါဝင္တာေၾကာင့္ ဆူညံတဲ့အခ်ိန္မွာလည္း ဖုန္းေျပာဆိုမွုကို ေကာင္း မြန္စြာ ျပဳလုပ္နိုင္ပါမယ္။

Google ဟာ အခန္းသုံးခန္းအတိုင္းအတာအကြာအေဝးျဖင့္ သုံးနိုင္မယ္လို႔ ဆိုထားပါတယ္။ Bluetooth 4.0+ Device မ်ားနဲ႔ ခ်ိတ္ဆက္အသုံးျပဳနိုင္ပါတယ္။ သီခ်င္းနားေထာင္မွုကို 5 နာရီအထိ ျပဳလုပ္နိုင္မွာျဖစ္ၿပီး Wireless Charging Case ျဖင့္ အားသြင္းၿပီး သုံးမယ္ဆိုရင္ 24 နာရီအထိ သီခ်င္းနားေထာင္နိုင္ပါမယ္။

ဒါ့အျပင္ Google Pixel Buds သစ္မ်ားက ေရဒဏ္၊ ေခၽြးဒဏ္တို႔ကို ခံနိုင္ပါတယ္။ Clearly White ၊ Oh So Orange ၊ Quite Mint ၊ Almost Black အေရာင္တို႔နဲ႔ ေရြးခ်ယ္နိုင္ပါမယ္။ ေဈးႏူန္းက ေဒၚလာ 179 ျဖစ္ပါတယ္။
Pixelbook Go က Google ရဲ့ ေနာက္ဆုံးထြက္ အဆင့္ျမင့္ Chromebook ျဖစ္ပါတယ္။ မ်က္ႏွာျပင္ 13.3 လက္မ FHD Touchscreen ပါဝင္ၿပီး 4K ေထာက္ပံ့ထားကာ 16:9 Aspect Ratio သုံးထားပါတယ္။ အေလးခ်ိန္ 1kg ရွိၿပီး 13 မီလီမီတာအထူဘဲ ရွိပါတယ္။

အေျခခံဗားရွင္းမွာ 8th Gen Intel Core m3 Processor ၊ RAM8GB နဲ႔ Storage 64GB ပါဝင္ပါတယ္။ ဒါ့အျပင္ 8th Gen Y-Series Core i5 ၊ i7 တို႔နဲ႔ ေရြးခ်ယ္နိုင္ကာ RAM16GB/256GB ဗားရွင္းအထိ ေရြးခ်ယ္နိုင္ပါတယ္။
USB Type C ေပါက္ႏွစ္ခုႏွင့္ နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။ 2MP Webcam ပါဝင္သလို Face Unlock အျဖစ္လည္း သုံးနိုင္ပါတယ္။ 12 နာရီအထိသုံးနိုင္မယ့္ ဘက္ထရီပါဝင္ၿပီး Fast Charging ပါဝင္တာေၾကာင့္ မိနစ္ 20 အားသြင္း႐ုံျဖင့္ 2 နာရီ အသုံးျပဳနိုင္ပါမယ္။

Pixelbook Go ကို Just Black ၊ Not Pink အေရာင္နဲ႔ ေရြးခ်ယ္နိုင္ပါတယ္။ အေျခခံဗားရွင္ျဖစ္တဲ့ Core m3 8/64GB ကို ေဒၚလာ 649 သတ္မွတ္ထားၿပီး i7 16/256GB ေဈးႏူန္းက ေဒၚလာ 1399 ျဖစ္ပါတယ္။ အေမရိကန္နဲ႔ ကေနဒါတို႔မွာ ႀကိဳတင္အမွာ လက္ခံေနၿပီျဖစ္ၿပီး လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္းမွာ ေရာင္းခ်သြားပါမယ္။

Nest Mini နဲ႔ Nest WiFi

Nest Mini က Google Home Mini ရဲ့ ေျခရာကို ဆက္ခံတဲ့ စပီကာ ျဖစ္ပါတယ္။ ယခင္မ်ိဳးဆက္ Nest Mini နဲ႔ ကိုယ္ထည္ အတူတူဆိုေပမယ့္ ႀကီးမားတဲ့ စပီကာပါဝင္ပါတယ္။ LED Indicators ပါဝင္ပါတယ္။ ေဈးႏူန္းက ေဒၚလာ 49 ျဖစ္ၿပီး Chalk ၊ Charcoal Coral ၊ Sky Blue အေရာင္တို႔နဲ႔ ေရြးခ်ယ္နိုင္မွာျဖစ္ပါတယ္။ လာမယ့္ ေအာက္တိုဘာလ 22 ရက္ေန႔မွာ စတင္ေရာင္းခ်သြားေတာ့မွာ ျဖစ္ပါတယ္။

Nest WiFi က စပီကာအျဖစ္ေရာ Router အျဖစ္ပါ အသုံးျပဳနိုင္တဲ့ Device ျဖစ္ပါတယ္။ ပိုၿပီးေကာင္းတာ ကေတာ့ Google Assistant လည္း ပါဝင္ပါတယ္။ Nest WiFi ေဈးႏူန္းက ေဒၚလာ 169 ျဖစ္ၿပီး Nest Point Point က ေဒၚလာ 269 ျဖစ္ပါတယ္။ Nest WiFi Point Extenders သုံးခုပါဝင္တဲ့ Nest WiFi ေဈးႏူန္းက ေဒၚလာ 349 ျဖစ္ပါတယ္။ လာမယ့္ႏိုဝင္ဘာလ 4 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)