Xiaomi ဟာ Black Shark 2 Pro ကို အရောင်သစ်နဲ့ ထုတ်လုပ်ရောင်းချလာပါတယ်။ Black Shark 2 Pro ကို Orange Blast အရောင်နဲ့လည်း ရောင်းချလာတာဖြစ်ပါတယ်။ Black Shark 2 Pro Orange Blast မှာ ကျောဘက်မှာ လိမ္မော်ရောင်သုံးထားပြီး ခဲရောင်လိုင်းနှစ်ခုပါဝင်ပါတယ်။

Black Shark 2 Pro Orange Blast မှာ RAM12GB/256GB ပါဝင်ပါတယ်။ Android 10 အခြေခံ JoyUI 11 သုံးထားပါတယ်။ ဈေးနူန်းက ဒေါ်လာ 423 ဖြစ်ပြီး အောက်တိုဘာလ 18 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။ ဒီဖုန်းကို နိုင်ငံတကာဈေးကွက်မှာ ဘယ်တော့ ရောင်းချမလဲဆိုတာ မသိရသေးပါဘူး။

Black Shark 2 Pro မှာ မျက်နှာပြင် 6.39 လက်မ AMOLED FHD+ ရုပ်ထွက်သုံးထားပြီး Always-On Display ပါဝင်ပါတယ်။ Snapdragon 855+ နဲ့ ပါဝါထောက်ပံ့ထားပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးက 48MP+ 12MP ဖြစ်ပြီး UFS 3.0 သုံးထားပါတယ်။ ရှေ့ကင်မရာ 20MP ပါဝင်ပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ကာ 27W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————-

  • (Zawgyi Version)




