ZTE ဟာ လာမယ့်အောက်တိုဘာလ 18 ရက်နေ့မှာ Blade V7s ကို ကြေညာသွားပါမယ်။ ၎င်းတို့ဟာ Blade V7s နဲ့ နောက်ထပ် စမတ်ဖုန်းသစ်တစ်လုံးအဖြစ် Blade V20 ကိုလည်း မိတ်ဆက်လာဖို့ ရှိပါတယ်။

Blade V20 ဟာ မကြာသေးမီတုန်းက FCC မှာ ထောက်ခံချက်ရရှိခဲ့တဲ့ စမတ်ဖုန်းဖြစ်ပြီး ကျောဘက်ကင်မရာသုံးလုံးကို ကျောဘက်ဘယ်ထောင့်မှာ စတုရန်းကွက်ဖြင့် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဒီဖုန်းဟာ TENNA မှာလည်း ထောက်ခံချက်ရရှိထားပြီးဖြစ်ကာ မော်ဒယ်နံပါတ်က ZTE V1050 ဖြစ်ပါတယ်။

TENNA မှာ ဖော်ပြထားမှုအရ ဒီဖုန်းကို 2.0GHz Octa-Core Processor နဲ့ ပါဝါထောက်ပံ့လာမှာဖြစ်ပြီး RAM 4GB / Storage 64GB ဗားရှင်းအထိ ပါ၀င်နိုင်မယ်လို့ သိရပါတယ်။

ဒီဖုန်းမှာ မျက်နှာပြင် 6.1 လက်မ LCD HD+ ရုပ်ထွက်သုံးလာမှာဖြစ်ပြီး ဘက်ထရီ 4870 mAh ပါဝင်လာပါမယ်။ ကြေညာချိန်မှာ ဘက်ထရီ 5000 mAh ပါဝင်တယ်လို့ ကြေညာလာနိုင်ပါတယ်။ Blade V20 မှာ ကျောဘက်ကင်မရာသုံးလုံးက 16MP+8MP+2MP ဖြစ်ပြီး ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————–

(Zawgyi Version)

ZTE Blade V7s ကို အောက်တိုဘာလ 18 တွင် မိတ်ဆက်လာမည်ဖြစ်ပြီး Blade V20 ကိုလည်း မိတ်ဆက်လာနိုင်




