ပြီးခဲ့တဲ့လတုန်းက Vivo ဟာ Vivo Z1x ကို ကြေညာခဲ့ပါတယ်။ Vivo Z1x မှာ RAM6GB ဘဲ ပါဝင်ပါတယ်။ ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Vivo Z1x ကို RAM8GB ဗားရှင်းနဲ့လည်း ထုတ်လုပ်ရောင်းချလာတော့မှာဖြစ်ကြောင်း သိရပါတယ်။ Vivo Z1x ဗားရှင်းသစ်မှာ RAM8GB သုံးလာမှာဖြစ်လို့ စွမ်းဆောင်ရည်မြင့်မားလာတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Vivo Z1x 8GB RAM ဗားရှင်းဈေးနူန်းကို မသိရသေးပါဘူး။

Vivo Z1x မှာ မျက်နှာပြင် 6.38 လက်မ Super AMOLED Full HD+ ရုပ်ထွက် သုံးထားပါတယ်။ Halo Notch Screen နဲ့ In-Display Fingerprint Scanner ပါဝင်ပါတယ်။ ဖုန်းဖွင့်မှုကို 0.48 စက္ကန့်ဖြင့် ပြုလုပ်နိုင်မယ်လို့ Vivo က ဆိုထားပါတယ်။ Octa-core Snapdragon 712 SoC ၊ RAM6GB နဲ့ ပါဝါထောက်ပံ့ထားကာ Storage 128GB အထိ ရွေးချယ်နိုင်ပါတယ်။ microSD ကနေ ထပ်တိုးလို့ ရပါတယ်။ Z1x မှာ Multi-Tub နဲ့ Ultra Game Modes တို့ ပါဝင်ပါတယ်။

Vivo Z1x မှာ ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 48MP Sony IMX586 Sensor ဖြစ်ပြီး f1.79 သုံးထားပါတယ်။ ဒုတိယကင်မရာက 8MP f/2.2 Ultrawide ကင်မရာဖြစ်ကာ တတိယကင်မရာက 2MP f/2.4 Depth Sensor ဖြစ်ပါတယ်။ ရှေ့ကင်မရာက 32MP ဖြစ်ပါတယ်။

Vivo Z1x မှာ ဘက်ထရီ 4500 mAh ပါဝင်ကာ 22.5W Fast Charging ဖြင့် အားသွင်းနိုင်ပါတယ်။ Android 9.0 Pie အခြေခံ Funtouch OS သုံးထားပါတယ်။ Dual-SIM 4G VoLTE ၊ WiFi 8021.11ac ၊ USB Type C ၊ GPS/A-GPS နဲ့ နားကြပ်ပေါက်တို့ပါဝင်ပါတယ်။

Vivo Z1x ရဲ့ RAM6GB+64GB ကို ဒေါ်လာ 239 နဲ့ RAM6GB+128GB ကို ဒေါ်လာ 267 သတ်မှတ်ထားပါတယ်။ ယခုကြေညာလာမယ့် RAM8GB ဗားရှင်းဈေးနူန်းက ဒေါ်လာ 280 ဝန်းကျင် ဖြစ်လာနိုင်ပါတယ်။ ဒီဖုန်းကို Phanton Purple ၊ Fusion Blue အရောင်တို့နဲ့ ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————–

(Zawgyi Version)

Vivo Z1x 8GB RAM ဗားရွင္းကို မၾကာမီ ေရာင္းခ်လာႏိုင္

ၿပီးခဲ့တဲ့လတုန္းက Vivo ဟာ Vivo Z1x ကို ေၾကညာခဲ့ပါတယ္။ Vivo Z1x မွာ RAM6GB ဘဲ ပါဝင္ပါတယ္။ ယေန႔ထြက္ေပၚလာတဲ့ သတင္းအရ Vivo Z1x ကို RAM8GB ဗားရွင္းနဲ႔လည္း ထုတ္လုပ္ေရာင္းခ်လာေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ Vivo Z1x ဗားရွင္းသစ္မွာ RAM8GB သုံးလာမွာျဖစ္လို႔ စြမ္းေဆာင္ရည္ျမင့္မားလာေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ Vivo Z1x 8GB RAM ဗားရွင္းေဈးႏူန္းကို မသိရေသးပါဘူး။

Vivo Z1x မွာ မ်က္ႏွာျပင္ 6.38 လက္မ Super AMOLED Full HD+ ႐ုပ္ထြက္ သုံးထားပါတယ္။ Halo Notch Screen နဲ႔ In-Display Fingerprint Scanner ပါဝင္ပါတယ္။ ဖုန္းဖြင့္မႈကို 0.48 စကၠန႔္ျဖင့္ ျပဳလုပ္နိုင္မယ္လို႔ Vivo က ဆိုထားပါတယ္။ Octa-core Snapdragon 712 SoC ၊ RAM6GB နဲ႔ ပါဝါေထာက္ပံ့ထားကာ Storage 128GB အထိ ေရြးခ်ယ္နိုင္ပါတယ္။ microSD ကေန ထပ္တိုးလို႔ ရပါတယ္။ Z1x မွာ Multi-Tub နဲ႔ Ultra Game Modes တို႔ ပါဝင္ပါတယ္။

Vivo Z1x မွာ ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္ပါတယ္။ အဓိကကင္မရာက 48MP Sony IMX586 Sensor ျဖစ္ၿပီး f1.79 သုံးထားပါတယ္။ ဒုတိယကင္မရာက 8MP f/2.2 Ultrawide ကင္မရာျဖစ္ကာ တတိယကင္မရာက 2MP f/2.4 Depth Sensor ျဖစ္ပါတယ္။ ေရွ႕ကင္မရာက 32MP ျဖစ္ပါတယ္။

Vivo Z1x မွာ ဘက္ထရီ 4500 mAh ပါဝင္ကာ 22.5W Fast Charging ျဖင့္ အားသြင္းနိုင္ပါတယ္။ Android 9.0 Pie အေျခခံ Funtouch OS သုံးထားပါတယ္။ Dual-SIM 4G VoLTE ၊ WiFi 8021.11ac ၊ USB Type C ၊ GPS/A-GPS နဲ႔ နားၾကပ္ေပါက္တို႔ပါဝင္ပါတယ္။

Vivo Z1x ရဲ႕ RAM6GB+64GB ကို ေဒၚလာ 239 နဲ႔ RAM6GB+128GB ကို ေဒၚလာ 267 သတ္မွတ္ထားပါတယ္။ ယခုေၾကညာလာမယ့္ RAM8GB ဗားရွင္းေဈးႏူန္းက ေဒၚလာ 280 ဝန္းက်င္ ျဖစ္လာနိုင္ပါတယ္။ ဒီဖုန္းကို Phanton Purple ၊ Fusion Blue အေရာင္တို႔နဲ႔ ေရြးခ်ယ္နိုင္ပါမယ္။

NetGuide Journal (Every Wednesday)