Redmi အနေနဲ့ new entry-level လို့ သတ်မှတ်နိုင်မယ့် Redmi 8 နဲ့ 8A ဖုန်းတွေကို တရုတ်နိုင်ငံဈေးကွက် အတွက် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ entry-level ဖုန်း ၂ မျိုးဟာ နောက်ကျောဘက် ကင်မရာတပ်ဆင်ထားတဲ့နေရာတွေမှာ ကွဲပြားသွားတာ ဖြစ်ပါတယ်။ Redmi 8 features ပိုင်းအနေနဲ့ Aura Wave Glass ဒီဇိုင်းနဲ့ဖြစ်ပြီး ဒီပုံစံမျိုးဟာ Redmi K20 နဲ့ခပ်ဆင်ဆင် ပုံစံမျိုးပါ။


8A ကတော့ကွဲပြားသွားပြီး ပလပ်စတစ် Aura Wave Grip ပုံစံနဲ့ပါ။ မျက်နှာပြင်ပိုင်းမှာလည်း တူညီပြီး 6.22-inch HD+ ဖြစ်ပြီး 8MP selfie ကင်မရာကို notches ထဲမှာ ထည့်ထားပါတယ်။ ပရိုဆက်ဆာပိုင်းအတွက် 12nm Snapdragon 439 chipset ကို ဖုန်း ၂ မျိုးလုံးမှာ သုံးထားပြီး 3/4GB RAM နဲ့ 32/64GB storage ဆိုပြီး ရွေးချယ်နိုင်မှာပါ။


ကင်မရာပိုင်းမှာတော့ ဖုန်း ၂ မျိုးလုံးရဲ့နောက်ကျောဘက်မှာ 12MP Sony IMX363 sensor ကိုတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Redmi 8 မှာတော့ 2MP depth ဆင်ဆာ တခုအပိုပါလာမှာပါ။ ပြီးတော့ လက်ဗွေဖတ်စနစ်ကိုပါထည့်သွင်းပေးလာပါတယ်။ ဖုန်း ၂ မျိုးလုံး အတွက် ဘက်ထရီက 5,000 mAh ဖြစ်ပြီး 18W fast charging ထောက်ပံ့ပါတယ်။ Redmi 8 ရဲ့ဈေးနှုန်းကတော့ 3RAM /32GB ကို ယွမ် 799 ($113) နဲ့ 4/64GB model ကိုတော့ ယွမ် 899 ($127)ဖြစ်ပါတယ်။ Redmi 8A ကိုရောင်းချမယ့် ဈေးနှုန်းကတော့ 3/32GB ကို ယွမ် 699 ($99) နဲ့ 4/32GB ကိုတော့ ယွမ် 799 ($113) သတ်မှတ်ထားပါတယ်။

zawgyi version

Redmi 8 နဲ့ 8A စမတ်ဖုန်းတွေကို တရုတ်မှာမိတ်ဆက်



