Realme အနေနဲ့ X2 Pro ကို ကြေညာလိုက်ပါပြီ ဖြစ်ပါတယ်။ ဒီဖုန်းဟာ Realme ရဲ့ ပထမဆုံး စွမ်းရည်မြင့် ဖုန်းလို့သတ်မှတ်နိုင်ပြီး Snapdragon 855 Plus ပရိုဆက်ဆာ သုံးထားပါတယ်။ Realme X2 Pro စမတ်ဖုန်းဟာ ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Xiaomi, Honor နဲ့ OnePlus flagships ဖုန်းတွေကို တိုက်ရိုက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

The Realme X2 Pro brings 90Hz OLED display, S855+ chipset and quad cam with optical zoom

အဲ့ဒီဖုန်းမှာ 90Hz display ဖြစ်ပြီး 6.5 လက်မ “fluid” Super AMOLED သုံးထားပါတယ်။ HDR10+ support လုပ်ပြီး DCI-P3 color space နဲ့ပါ။ မျက်နှာပြင်မှာ သွက်လက်မြန်ဆန်တဲ့ in-display fingerprint reader ကိုသုံးနိုင်မှာဖြစ်ပြီး ဖုန်းကို unlock လုပ်နိုင်မယ့် အချိန်က 0.23 seconds သာကြာမယ့်လို့ သိရပါတယ်။ X2 ဖုန်းတုန်းက 0.36s ကြာပါတယ်။

Snapdragon 855+ chipset ပါဝါနဲ့ဖုန်းဖြစ်ပြီး Realme ပထမဆုံး 8-series chip ဖြစ်ပါတယ်။ GPU စွမ်းဆောင်ရည်ပိုင်းမှာလည်း ၁၅ ရာခိုင်နှုန်းလောက် ပိုမြန်လာပါလိမ့်မယ်။ chipsets ဟာ ဂိမ်းမင်းပိုင်းအတွက် 90fps နဲ့ထိန်းချုပ်နိုင်မှာပါ။ HyperBoost 2.0 ၊ Touch Boost 2.0 တွေကြောင့်လည်း သုံးရတာ သွက်လက်မြန်ဆန်မှုကို ခံစားရစေမှာပါ။ 6GB RAM အခြေပြုဖြစ်ပြီး 64GB UFS 2.1 storage နဲ့ပါ။ 8/128GB နဲ့ 12/256GB တွေကိုလည်း ရွေးချယ်နိုင်ပါလိမ့်မယ်။

Realme X2 Pro မှာ 4,000mAh ဘက်ထရီနဲ့ဖြစ်ပြီး 50W SuperVOOC fast charging support လုပ်ပါတယ်။ 80% ရောက်ဖို့အတွက် 30 မိနစ်ပဲ လိုမှာပါ။ Realme X2 Pro ရဲ့ဈေးနှုန်းတွေကတော့ 6GB/64GB ဗားရှင်းကို ယွမ် 2,699 ($380/€345) ၊ 8GB/128GB model ကိုတော့ ယွမ် 2,899 ($410/€370) နဲ့ 12GB RAM ဗားရှင်းအတွက်ကိုတော့ယွမ် 3,299 ($465/€425)နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

zawgyi version

90Hz OLED display, S855+ chipset နဲ့အတူ 64MP quad ကင်မရာနဲ့ Realme X2 Pro




