မိုဘိုင်းကွန်ရက်တွေရဲ့ စွမ်းဆောင်နိုင်မှုဟာ အခုဆိုရင် 5G အဆင့်ထိရောက်ရှိလာ နေပါပြီ။ ပရိုဆက်ဆာ ထုတ်လုပ်သူတွေဘက်ကလည်း နောက်ပိုင်းမှာ 5G chip တွေကိုသာ ထုတ်လုပ်နိုင်ဖို့အတွက် စိုင်းပြင်းနေပါတယ်။ အလယ်အလတ်ဖုန်းတွေမှာ 5G သုံးနိုင်ဖို့အတွက် ပြုလုပ်နေပြီ ဖြစ်ပါတယ်။ Samsung ကလည်း Exynos 980 5G mid-range chipset လိုမျိုးကို ပြီးခဲ့တဲ့လလောက် ဖြန့်ချိပေးခဲ့ပါတယ်။

Image result for Qualcomm’s 5G mid-range chip

အခြားဘက်မှာလည်း chip ထုတ်လုပ်သူ တဦးဖြစ်တဲ့ Qualcomm ကလည်း အလယ်အလတ်ဖုန်းတွေမှာ သုံးနိုင်မယ့် Snapdragon 600 နဲ့ Snapdragon 700 5G processors တွေကို လာမယ့်နှစ်မှာ ထုတ်ပေးအုံးမယ်လို့ သိရပါတယ်။ chipset နဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေသစ်တွေ ထွက်ပေါ်လာပါတယ်။

Image result for Qualcomm’s 5G mid-range chip

Digital Chat Station ကဖော်ပြချက်အရ Qualcomm SM7250 ရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ $60 နဲ့ $70 ကြားကုန်ကျနိုင်မယ်လို့ သိရပါတယ်။ ပြိုင်ဘက် MediaTek ရဲ့ MT6885 ကတော့ ဒေါ်လာ $40 နဲ့ $50 ကြားသာ ကုန်ကျတယ်လို့ သိရပါတယ်။ chipsets ၂ မျိုးလုံးဟာ dual-mode 5G chips တွေဖြစ်ပြီး OPPO, Vivo နဲ့ Xiaomi (Redmi) တို့မှာ စမ်းသပ်နေပြီး ဖြစ်ပါတယ်။ Qualcomm ရဲ့ chipset ကတော့ဘယ်လို အမျိုးအစားဆိုတာ မသိရသေးပေမယ့် 7nm chipset မျိုးဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ပြိုင်ဘက်ထုတ်လုပ်သူတွေထက် ကုန်ကျစရိတ်ပိုင်းမှာ ပိုများနေတာပါ။

zawgyi version

ပြိုင်ဘက်တွေထက် ကုန်ကျစရိတ်ပိုများနေတဲ့ Qualcomm ရဲ့ 5G mid-range chip



