ဩဂုတ်လတုန်းက ကြေညာပြီးတဲ့နောက် တရုတ်မှာ ရောင်းချခဲ့တဲ့ Nubia Z20 ကို နိုင်ငံတကာဈေးကွက်မှာလည်း ရောင်းချလာပြီ ဖြစ်ပါတယ်။ မျက်နှာပြင်နှစ်ခုပါဝင်တဲ့ ဒီဖုန်းကို မြောက်အမေရိက၊ ဥရောပနဲ့ အာရှဈေးကွက်များမှာ ရောင်းချလာပါပြီ။

Nubia Z20 မှာ စိတ်လှုပ်ရှားဖို့ အကောင်းဆုံးစနစ်ကတော့ ကျောဘက်မှာ မျက်နှာပြင် 5.1 လက်မ ပါဝင်လာတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ အဆင့်မြင့်စနစ်များ အသုံးပြုထားပါသေးတယ်။ ဒီဖုန်းမှာ ထောင့်ကွေးမျက်နှာပြင် 6.41 လက်မ AMOLED ရုပ်ထွက်၊ Snapdragon 855+ SoC ၊ ဘက်ထရီ 4000 mAh နဲ့ ကျောဘက်ကင်မရာသုံးလုံးတို့ ပါဝင်ပါတယ်။

ကျောဘက်ရုပ်ထွက်ကြောင့် ရှေ့ကင်မရာအတွက် နေရာပေးစရာမလိုဘဲ Selfie ဓာတ်ပုံရိုက်ကူးမှုကို ကျောဘက်ကင်မရာသုံးလုံးနဲ့ဘဲ ရိုက်ကူးနိုင်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးမှာ အဓိကကင်မရာက 48MP f/1.7 OIS ဖြစ်ပြီး ဒုတိယကင်မရာက 8MP f/2.4 Telephoto ဖြစ်ကာ 3x Optical Zoom ရိုက်ကူးနိုင်ပါတယ်။ တတိယကင်မရာက မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 16MP f/2.2 ဖြစ်ပါတယ်။

ကျောဘက်ရုပ်ထွက်က 5.1 လက်မ OLED FHD+ Always-on Display ပါဝင်ပါတယ်။ အသုံးပြုသူအနေဖြင့် App များကို နှစ်ဖက်စလုံးမှာ အဆင်ပြေသလို သုံးနိုင်ပါတယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီ 4000 mAh ကို 27W Fast Charging ဖြင့် USB PD 2.0 မှ အားသွင်းနိုင်ပါမယ်။

Nubia Z20 ကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပ၊ ဩစတြေးလျ၊ ဟောင်ကောင်၊ အစ္စရေး၊ ဂျပန်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ မကာအိုတို့မှာ ရောင်းချနေပါတယ်။ ဒီဖုန်းကို Twilight Blue ၊ Diamond Black အရောင်တို့နဲ့ ရွေးချယ်နိုင်ပြီး RAM8GB/128GB ဗားရှင်းတစ်မျိုးတည်းသာ ရွေးနိုင်ပါမယ်။ ဈေးနူန်းက ဒေါ်လာ 549 ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————–

(Zawgyi Version)

မ်က္ႏွာျပင္ႏွစ္ခုပါ Nubia Z20 ကို ႏိုင္ငံတကာေဈးကြက္တြင္ ေရာင္းၿပီ

ဩဂုတ္လတုန္းက ေၾကညာၿပီးတဲ့ေနာက္ တ႐ုတ္မွာ ေရာင္းခ်ခဲ့တဲ့ Nubia Z20 ကို ႏိုင္ငံတကာေဈးကြက္မွာလည္း ေရာင္းခ်လာၿပီ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ႏွစ္ခုပါဝင္တဲ့ ဒီဖုန္းကို ေျမာက္အေမရိက၊ ဥေရာပနဲ႔ အာရွေဈးကြက္မ်ားမွာ ေရာင္းခ်လာပါၿပီ။

Nubia Z20 မွာ စိတ္လႈပ္ရွားဖို႔ အေကာင္းဆုံးစနစ္ကေတာ့ ေက်ာဘက္မွာ မ်က္ႏွာျပင္ 5.1 လက္မ ပါဝင္လာတာဘဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွာ အဆင့္ျမင့္စနစ္မ်ား အသုံးျပဳထားပါေသးတယ္။ ဒီဖုန္းမွာ ေထာင့္ေကြးမ်က္ႏွာျပင္ 6.41 လက္မ AMOLED ႐ုပ္ထြက္၊ Snapdragon 855+ SoC ၊ ဘက္ထရီ 4000 mAh နဲ႔ ေက်ာဘက္ကင္မရာသုံးလုံးတို႔ ပါဝင္ပါတယ္။

ေက်ာဘက္႐ုပ္ထြက္ေၾကာင့္ ေရွ႕ကင္မရာအတြက္ ေနရာေပးစရာမလိုဘဲ Selfie ဓာတ္ပုံရိုက္ကူးမႈကို ေက်ာဘက္ကင္မရာသုံးလုံးနဲ႔ဘဲ ရိုက္ကူးႏိုင္ပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံးမွာ အဓိကကင္မရာက 48MP f/1.7 OIS ျဖစ္ၿပီး ဒုတိယကင္မရာက 8MP f/2.4 Telephoto ျဖစ္ကာ 3x Optical Zoom ရိုက္ကူးႏိုင္ပါတယ္။ တတိယကင္မရာက ျမင္ကြင္းက်ယ္ရိုက္ကူးႏိုင္တဲ့ 16MP f/2.2 ျဖစ္ပါတယ္။

ေက်ာဘက္႐ုပ္ထြက္က 5.1 လက္မ OLED FHD+ Always-on Display ပါဝင္ပါတယ္။ အသုံးျပဳသူအေနျဖင့္ App မ်ားကို ႏွစ္ဖက္စလုံးမွာ အဆင္ေျပသလို သုံးႏိုင္ပါတယ္။ လက္ေဗြရာစနစ္ကို ေဘာင္မွာ ထည့္သြင္းေပးထားပါတယ္။ ဘက္ထရီ 4000 mAh ကို 27W Fast Charging ျဖင့္ USB PD 2.0 မွ အားသြင္းႏိုင္ပါမယ္။

Nubia Z20 ကို အေမရိကန္၊ ၿဗိတိန္၊ ကေနဒါ၊ ဥေရာပ၊ ဩစေၾတးလ်၊ ေဟာင္ေကာင္၊ အစၥေရး၊ ဂ်ပန္၊ စကၤာပူ၊ အင္ဒိုနီးရွား၊ ထိုင္ဝမ္၊ မကာအိုတို႔မွာ ေရာင္းခ်ေနပါတယ္။ ဒီဖုန္းကို Twilight Blue ၊ Diamond Black အေရာင္တို႔နဲ႔ ေရြးခ်ယ္ႏိုင္ၿပီး RAM8GB/128GB ဗားရွင္းတစ္မ်ိဳးတည္းသာ ေရြးႏိုင္ပါမယ္။ ေဈးႏူန္းက ေဒၚလာ 549 ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)