Xiaomi ဟာ တရုတ်ဈေးကွက်မှာ တန်ဖိုးသင့်စမတ်ဖုန်းများဖြစ်ကြတဲ့ Redmi 8 နဲ့ Redmi 8A တို့ကို ကြေညာရောင်းချလာပါတယ်။ တစ်ဆက်တည်းမှာ Xiaomi က လာမယ့်အောက်တိုဘာလ 21 ရက်နေ့မှာ နောက်ထပ် RedmiBook လက်တော့ပ်သစ်တစ်လုံးကို မိတ်ဆက်မယ်လို့ ကြေညာလာပါတယ်။ RedmiBook သစ်က ယခင်ကြေညာခဲ့တဲ့ RedmiBook နဲ့ RedmiBook Pro တို့လို Intel Processor သုံးလာမှာ မဟုတ်ဘဲ AMD Ryzen CPU သုံးလာပါမယ်။

AMD ရဲ့ Ryzen Processor များဟာ ဈေးနူန်းသက်သာတဲ့အပြင် ပါဝါမြင့်မားတာကြောင့် လွန်ခဲ့တဲ့နှစ်တွေအတွင်း ကွန်ပျူတာဈေးကွက်မှာ နာမည်ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် Ryzen Processor များက Intel ရဲ့ i-Core စီးရီး ဈေးနှုန်းနဲ့ယှဉ်ရင် များစွာ သက်သာနေပါတယ်။ ဒါကြောင့်လည်း Xiaomi ဟာ Ryzen Processor သုံးပြီး ဈေးနူန်းသက်သာတဲ့ လက်တော့ပ်ထုတ်လုပ်ဖို့ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Ryzen Processor သုံးလာမယ့် RedmiBook မှာ သုံးလာမယ့် အခြားစနစ်များကို မသိရသေးပါဘူး။ ယင်း RedmiBook က Ryzen 5 3550H Processor သုံးလာတဲ့ ပထမဆုံး RedmiBook ဖြစ်လာပါမယ်။

Ryzen 5 3550H က Quad-core CPU ဖြစ်ပြီး အခြေခံမြန်နူန်း 2.1GHz ရှိကာ 3.7GHz အထိ မြှင့်လို့ရပါတယ်။ 12nm Processor ဖြစ်ပါတယ်။ ဒါ့အပြင် RedmiBook မှာ Radeon Vega 8 GPU သုံးလာမယ်လို့ သတင်းထွက်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————–

(Zawgyi Version)

ပထမဆုံး AMD Ryzen သုံး RedmiBook လက္ေတာ့ပ္ကို ေအာက္တိုဘာလ 21 ရက္တြင္ မိတ္ဆက္မည္

Xiaomi ဟာ တ႐ုတ္ေဈးကြက္မွာ တန္ဖိုးသင့္စမတ္ဖုန္းမ်ားျဖစ္ၾကတဲ့ Redmi 8 နဲ႔ Redmi 8A တို႔ကို ေၾကညာေရာင္းခ်လာပါတယ္။ တစ္ဆက္တည္းမွာ Xiaomi က လာမယ့္ေအာက္တိုဘာလ 21 ရက္ေန႔မွာ ေနာက္ထပ္ RedmiBook လက္ေတာ့ပ္သစ္တစ္လုံးကို မိတ္ဆက္မယ္လို႔ ေၾကညာလာပါတယ္။ RedmiBook သစ္က ယခင္ေၾကညာခဲ့တဲ့ RedmiBook နဲ႔ RedmiBook Pro တို႔လို Intel Processor သုံးလာမွာ မဟုတ္ဘဲ AMD Ryzen CPU သုံးလာပါမယ္။

AMD ရဲ႕ Ryzen Processor မ်ားဟာ ေဈးႏူန္းသက္သာတဲ့အျပင္ ပါဝါျမင့္မားတာေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း ကြန္ပ်ဴတာေဈးကြက္မွာ နာမည္ရရွိလာခဲ့တာလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ Ryzen Processor မ်ားက Intel ရဲ့ i-Core စီးရီး ေဈးႏႈန္းနဲ႔ယွဥ္ရင္ မ်ားစြာ သက္သာေနပါတယ္။ ဒါေၾကာင့္လည္း Xiaomi ဟာ Ryzen Processor သုံးၿပီး ေဈးႏူန္းသက္သာတဲ့ လက္ေတာ့ပ္ထုတ္လုပ္ဖို႔ လုပ္ေဆာင္လာတာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ Ryzen Processor သုံးလာမယ့္ RedmiBook မွာ သုံးလာမယ့္ အျခားစနစ္မ်ားကို မသိရေသးပါဘူး။ ယင္း RedmiBook က Ryzen 5 3550H Processor သုံးလာတဲ့ ပထမဆုံး RedmiBook ျဖစ္လာပါမယ္။

Ryzen 5 3550H က Quad-core CPU ျဖစ္ၿပီး အေျခခံျမန္ႏူန္း 2.1GHz ရွိကာ 3.7GHz အထိ ျမႇင့္လို႔ရပါတယ္။ 12nm Processor ျဖစ္ပါတယ္။ ဒါ့အျပင္ RedmiBook မွာ Radeon Vega 8 GPU သုံးလာမယ္လို႔ သတင္းထြက္ထားပါတယ္။

NetGuide Journal (Every Wednesday)