တရုတ်စမတ်ဖုန်းကုမ္ပဏီ Realme ဟာ သူတို့ရဲ့ ပထမဆုံး အဆင့်မြင့်စမတ်ဖုန်း Realme X2 Pro ကို ကြေညာဖို့ လုပ်နေပါတယ်။ Realme X2 Pro နဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်လာခဲ့တာ ရက်သတ္တပတ် အတန်ကြာပြီဖြစ်ပြီး ယခုအခါ Realme ဟာ ဘယ်တော့မိတ်ဆက်မယ်ဆိုတာ တရားဝင် အတည်ပြုကြေညာလာပြီ ဖြစ်ပါတယ်။ Realme X2 Pro ကို အောက်တိုဘာလ 15 ရက်နေ့မှာ တရုတ်မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ Realme ဟာ Realme X2 Pro မှာ ပါဝင်လာမယ့် ကျောဘက်ကင်မရာလေးလုံးရဲ့ အသေးစိတ်အချက်အလက်များကိုလည်း ကြေညာလာပါတယ်။ Realme X2 Pro မှာ အဓိကကင်မရာက 64MP f/1.72 ဖြစ်ပြီး ဒုတိယကင်မရာက 13MP Telephoto ဖြစ်ကာ 20x Hybrid Zoom ပါဝင်ပါမယ်။ တတိယကင်မရာက 115 ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP ကင်မရာ ဖြစ်ပါတယ်။ စတုတ္ထကင်မရာက 2MP Depth Sensor ဖြစ်ပါတယ်။

TENNA မှာ ဖော်ပြထားမှုအရ Realme X2 Pro မှာ မျက်နှာပြင် 6.5 လက်မ FHD+ AMOLED ရုပ်ထွက်သုံးလာမှာဖြစ်ပြီး 90Hz Display ထောက်ပံ့လာပါမယ်။ In-Display Fingerprint Scanner ပါဝင်လာမှာဖြစ်ပြီး 0.23 စက္ကန့်ဖြင့် ဖုန်းဖွင့်နိုင်ပါမယ်။

မျက်နှာပြင်မှ Waterdrop Notch ထဲမှာ ရှေ့ကင်မရာ 16MP ပါဝင်ပါမယ်။ ဘက်ထရီ 4000 mAh ပါဝင်မှာဖြစ်ပြီး 50W SuperVOOC 2.0 ဖြင့် အားသွင်းနိုင်မှာဖြစ်ကာ မိနစ် 30 ဖြင့် အားအပြည့်သွင်းနိုင်ပါမယ်။ ဒီဖုန်းကို Snapdragon 855+ ဖြင့် အားသွင်းနိုင်ပါမယ်။ Android 9 Pie အခြေခံ ColorOS 6 သုံးထားပါတယ်။ ဒီဖုန်းကို RAM12GB/256GB UFS 3.0 ဗားရှင်းအထိ ရွေးချယ်နိုင်မှာဖြစ်ပြီး နားကြပ်ပေါက် ပါဝင်လာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Realme X2 Pro မိတ္ဆက္မည့္ရက္နဲ႔ ကင္မရာအခ်က္အလက္မ်ားကို Realme အတည္ျပဳလာ

တ႐ုတ္စမတ္ဖုန္းကုမၸဏီ Realme ဟာ သူတို႔ရဲ႕ ပထမဆုံး အဆင့္ျမင့္စမတ္ဖုန္း Realme X2 Pro ကို ေၾကညာဖို႔ လုပ္ေနပါတယ္။ Realme X2 Pro နဲ႔ပတ္သက္ၿပီး သတင္းထြက္ေပၚလာခဲ့တာ ရက္သတၱပတ္ အတန္ၾကာၿပီျဖစ္ၿပီး ယခုအခါ Realme ဟာ ဘယ္ေတာ့မိတ္ဆက္မယ္ဆိုတာ တရားဝင္ အတည္ျပဳေၾကညာလာၿပီ ျဖစ္ပါတယ္။ Realme X2 Pro ကို ေအာက္တိုဘာလ 15 ရက္ေန႔မွာ တ႐ုတ္မွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

အျခားတစ္ဖက္မွာ Realme ဟာ Realme X2 Pro မွာ ပါဝင္လာမယ့္ ေက်ာဘက္ကင္မရာေလးလုံးရဲ႕ အေသးစိတ္အခ်က္အလက္မ်ားကိုလည္း ေၾကညာလာပါတယ္။ Realme X2 Pro မွာ အဓိကကင္မရာက 64MP f/1.72 ျဖစ္ၿပီး ဒုတိယကင္မရာက 13MP Telephoto ျဖစ္ကာ 20x Hybrid Zoom ပါဝင္ပါမယ္။ တတိယကင္မရာက 115 ဒီဂရီ ျမင္ကြင္းက်ယ္႐ိုက္ကူးႏိုင္တဲ့ 8MP ကင္မရာ ျဖစ္ပါတယ္။ စတုတၳကင္မရာက 2MP Depth Sensor ျဖစ္ပါတယ္။

TENNA မွာ ေဖာ္ျပထားမႈအရ Realme X2 Pro မွာ မ်က္ႏွာျပင္ 6.5 လက္မ FHD+ AMOLED ႐ုပ္ထြက္သုံးလာမွာျဖစ္ၿပီး 90Hz Display ေထာက္ပံ့လာပါမယ္။ In-Display Fingerprint Scanner ပါဝင္လာမွာျဖစ္ၿပီး 0.23 စကၠန႔္ျဖင့္ ဖုန္းဖြင့္ႏိုင္ပါမယ္။

မ်က္ႏွာျပင္မွ Waterdrop Notch ထဲမွာ ေရွ႕ကင္မရာ 16MP ပါဝင္ပါမယ္။ ဘက္ထရီ 4000 mAh ပါဝင္မွာျဖစ္ၿပီး 50W SuperVOOC 2.0 ျဖင့္ အားသြင္းႏိုင္မွာျဖစ္ကာ မိနစ္ 30 ျဖင့္ အားအျပည့္သြင္းႏိုင္ပါမယ္။ ဒီဖုန္းကို Snapdragon 855+ ျဖင့္ အားသြင္းႏိုင္ပါမယ္။ Android 9 Pie အေျခခံ ColorOS 6 သုံးထားပါတယ္။ ဒီဖုန္းကို RAM12GB/256GB UFS 3.0 ဗားရွင္းအထိ ေရြးခ်ယ္ႏိုင္မွာျဖစ္ၿပီး နားၾကပ္ေပါက္ ပါဝင္လာပါမယ္။

NetGuide Journal (Every Wednesday)