Pixel 4 ဖုန်းတွေကို မိတ်ဆက်ပေးမယ့် အချိန်က သိပ်မလိုတော့ပါဘူး။ အဲ့ဒီဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်နဲ့ ပုံစံဒီဇိုင်းတွေ နေ့စဉ်လို ထွက်ရှိနေပါတယ်။ ဒီနေ့ထွက်လာတာကတော့ retail box ပုံစံပါ။ လက်ရှိမြင်ရတဲ့ပုံစံအရPixel 4 ရဲ့ retail box ထဲမှာ earbuds ပါဝင်လာခြင်း မရှိပါဘူး။ ဖုန်းကိုအားသွင်းဖို့အတွက် 18W ချာဂျာကိုသာ ထောက်ပံ့ပေးအုံးမှာပါ။ fast charging တော့ ပါဝင်အုံးမှာ မဟုတ်ပါဘူး။

USB-C အတွက် 3.5mm adapter ကတော့ ပါဝင်လာမှာပါ။ Pixel 3 ဖုန်းတုံးက Pixel earbuds လေးကို ဘောက်စ်ထဲမှာ ထည့်ထားပေးပါတယ်။Pixel 4 မှာတော့ မတွေ့ရပါဘူး။ တတိယမျိုးဆက် Pixel ဖုန်းဟာ 3.5mm headphone jack မပါတဲ့ ပထမဆုံး pixel ဖုန်းဖြစ်ခဲ့ပါတယ်။ အဲ့ဒီအတွက် Google က USB-C earbuds နဲ့ 3.5mm adapter တို့ကို ထည့်ပေးခဲ့ပါတယ်။

Google အနေနဲ့ စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Pixel 4 နဲ့ Pixel 4 XL ဖုန်းတွေကို အောက်တိုဘာ ၁၅ ရက်နေ့ နယူးယောက်မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ သတင်းတွေအရ Pixel 4 မှာ ၅.၇ လက်မ FHD+ Display နဲ့ အရွယ်ကြီး ဖုန်းလို့ ဆိုရမယ့် Pixel 4 XL မှာ ၆.၃ လက်မ QHD+ Display ပါလာမှာပါ။ ကင်မရာပိုင်းအတွက် Motion Mode နာမည်ရ ကင်မရာ လုပ်ဆောင်ချက် အသစ်ကိုလည်း ထည့်သွင်းလာမယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ Pixel 4 မှာ 2800mAh နဲ့ Pixel 4 XL မှာ 3700mAh ဖြစ်ဖို့များပါတယ်။

zawgyi

Pixel 4 စမတ္ဖုန္းရဲ႕ retail box ေပါက္ၾကားထြက္ရွိလာ

Pixel 4 ဖုန္းေတြကို မိတ္ဆက္ေပးမယ့္ အခ်ိန္က သိပ္မလိုေတာ့ပါဘူး။ အဲ့ဒီဖုန္းနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္နဲ႔ ပုံစံဒီဇိုင္းေတြ ေန႔စဥ္လို ထြက္ရွိေနပါတယ္။ ဒီေန႔ထြက္လာတာကေတာ့ retail box ပုံစံပါ။ လက္ရွိျမင္ရတဲ့ပုံစံအရPixel 4 ရဲ႕ retail box ထဲမွာ earbuds ပါဝင္လာျခင္း မရွိပါဘူး။ ဖုန္းကိုအားသြင္းဖို႔အတြက္ 18W ခ်ာဂ်ာကိုသာ ေထာက္ပံ့ေပးအုံးမွာပါ။ fast charging ေတာ့ ပါဝင္အုံးမွာ မဟုတ္ပါဘူး။

USB-C အတြက္ 3.5mm adapter ကေတာ့ ပါဝင္လာမွာပါ။ Pixel 3 ဖုန္းတုံးက Pixel earbuds ေလးကို ေဘာက္စ္ထဲမွာ ထည့္ထားေပးပါတယ္။Pixel 4 မွာေတာ့ မေတြ႕ရပါဘူး။ တတိယမ်ိဳးဆက္ Pixel ဖုန္းဟာ 3.5mm headphone jack မပါတဲ့ ပထမဆုံး pixel ဖုန္းျဖစ္ခဲ့ပါတယ္။ အဲ့ဒီအတြက္ Google က USB-C earbuds နဲ႔ 3.5mm adapter တို႔ကို ထည့္ေပးခဲ့ပါတယ္။

Google အေနနဲ႔ စမတ္ဖုန္းသစ္ေတြျဖစ္တဲ့ Pixel 4 နဲ႔ Pixel 4 XL ဖုန္းေတြကို ေအာက္တိုဘာ ၁၅ ရက္ေန႔ နယူးေယာက္မွာ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ သတင္းေတြအရ Pixel 4 မွာ ၅.၇ လက္မ FHD+ Display နဲ႔ အ႐ြယ္ႀကီး ဖုန္းလို႔ ဆိုရမယ့္ Pixel 4 XL မွာ ၆.၃ လက္မ QHD+ Display ပါလာမွာပါ။ ကင္မရာပိုင္းအတြက္ Motion Mode နာမည္ရ ကင္မရာ လုပ္ေဆာင္ခ်က္ အသစ္ကိုလည္း ထည့္သြင္းလာမယ္လို႔ သိရပါတယ္။ ဘက္ထရီကေတာ့ Pixel 4 မွာ 2800mAh နဲ႔ Pixel 4 XL မွာ 3700mAh ျဖစ္ဖို႔မ်ားပါတယ္။