စကော့တလန်ဆယ်ကျော်သက် လူငယ်နှစ်ဦးတို့ဟာ Metropolitan Police ရဲ့ ဝက်ဘ်ဆိုက်ကို ဟက်ကာ ပေါက်ကရများရေးသားခဲ့ကြမှုအတွက် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ဗြိတိန်ရဲ့ အကြီးမားဆုံး ဝက်ဘ်ဆိုက် ဟာပြီးခဲ့တဲ့ ဇူလိုင်လတုန်းကအဟက်ခံခဲ့ရကာ Verified Account 1.2 ကျော်တို့ထံသို့ ပေါက်ကရ message များ ပေးပို့ခဲ့ပါတယ်။

အဟက်ခံရတဲ့ လူငယ်များက အသက် 18 နှင့် 19 နှစ်တို့ရှိပြီးလိုဆီမောင့်နဲ့ ဂလက်စကိုတို့မှဖြစ်ပါတယ်။ ၎င်းတို့ကို Police Scotland က ဟက်မှုအတွက် တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန်းဟာ ယင်းဟက်မှုနဲ့ပတ်သက်ပြီးလန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ဖူးပသေးတယ်။ ဒါ့အပြင် ယင်းသို့ ရဲတပ်ဖွဲ့ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး တိုက်ခိုက်ပြောဆို မှုများစွာ ခံခဲ့ရပါတယ်။NetGuide Journal (Every Wednesday)

—————————————————————————————

(Zawgyi Version)

Met Police ဝက်ဘ်ဆိုက်ကိုဟက်ခဲ့တဲ့ လူငယ်နှစ်ဦးဖမ်းဆီးခြင်းခံရ



