photo-gsmarena

Huawei အနေနဲ့ foldable Mate X ဖုန်းကို MWC 2019 တုန်းက ထုတ်ပြခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းရောင်းချနိုင်မယ့် အချိန်ကတော့ နှောင့်နှေးကျန့်ကြာလျက် ရှိနေပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့တရုတ်နိုင်ငံကြားမှာ ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့်လည်း foldable Mate X ရောင်းချမှုကို အတားအဆီး ဖြစ်လျက်ရှိပါတယ်။ ဟွာဝေးစီအီအို ရစ်ချက်ကတော့ အောက်တိုဘာလမှာ ရောင်းချပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ခန့်မှန်းချက်တွေ အရတော့ ယခုလကုန်ပိုင်းလောက် ဖြစ်ဖို့များပါတယ်။

တရုတ်ကလာတဲ့ သတင်းတွေအရ ဟွာဝေးအနေနဲ့ foldable Mate X ဖုန်းတွေကို အများအပြား ထုတ်လုပ်နေလျက်ရှိပြီး နောက်ဆုံးသတ်မှတ်ရက် အမှီလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားမယ်လို့ သိရပါတယ်။ ဆီနာနည်းပညာကုမ္ပဏီရဲ့ ပြောကြားချက်အရ ခေါက်သိမ်းနိုင်တဲ့ မျက်နှာပြင်နဲ့ ဖုန်းထုတ်လုပ်မှုဟာ အလွန်ခက်ခဲပြီး၊ ပုံမှန်ဖုန်းတွေ ထုတ်လုပ်မှုထက်လည်း အချိန်ပိုယူရတယ်လို့ ဆိုပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာမိုဘိုင်းဖုန်းတွေရဲ့အပြောင်းအလဲကို စတင်ယူဆောင်လာမယ့် ဖုန်းမျိုးပါ။

မိတ်ဆက်မှုပြုလုပ်ပြီး နောက်ပိုင်း ဈေးကွက်အတွင်း ရောင်းချမှုအတွက် အဓိကနှောင့်နှေးမှု ၂ ခုရှိခဲ့ပါတယ်။ ပထမတခုကတော့ folding screen ကိုပိုကောင်းပြီးအကြမ်းခံတဲ့ ပုံစံမျိုးရအောင် ပြင်ဆင်နေတာကြောင့် ဖြစ်ပါတယ်။ ဒုတိယနှောင့်နှေးမှုကတော့ ကုမ္ပဏီအနေနဲ့ သုံးစွဲသူတွေ folding screen ကိုသုံးတဲ့အချိန်မှာ အဆင်ပြေစေတဲ့ user interface ဖြစ်ဖို့ ပြုလုပ်နေတာ ကြောင့်လို့ သိရပါတယ်။ foldable Mate X ကိုစတင်မိတ်ဆက်တဲ့ အချိန်တုန်းက ဈေးနှုန်းက ဒေါ်လာ 2,250 ပတ်လည်နဲ့ဖြစ်ပြီး Kirin 980 chipset ကိုသုံးထားပါတယ်။

zawgyi

အောက်တိုဘာလကုန်ပိုင်းလောက်မှာ စတင် ရောင်းချလာမယ့် Huawei Mate X


photo-gsmarena

