မကြာသေးမီတုန်းက OPPO ဟာ 65W SuperVOOC 2.0 နှင့် 90Hz ရုပ်ထွက်ပါဝင်တဲ့ OPPO Reno Ace ကို ကြေညာခဲ့ပါတယ်။ OPPO ဟာ Reno Ace နဲ့အတူ OPPO K5 ကိုလည်း ကြေညာခဲ့ပါတယ်။ OPPO ဟာ မဝေးတော့တဲ့ ကာလအတွင်းမှာ နောက်ထပ် Reno စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာဦးမှာ ဖြစ်ပါတယ်။ OPPO Reno2 Z ဖြစ်ပါတယ်။ OPPO Reno2 Z ဟာ TENNA မှာ ထောက်ခံချက် ရရှိလာပြီ ဖြစ်ပါတယ်။

TENNA မှာ OPPO Reno2 Z ရဲ့ ဒီဇိုင်းဓာတ်ပုံနဲ့ ဖုန်းမှာ သုံးလာမယ့် စနစ်အချို့တို့ကို ဖော်ပြထားပါတယ်။ OPPO Reno2 Z က အခြား Reno စမတ်ဖုန်းများလိုဘဲ ကျောဘက်ကင်မရာများကို အလယ်မှာ ဒေါင်လိုက်ထည့်သွင်းလာပါမယ်။ ရှေ့ကင်မရာကို Pop-Up စနစ်မှာ ထည့်သွင်းလာပါမယ်။

OPPO Reno2 Z ကို MediaTek Helio P90 နဲ့ အထိုင်ချလာမှာဖြစ်ပြီး Android 9 Pie အခြေခံ ColorOS 6.1 သုံးလာပါမယ်။ ဘက်ထရီ 4000 mAh ပါဝင်ပြီး VOOC 3.0 ဖြင့် အားသွင်းနိုင်ပါမယ်။ မျက်နှာပြင် 6.53 လက်မကို Super AMOLED FHD+ ရုပ်ထွက် သုံးလာပါမယ်။ ကျောဘက်ကင်မရာလေးလုံးက 48MP+8MP+2P+2MP ဖြစ်ကာ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ OPPO Reno2 Z ကို ဘယ်တော့ကြေညာရောင်းချလာမလဲ အတိအကျ မပြောနိုင်သေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Helio P90 Chipset အသုံးျပဳထားတဲ့ OPPO Reno2 Z မၾကာမီ ထြက္လာမည္

မၾကာေသးမီတုန္းက OPPO ဟာ 65W SuperVOOC 2.0 ႏွင့္ 90Hz ႐ုပ္ထြက္ပါဝင္တဲ့ OPPO Reno Ace ကို ေၾကညာခဲ့ပါတယ္။ OPPO ဟာ Reno Ace နဲ႔အတူ OPPO K5 ကိုလည္း ေၾကညာခဲ့ပါတယ္။ OPPO ဟာ မေဝးေတာ့တဲ့ ကာလအတြင္းမွာ ေနာက္ထပ္ Reno စမတ္ဖုန္းသစ္တစ္လုံးကို ေၾကညာလာဦးမွာ ျဖစ္ပါတယ္။ OPPO Reno2 Z ျဖစ္ပါတယ္။ OPPO Reno2 Z ဟာ TENNA မွာ ေထာက္ခံခ်က္ ရရွိလာၿပီ ျဖစ္ပါတယ္။

TENNA မွာ OPPO Reno2 Z ရဲ႕ ဒီဇိုင္းဓာတ္ပုံနဲ႔ ဖုန္းမွာ သုံးလာမယ့္ စနစ္အခ်ိဳ႕တို႔ကို ေဖာ္ျပထားပါတယ္။ OPPO Reno2 Z က အျခား Reno စမတ္ဖုန္းမ်ားလိုဘဲ ေက်ာဘက္ကင္မရာမ်ားကို အလယ္မွာ ေဒါင္လိုက္ထည့္သြင္းလာပါမယ္။ ေရွ႕ကင္မရာကို Pop-Up စနစ္မွာ ထည့္သြင္းလာပါမယ္။

OPPO Reno2 Z ကို MediaTek Helio P90 နဲ႔ အထိုင္ခ်လာမွာျဖစ္ၿပီး Android 9 Pie အေျခခံ ColorOS 6.1 သုံးလာပါမယ္။ ဘက္ထရီ 4000 mAh ပါဝင္ၿပီး VOOC 3.0 ျဖင့္ အားသြင္းႏိုင္ပါမယ္။ မ်က္ႏွာျပင္ 6.53 လက္မကို Super AMOLED FHD+ ႐ုပ္ထြက္ သုံးလာပါမယ္။ ေက်ာဘက္ကင္မရာေလးလုံးက 48MP+8MP+2P+2MP ျဖစ္ကာ ေရွ႕ကင္မရာက 16MP ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ OPPO Reno2 Z ကို ဘယ္ေတာ့ေၾကညာေရာင္းခ်လာမလဲ အတိအက် မေျပာႏိုင္ေသးပါဘူး။

NetGuide Journal (Every Wednesday)