Google ဟာ ဟောင်ကောင်သပိတ်လှုပ်ရှားသူတစ်ဦးအဖြစ် ကစားရတဲ့ မိုဘိုင်းဂိမ်းတစ်ခုကို Google Play Store မှ ဖယ်ရှားလိုက်ရပါတယ်။ Google က ယင်းဂိမ်းအားဖြုတ်ချရခြင်းမှာ တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ Google Play Store ရဲ့ ပေါ်လစီကြောင့် ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

ဟောင်ကောင်သပိတ်ထောက်ခံတဲ့ ဂိမ်းကုမ္ပဏီအမြောက်အမြားတို့ဟာ ဟောင်ကောင်သပိတ်ဂိမ်းများ ဖန်တီးနေ ကြပြီး ပြည်မတရုတ်များကို တိုက်ခိုက်ကြပါတယ်။

ယခု Google က Play Store မှ ဖယ်ရှားလိုက်တဲ့ ဂိမ်းအမည်မှာ Revolution Of Our Times အမည် ရှိဂိမ်းဖြစ်ပြီး ကစားသူဟာ ဟောင်ကောင်သပိတ်ဆင်နွဲသူတစ်ဦးအဖြစ် ကစားရမှာဖြစ်ပါတယ်။

ဂိမ်းကစားသူဟာ အပြင်မှသပိတ်ဆင်နွဲသူတစ်ဦးကဲ့သို့ပင် လက်နက်များ၊ အကာအကွယ်ပစ္စည်းများ ဝယ်ယူနိုင်သလို ဖမ်းဆီးထိန်းသိမ်းခံရကာ တရုတ်သို့ ပို့ဆောင်ခြင်းပင် ခံရနိုင်ပါတယ်။

ဟောင်ကောင်သပိတ်က ပြီးခဲ့တဲ့ ဇွန်လကတည်းကစတင်ခဲ့တာဖြစ်ပြီး ဟောင်ကောင်မှ တရားခံကို တရုတ်ပြည်မ သို့ လွဲပြောင်းရေးနဲ့ပတ်သက်ပြီး စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာဆန္ဒပြသူများဟာ ဟောင်ကောင် တရားစီရင်ရေးအား လွတ်လပ်စွာလုပ်ဆောင်နိုင်ရေးအထိ တောင်းဆိုသပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Google Play Store ရွိေဟာင္ေကာင္ သပိတ္ဂိမ္းကို ဖယ္ရွား

Google ဟာ ေဟာင္ေကာင္သပိတ္လွုပ္ရွားသူတစ္ဦးအျဖစ္ ကစားရတဲ့ မိုဘိုင္းဂိမ္းတစ္ခုကို Google Play Store မွ ဖယ္ရွားလိုက္ရပါတယ္။ Google က ယင္းဂိမ္းအားျဖဳတ္ခ်ရျခင္းမွာ တစ္စုံတစ္ေယာက္ရဲ့ ေတာင္းဆိုမွုေၾကာင့္ မဟုတ္ဘဲ Google Play Store ရဲ့ ေပၚလစီေၾကာင့္ ဖယ္ရွားလိုက္ျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

ေဟာင္ေကာင္သပိတ္ေထာက္ခံတဲ့ ဂိမ္းကုမၸဏီအေျမာက္အျမားတို႔ဟာ ေဟာင္ေကာင္သပိတ္ဂိမ္းမ်ား ဖန္တီးေန ၾကၿပီး ျပည္မတ႐ုတ္မ်ားကို တိုက္ခိုက္ၾကပါတယ္။

ယခု Google က Play Store မွ ဖယ္ရွားလိုက္တဲ့ ဂိမ္းအမည္မွာ Revolution Of Our Times အမည္ ရွိဂိမ္းျဖစ္ၿပီး ကစားသူဟာ ေဟာင္ေကာင္သပိတ္ဆင္ႏြဲသူတစ္ဦးအျဖစ္ ကစားရမွာျဖစ္ပါတယ္။

ဂိမ္းကစားသူဟာ အျပင္မွသပိတ္ဆင္ႏြဲသူတစ္ဦးကဲ့သို႔ပင္ လက္နက္မ်ား၊ အကာအကြယ္ပစၥည္းမ်ား ဝယ္ယူနိုင္သလို ဖမ္းဆီးထိန္းသိမ္းခံရကာ တ႐ုတ္သို႔ ပို႔ေဆာင္ျခင္းပင္ ခံရနိုင္ပါတယ္။

ေဟာင္ေကာင္သပိတ္က ၿပီးခဲ့တဲ့ ဇြန္လကတည္းကစတင္ခဲ့တာျဖစ္ၿပီး ေဟာင္ေကာင္မွ တရားခံကို တ႐ုတ္ျပည္မ သို႔ လြဲေျပာင္းေရးနဲ႔ပတ္သက္ၿပီး စတင္ခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာဆႏၵျပသူမ်ားဟာ ေဟာင္ေကာင္ တရားစီရင္ေရးအား လြတ္လပ္စြာလုပ္ေဆာင္နိုင္ေရးအထိ ေတာင္းဆိုသပိတ္ေမွာက္ခဲ့ၾကတာျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)