Mastercard ၊ eBays ၊ Stripe ဟာ Facebook ရဲ့ ဒီဂျစ်တယ်ငွေစီမံကိန်း Libra ကို ထောက်ခံမှုကို နောက် ဆုတ်လိုက်ကြပါတယ်။ ယင်းကုမ္ပဏီများဟာ ပြီးခဲ့တဲ့အပတ်တုန်းက PayPal က မထောက်ပံ့ကြောင်း ကြေညာ ပြီးနောက် နောက်ဆုတ်လာကြတာလည်းဖြစ်ပါတယ်။

ယခုကဲ့သို့ Master ၊ eBays ၊ PayPal ကဲ့သို့ ထိပ်သီးကုမ္ပဏီများကငွေပေးချေမှုကို ထောက်ပံ့ခြင်းမပြုမှုက Facebook အနေဖြင့် ကမ္ဘာ့ငွေကြေးဈေးကွက်သို့ ဝင်ရောက်ဖို့ကြီးမားတဲ့ အခက်အခဲဖြစ်လာစေပါတယ်။ လက်ရှိ အချိန်မှာ Facebook ရဲ့ Libra ဒီဂျစ်တယ်ငွေစီမံကိန်းဟာ အမေရိကန်မှာနိုင်ငံရေးသမားများ၊ လွှတ်တော် အမတ်များရဲ့ အပြင်းအထန် ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

Facebook ရဲ့ စီအီးအိုမတ်ဇူကာဘတ်ဟာ လာမယ့် အောက်တိုဘာလ 23 ရက်နေ့ မတိုင်မီ House Committee on Financial Service နဲ့ ဆွေးနွေးမှုပြလုပ်ရဦးမှာဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်အမတ်များက Facebook Libra ကို အသုံးချကာ ငွေကြေးခဝါချမှုပြုလုပ်ရာမှာ အသုံးချလာမှာကို အထူးစိုးရိမ်နေကြပါတယ်။

Facebook Libra ကို ထောက်ပံ့ခြင်းမရှိတဲ့ ကုမ္ပဏီများထဲမှာ လက်တင်အမေရိကရဲ့ ငွေပေးချေမှုစနစ်ကို လွှမ်းမိုးထားတဲ့ Mercado Pago အပါအဝင် နယ်သာလန်အခြေစိုက် PayU တို့ကလည်း ထောက်ပံ့ခြင်းမရှိပါဘူး။

ဒါပေမယ့် လတ်တလောမှာယင်းကုမ္ပဏီများဟာ အနာဂတ်မှာ Facebook Libra နဲ့ ပူးပေါင်းနိုင်ကြောင်း ကြေညာထားပါတယ်။ ၎င်းတို့ဟာ Libra ရဲ့ အောင်မြင်မှုအရေးပါမှုကိုကြည့်ကာ အနာဂတ်မှာပူးပေါင်းလာဖို့တော့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Facebook ရဲ့ အြန္လိုင္းေငြေၾကးကို ေငြေပးေခ်မွုထိပ္သီးကုမၸဏီမ်ားလက္မခံ

Mastercard ၊ eBays ၊ Stripe ဟာ Facebook ရဲ့ ဒီဂ်စ္တယ္ေငြစီမံကိန္း Libra ကို ေထာက္ခံမွုကို ေနာက္ ဆုတ္လိုက္ၾကပါတယ္။ ယင္းကုမၸဏီမ်ားဟာ ၿပီးခဲ့တဲ့အပတ္တုန္းက PayPal က မေထာက္ပံ့ေၾကာင္း ေၾကညာ ၿပီးေနာက္ ေနာက္ဆုတ္လာၾကတာလည္းျဖစ္ပါတယ္။

ယခုကဲ့သို႔ Master ၊ eBays ၊ PayPal ကဲ့သို႔ ထိပ္သီးကုမၸဏီမ်ားကေငြေပးေခ်မွုကို ေထာက္ပံ့ျခင္းမျပဳမွုက Facebook အေနျဖင့္ ကမၻာ့ေငြေၾကးေဈးကြက္သို႔ ဝင္ေရာက္ဖို႔ႀကီးမားတဲ့ အခက္အခဲျဖစ္လာေစပါတယ္။ လက္ရွိ အခ်ိန္မွာ Facebook ရဲ့ Libra ဒီဂ်စ္တယ္ေငြစီမံကိန္းဟာ အေမရိကန္မွာနိုင္ငံေရးသမားမ်ား၊ လႊတ္ေတာ္ အမတ္မ်ားရဲ့ အျပင္းအထန္ ေဝဖန္မွုနဲ႔ ရင္ဆိုင္ေနရပါတယ္။

Facebook ရဲ့ စီအီးအိုမတ္ဇူကာဘတ္ဟာ လာမယ့္ ေအာက္တိုဘာလ 23 ရက္ေန႔ မတိုင္မီ House Committee on Financial Service နဲ႔ ေဆြးေႏြးမွုျပလုပ္ရဦးမွာျဖစ္ပါတယ္။

အေမရိကန္လႊတ္ေတာ္အမတ္မ်ားက Facebook Libra ကို အသုံးခ်ကာ ေငြေၾကးခဝါခ်မွုျပဳလုပ္ရာမွာ အသုံးခ်လာမွာကို အထူးစိုးရိမ္ေနၾကပါတယ္။

Facebook Libra ကို ေထာက္ပံ့ျခင္းမရွိတဲ့ ကုမၸဏီမ်ားထဲမွာ လက္တင္အေမရိကရဲ့ ေငြေပးေခ်မွုစနစ္ကို လႊမ္းမိုးထားတဲ့ Mercado Pago အပါအဝင္ နယ္သာလန္အေျခစိုက္ PayU တို႔ကလည္း ေထာက္ပံ့ျခင္းမရွိပါဘူး။

ဒါေပမယ့္ လတ္တေလာမွာယင္းကုမၸဏီမ်ားဟာ အနာဂတ္မွာ Facebook Libra နဲ႔ ပူးေပါင္းနိုင္ေၾကာင္း ေၾကညာထားပါတယ္။ ၎တို႔ဟာ Libra ရဲ့ ေအာင္ျမင္မွုအေရးပါမွုကိုၾကည့္ကာ အနာဂတ္မွာပူးေပါင္းလာဖို႔ေတာ့ ရွိပါတယ္။

NetGuide Journal (Every Wednesday)