ယခုနှစ် အစောပိုင်းတုန်းက အမေရိကန်ကုန်သွယ်ရေးဌာနဟာ Huawei ကို နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်နေတယ်ဆိုပြီး Blacklist ထဲသို့ ထည့်သွင်းခဲ့ပါတယ်။ ယင်းကြောင့် အမေရိကန်ကုမ္ပဏီများဟာ Huawei နဲ့ အလုပ်လုပ်ခွင့် မရရှိကြပါဘူး။ တစ်ဆက်တည်းမှာဘဲ Huawei ဟာ Google Android လိုင်စင် ရုတ်သိမ်းခံရပါတယ်။ Huawei ဟာ နောက်ဆုံးထွက် အဆင့်မြင့်စမတ်ဖုန်း Huawei Mate 30 စီးရီးမှာ Google ဝန်ဆောင်မှုများ ထည့်သွင်းခွင့် မရပါဘူး။

အမေရိကန်က ပိတ်ပင်မှုပြုလုပ်ပြီးနောက် မီဒီယာများက Huawei ဟာ 2012 ခုနှစ်ကတည်းက OS တစ်ခုကို လျို့ဝှက်လုပ်ဆောင်လာကြောင်း ဖော်ပြခဲ့ကြပါတယ်။ အစောပိုင်းတုန်းက Huawei ဟာ အမေရိကန်ရဲ့ ပိတ်ပင်မှု ဖယ်ရှားခြင်းမခံရလျှင် ကိုယ်ပိုင် OS သုံးထားတဲ့ စမတ်ဖုန်းတစ်လုံးကို ယခုနှစ် နှစ်ကုန်မှာ ထုတ်လုပ်မယ် သတင်းထွက်ခဲ့ပါဘူး။ နောက်ပိုင်းမှာ Huawei က ကိုယ်ပိုင် OS ကို Plan B အဖြစ်သာ သတ်မှတ်ထားပြီး Android OS သုံးနိုင်ရေးသာ အဓိကဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ယခုအခါ Huawei ဟာ ကိုယ်ပိုင် OS ဖြစ်တဲ့ HarmonyOS ကို ကြေညာထားပြီး ဖြစ်ပါတယ်။ HarmonyOS က စမတ်ဖုန်းများမှာသာမက စမတ်တီဗွီအပါအဝင် အင်တာနက်သုံး Device အားလုံးမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ထားတဲ့ OS ဖြစ်ပါတယ်။

Fortune Magazine နဲ့ အင်တာဗျူးမှာ Huawei စီအီးအို ရန်ကျင်းဖေက HarmonyOS မှာ 2 နှစ်အတွင်းမှာ Apple ရဲ့ iOS ကို ယှဉ်ပြိုင်လာနိုင်မှာဖြစ်ကြောင်း ပြောကြားလာပါတယ်။

ဒါပေမယ့် လတ်တလောအချိန်မှာတော့ Huawei ဟာ Google ရဲ့ Product များကို အသုံးပြုနိုင်ခြင်း မရှိမှုကြောင့် ဝင်ငွေ ဒေါ်လာ 10 ဘီလီယမ်အထိ နစ်နာထားပြီး ဖြစ်ပါတယ်။ Huawei ဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုကြုံရပေမယ့် 2019 ခုနှစ် ပထမနှစ်ဝက်မှာ ဒေါ်လာ 58.3 ဘီလီယမ်အထိ ရရှိပြီး ယမန်နှစ်တုန်းကထက် 23.2 ရာခိုင်နူန်းအထိ ဝင်ငွေမြင့်တက်လာပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

2 ႏွစ္အတြင္းတြင္ Apple ရဲ႕ iOS ကို HarmonyOS ယွဥ္ၿပိဳင္ႏိုင္မည္ဟု Huawei CEO ေျပာၾကား

ယခုႏွစ္ အေစာပိုင္းတုန္းက အေမရိကန္ကုန္သြယ္ေရးဌာနဟာ Huawei ကို ႏိုင္ငံေတာ္လုံျခဳံေရး ၿခိမ္းေျခာက္ေနတယ္ဆိုၿပီး Blacklist ထဲသို႔ ထည့္သြင္းခဲ့ပါတယ္။ ယင္းေၾကာင့္ အေမရိကန္ကုမၸဏီမ်ားဟာ Huawei နဲ႔ အလုပ္လုပ္ခြင့္ မရရွိၾကပါဘူး။ တစ္ဆက္တည္းမွာဘဲ Huawei ဟာ Google Android လိုင္စင္ ႐ုတ္သိမ္းခံရပါတယ္။ Huawei ဟာ ေနာက္ဆုံးထြက္ အဆင့္ျမင့္စမတ္ဖုန္း Huawei Mate 30 စီးရီးမွာ Google ဝန္ေဆာင္မႈမ်ား ထည့္သြင္းခြင့္ မရပါဘူး။

အေမရိကန္က ပိတ္ပင္မႈျပဳလုပ္ၿပီးေနာက္ မီဒီယာမ်ားက Huawei ဟာ 2012 ခုႏွစ္ကတည္းက OS တစ္ခုကို လ်ိဳ႕ဝွက္လုပ္ေဆာင္လာေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။ အေစာပိုင္းတုန္းက Huawei ဟာ အေမရိကန္ရဲ႕ ပိတ္ပင္မႈ ဖယ္ရွားျခင္းမခံရလၽွင္ ကိုယ္ပိုင္ OS သုံးထားတဲ့ စမတ္ဖုန္းတစ္လုံးကို ယခုႏွစ္ ႏွစ္ကုန္မွာ ထုတ္လုပ္မယ္ သတင္းထြက္ခဲ့ပါဘူး။ ေနာက္ပိုင္းမွာ Huawei က ကိုယ္ပိုင္ OS ကို Plan B အျဖစ္သာ သတ္မွတ္ထားၿပီး Android OS သုံးႏိုင္ေရးသာ အဓိကျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။

ယခုအခါ Huawei ဟာ ကိုယ္ပိုင္ OS ျဖစ္တဲ့ HarmonyOS ကို ေၾကညာထားၿပီး ျဖစ္ပါတယ္။ HarmonyOS က စမတ္ဖုန္းမ်ားမွာသာမက စမတ္တီဗြီအပါအဝင္ အင္တာနက္သုံး Device အားလုံးမွာ အသုံးျပဳႏိုင္ေအာင္ လုပ္ေဆာင္ထားတဲ့ OS ျဖစ္ပါတယ္။

Fortune Magazine နဲ႔ အင္တာဗ်ဴးမွာ Huawei စီအီးအို ရန္က်င္းေဖက HarmonyOS မွာ 2 ႏွစ္အတြင္းမွာ Apple ရဲ႕ iOS ကို ယွဥ္ၿပိဳင္လာႏိုင္မွာျဖစ္ေၾကာင္း ေျပာၾကားလာပါတယ္။

ဒါေပမယ့္ လတ္တေလာအခ်ိန္မွာေတာ့ Huawei ဟာ Google ရဲ႕ Product မ်ားကို အသုံးျပဳႏိုင္ျခင္း မရွိမႈေၾကာင့္ ဝင္ေငြ ေဒၚလာ 10 ဘီလီယမ္အထိ နစ္နာထားၿပီး ျဖစ္ပါတယ္။ Huawei ဟာ အေမရိကန္ရဲ႕ ပိတ္ပင္မႈၾကံဳရေပမယ့္ 2019 ခုႏွစ္ ပထမႏွစ္ဝက္မွာ ေဒၚလာ 58.3 ဘီလီယမ္အထိ ရရွိၿပီး ယမန္ႏွစ္တုန္းကထက္ 23.2 ရာခိုင္ႏူန္းအထိ ဝင္ေငြျမင့္တက္လာပါတယ္။

NetGuide Journal (Every Wednesday)