အမေရိကန် ဂိမ်းကုမ္ပဏီ Activision Blizzard ဟာ ဟောင်ကောင်သပိတ်ကို ထောက်ခံမှုအတွက် ဆုကြေးငွေအား မပေးခြင်း၊ ပွဲပယ်ပြစ်ဒဏ်ချခဲ့ခြင်းအားပြန်လည် ရုတ်သိမ်းလိုက်ပါတယ်။ ပရော်ဖက်ရှင် ဂိမ်းကစားသမားတစ်ဦးဖြစ်တဲ့ Ng Wai “Blitzchung” Chung ဟာ ပြိုင်ပွဲတစ်ခုအပြီးမှာ Live ထုတ်လွှင့်နေစဉ်အတွင်း Liberate Hong Kong, revolution of our age ဟု ပြောကြားခဲ့တာလည်းဖြစ်ပါ တယ်။ အသက် 21 နှစ်ရှိကစားသမားဟာပြိုင်ပွဲအတွက် ဆုကြေးငွေများမရရှိတဲ့အပြင် ဂိမ်းကစားမှုပိတ်ပင်မှုပါ ခံခဲ့ရပါတယ်။

ယင်းနောက်မှာ ဂိမ်းကစားသူများနှင့် ၎င်းကို ထောက်ခံသူများဟာ တွစ်တာမှာ #Blizzarboycott ဆိုပြီး ပို့စ်များတင်ခဲ့တဲ့ အပြင် အကောင့်ကိုဖျက်ခဲ့ကြပါတယ်။

Call of Duty ၊ Overwatch ၊ World of Warcraft ၊ Candy Crush စတဲ့ ဂိမ်းများကိုဖန်တီးတဲ့ Activision Blizzard က ဆုံးဖြတ်ချက်ကိုအလျှင်အမြန်ချမှတ်ခဲ့တာဖြစ်ပြီး Ng Wai “Blitzchung” Chung မှာ မည့်သည့် ဂိမ်းစည်း မျဉ်းကိုမှ ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း ပြန်လည်ဆုံးဖြတ်ခဲ့ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ေဟာင္ေကာင္သပိတ္ကို ေထာက္ခံတဲ့ Gamer အားပြဲပယ္မွုနဲ႔ ဆုေၾကးမေပးမွုတို႔ကို ျပန္လည္ ျပင္ဆင္ဆုံးျဖတ္လိုက္တဲ့ Activision Blizzard

 

အေမရိကန္ ဂိမ္းကုမၸဏီ Activision Blizzard ဟာ ေဟာင္ေကာင္သပိတ္ကို ေထာက္ခံမွုအတြက္ ဆုေၾကးေငြအား မေပးျခင္း၊ ပြဲပယ္ျပစ္ဒဏ္ခ်ခဲ့ျခင္းအားျပန္လည္ ႐ုတ္သိမ္းလိုက္ပါတယ္။ ပေရာ္ဖက္ရွင္ ဂိမ္းကစားသမားတစ္ဦးျဖစ္တဲ့ Ng Wai “Blitzchung” Chung ဟာ ၿပိဳင္ပြဲတစ္ခုအၿပီးမွာ Live ထုတ္လႊင့္ေနစဥ္အတြင္း Liberate Hong Kong, revolution of our age ဟု ေျပာၾကားခဲ့တာလည္းျဖစ္ပါ တယ္။ အသက္ 21 ႏွစ္ရွိကစားသမားဟာၿပိဳင္ပြဲအတြက္ ဆုေၾကးေငြမ်ားမရရွိတဲ့အျပင္ ဂိမ္းကစားမွုပိတ္ပင္မွုပါ ခံခဲ့ရပါတယ္။

ယင္းေနာက္မွာ ဂိမ္းကစားသူမ်ားႏွင့္ ၎ကို ေထာက္ခံသူမ်ားဟာ တြစ္တာမွာ #Blizzarboycott ဆိုၿပီး ပို႔စ္မ်ားတင္ခဲ့တဲ့အျပင္ အေကာင့္ကိုဖ်က္ခဲ့ၾကပါတယ္။

Call of Duty ၊ Overwatch ၊ World of Warcraft ၊ Candy Crush စတဲ့ ဂိမ္းမ်ားကိုဖန္တီးတဲ့ Activision Blizzard က ဆုံးျဖတ္ခ်က္ကိုအလၽွင္အျမန္ခ်မွတ္ခဲ့တာျဖစ္ၿပီး Ng Wai “Blitzchung” Chung မွာ မည့္သည့္ ဂိမ္းစည္း မ်ဥ္းကိုမွ ခ်ိဳးေဖာက္ခဲ့ျခင္းမရွိေၾကာင္း ျပန္လည္ဆုံးျဖတ္ခဲ့ပါတယ္။

NetGuide Journal (Every Wednesday)