The Wall Street Journal က ဒေါ်နယ်ထရန့်ဟာ တရုတ်ထိပ်သီးကုမ္ပဏီ Huawei အား အရေးယူပိတ်ဆို့မှု အချို့တို့ကို ဖြေလျှော့ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် မဝေးတော့တဲ့ကာလအတွင်းမှာ အမေရိကန်ကုမ္ပဏီအချို့အနေဖြင့် Huawei နဲ့ စာချုပ်ပြန်လည်ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖြေလျှော့ပေးမှုအပေါ် အတည်တော့ မပြုနိုင်သေးပါဘူး။

Huawei ဟာ အရေးယူမှုအချို့ ဖယ်ရှားခံရပေမယ့် အပြည့်အဝဖယ်ရှားခြင်းတော့ မသိရသေးပါဘူး။ ဒေါ်နယ်ထရန့်အစိုးရက အမေရိကန်ကုမ္ပဏီများအား Huawei ထံသို့ ပစ္စည်းရောင်းချခွင့်ပြုလုပ်မှုကြောင့် တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲဆွေးနွေးမှု အနည်းငယ်ပြေလည်မှု ရရှိမယ်လို့ ယုံကြည်နေပါတယ်။

ဒီနေရာမှာ ကြီးမားတဲ့ မေးခွန်းတစ်ခုရှိနေတာက Android လိုင်စင် ပြန်လည်ရရှိမလားဆိုတာပါ။ Huawei ဟာ Android လိုင်စင် ရုတ်သိမ်းခံထားရမှုကြောင့် Mate 30 စီးရီးမှာ Android 10 Open Source ဖြင့် ထည့်သွင်းထားနိုင်ကာ Google App များ မပါဝင်ပါဘူ။ ဒါကြောင့်လည်း Huawei ဟာ Mate 30 စီးရီးကို စမတ်ဖုန်းဈေးကွက်အမြောက်အမြားတို့မှာ ရောင်းချနိုင်ခြင်း မရှိသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ကုမ္ပဏီများအား Huawei ထံသို့ ပစ္စည်းများ ရောင်းချခွင့်ပြုတော့မယ့် ဒေါ်နယ်ထရန့်



