Image result for Redmi Note 8 Pro

လာမယ့် ၁၆ ရက်နေ့မှာ Redmi Note 8 နဲ့ Note 8 Pro ဖုန်းတွေကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Redmi 8 ဖုန်းကိုသာ မိတ်ဆက်ပေးထားပါသေးတယ်။ သူဟာ 64MP Camera ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး Samsung ရဲ့ ISOCELL Bright GW1 Sensor ဖြစ်ပြီး Quad-binning Pixel နည်းပညာ ထည့်သွင်းထားပါတယ်။


မျက်နှာပြင် ၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ ကင်မရာတွေအနေနဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ အဓိကကင်မရာကတော့ 64MP ဖြစ်ပါတယ်။အဲ့ဒါကိုမှ 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။


Android 9 Pie OS အခြေပြု MIUI 10 ကို သုံးနိုင်မှာပါ။ Redmi Note 8 မှာ Snapdragon 665 chipset ကိုသုံးထားပြီး Note 8 Pro မှာတော့ Helio G90T Pro ကိုသုံးထားပါတယ်။ Note 8 ဘက်ထရီက 4,000mAh ၊ Note 8 Pro ကတော့ 4,500mAh ဖြစ်ပြီး 18W fast charging ထောက်ပံ့ပေးမှာပါ။

(Zawgyi Version)

Helio G90T Pro နဲ့ထွက်လာမယ့် Redmi Note 8 Pro




