Vivo ရဲ့ V17 Pro ဖုန်းကို မိတ်ဆက်ထားပါပြီ။ အခုအောက်တိုဘာလကုန်ပိုင်းလောက်မှာ ထွက်ဖို့ရှိနေတာကတော့ V17 ဖုန်းပဲဖြစ်ပါတယ်။ အိန္ဒိယမှာရောင်းချလာမယ်ဆိုပြီး ထွက်ရှိထားတဲ့ အချက်အလက်တွေအရ Vivo V17 မှာ 6.39-inch IPS LCD display နဲ့ 1,080 x 2,340 pixels screen ရှိမှာဖြစ်ပါတယ်။ ပရိုဖုန်းနဲ့ ပရိုဆက်ဆာနဲ့ ကင်မရာပိုင်းတွေမှာ ကွာခြား ချက်ရှိနိုင်ပါတယ်။

Vivo V17 Pro မှာတော့ Qualcomm Snapdragon 675 ကိုသုံးထားပြီး နောက်ကျောဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ပေးထားပါတယ်။ မျက်နှာပြင်က 6.44-inch Super AMOLED နဲ့ပါ။ ကင်မရာ ၄လုံးကတော့ 48MP( ƒ/1.8 aperture, 0.8μm, PDAF )၊ 8MP ultra wide-angle ၊ 13MP telephoto နဲ့ 2MP depth sensor တို့ဖြစ်ပါတယ်။

Image result for Vivo V17 rumer
ပြီးတော့ အရှေ့ဘက်မှာ 32MP motorized pop-up camera နဲ့ 8MP ultra wide-angle motorized pop-up camera တွေကို ထည့်ထားပါတယ်။ VIVO V17 ကို 6 GB RAM / 128 GB internal storage နဲ့ထွက်လာဖို့ ခန့်မှန်းထားပါတယ်။

(Zawgyi Version)

6 GB RAM နဲ့ Vivo V17 စမတ်ဖုန်း ထွက်လာအုံးမည်

