နောက်ကျောဘက်မှာ လေးထောင့်ပုံစံ ကင်မရာဒီဇိုင်းထည့်သွင်းထားတဲ့ ဖုန်းဖြစ်ပါတယ်။ IFA 2019 မှာကြေညာခဲ့တဲ့ ဖုန်းဖြစ်ပြီး အောက်တိုဘာလအတွင်း ဖြန့်ချိမယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ Low-light မှာဓာတ်ပုံတွေကို အရည်အသွေးကောင်းကောင်းနဲ့ ရိုက်နိုင်မယ့် Quad Pixel နည်းပညာကို အရှေ့ ကင်မရာမှာ ထည့်သွင်းထားပါတယ်။

Image result for Motorola One Zoom

ပြီးတော့ ဒီဖုန်းမှာ Face Unlock ကိုလည်း ထောက်ပံ့ပါတယ်။ အနောက်ကင်မရာမှာလည်း Quad Pixel နည်းပညာကို သုံးထားပါတယ်။ ကင်မရာရဲ့ အသေးစိတ်အချက်အလက်တွေ အနေနဲ့ 48MP ( f/1.7 aperture, OIS) ၊ 16MP 117-degree Ultra-wide lens ၊ 8MP telephoto lens နဲ့အတူ 5MP depth sensing ကင်မရာတွေကို သုံးထားပါတယ်။ အရှေ့ဘက်ကင်မရာဟာ 25MP (f/2.0 aperture) ဖြစ်ပါတယ်။

Image result for Motorola One Zoom

P2i water-repellent nano coating နည်းလမ်းကိုလည်း အသုံးပြုပေးထားပါတယ်။ ဘက်ထရီကတော့ 4000mAh ဖြစ်ပြီး TurboPower fast charging နဲ့အားသွင်းနိုင်မှာပါ။ ပရိုဆက်ဆာပိုင်းမှာတော့ Octa-Core Snapdragon 675 ကို Adreno 612 GPU နဲ့တွဲသုံးထားပါတယ်။

(Zawgyi Version)

အောက်တိုဘာလအတွင်းဈေးကွက်ထဲဖြန့်ချိတော့မယ့် Motorola One Zoom



