Blade A7s က ZTE က ကြေညာလာတဲ့ နောက်ဆုံးထွက် တန်ဖိုးနည်းစမတ်ဖုန်း ဖြစ်ပါတယ်။ Blade A7s က ယခုနှစ် မေလထွက် Blade A7 ကို အဆင့်မြင့်ထားတဲ့ စမတ်ဖုန်းဆိုရင်လည်း မမှားပါဘူး။ Blade A7s ကို လူတွေ စိတ်ဝင်စားစေမယ့်အချက်ကတော့ ရှည်လျားတဲ့ Aspect Ratio သုံးထားမှု၊ ကျောဘက်ကင်မရာသုံးလုံးနဲ့ များပြားတဲ့ ဘက်ထရီပါဝင်မှုတို့ ဖြစ်လာပါမယ်။

ZTE Blade A7s ရဲ့ကိုယ်ထည်ကို ပိုလီကာဗွန်နိုက်နဲ့ တည်ဆောက်ထားပါတယ်။ ဖုန်းရဲ့အတိုင်းအတာက 155 x 72.7 x 8.95 mm ရှိပြီး အလေးချိန် 164 ဂရမ် ရှိပါတယ်။ ဖုန်းရဲ့ညာခြမ်းမှာ အသံအတိုးအချဲ့ခလုတ်နဲ့ ပါဝါခလုတ်တို့ကို ထည့်သွင်းထားပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင် 6.088 လက်မရှိပြီး Waterdrop Notch သုံးထားပါတယ်။ 19:5:9 Aspect Ratio သုံးထားကာ HD+ (720 x 1560 px Resolution) ရုပ်ထွက် ထောက်ပံ့ထားပါတယ်။ Screen-to Body Ratio 89 ရာခိုင်နှုန်း ရှိပါတယ်။

MediaTek Helio P22 Chipset နဲ့ ပါဝါထောက်ပံ့ထားပါတယ်။ တန်ဖိုးသင့်စမတ်ဖုန်းဆိုပေမယ့် RAM4GB နဲ့ Storage 64GB သုံးထားပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ပြီး တစ်ကြိမ် အားအပြည့်သွင်းထားရင် သီချင်း 29 နာရီ၊ အင်တာနက် 15 နာရီနဲ့ ဗီဒီယိုကြည့်မှုကို 10 နာရီ ပြုလုပ်နိုင်ပါမယ်။

ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး 16MP f/2.0 + 8MP (Ultrawide) + 2MP (Depth) ဖြစ်ပါတယ်။ မြင်ကွင်းကျယ်ရိုက်ကူးမှုကို 120 ဒီဂရီအထိ ပြုလုပ်နိုင်ပါမယ်။

လက်ဗွေရာစနစ် မပါဝင်ပါဘူး။ ဖုန်းလုံခြုံရေးအတွက် Face Unlock ကိုဘဲ အသုံးပြုရပါမယ်။ Android Pie OS အခြေခံ MiFavor 9.1 သုံထားပါတယ်။

ZTE Blade A7s ကို ဈေးနှုန်း ဒေါ်လာ 112 သတ်မှတ်ကာ လာမယ့်အောက်တိုဘာလ 18 ရက်နေ့မှာ တရုတ်မှာ စတင်ရောင်းချပါမယ်။ ဒီဖုန်းကို အပြာရောင်၊ အနက်ရောင်နဲ့ ရွေးချယ်နိုင်ပါမယ်။ နိုင်ငံတကာဈေးကွက်မှာ ဘယ်တော့ရောင်းချမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Helio P22 ၊ 16MP ပါ ေက်ာဘက္ကင္မရာသုံးလုံးပါဝင္တဲ့ ZTE Blade A7s ကို ေၾကညာ

Blade A7s က ZTE က ေၾကညာလာတဲ့ ေနာက္ဆုံးထြက္ တန္ဖိုးနည္းစမတ္ဖုန္း ျဖစ္ပါတယ္။ Blade A7s က ယခုႏွစ္ ေမလထြက္ Blade A7 ကို အဆင့္ျမင့္ထားတဲ့ စမတ္ဖုန္းဆိုရင္လည္း မမွားပါဘူး။ Blade A7s ကို လူေတြ စိတ္ဝင္စားေစမယ့္အခ်က္ကေတာ့ ရွည္လ်ားတဲ့ Aspect Ratio သုံးထားမႈ၊ ေက်ာဘက္ကင္မရာသုံးလုံးနဲ႔ မ်ားျပားတဲ့ ဘက္ထရီပါဝင္မႈတို႔ ျဖစ္လာပါမယ္။

ZTE Blade A7s ရဲ႕ကိုယ္ထည္ကို ပိုလီကာဗြန္ႏိုက္နဲ႔ တည္ေဆာက္ထားပါတယ္။ ဖုန္းရဲ႕အတိုင္းအတာက 155 x 72.7 x 8.95 mm ရွိၿပီး အေလးခ်ိန္ 164 ဂရမ္ ရွိပါတယ္။ ဖုန္းရဲ႕ညာျခမ္းမွာ အသံအတိုးအခ်ဲ႕ခလုတ္နဲ႔ ပါဝါခလုတ္တို႔ကို ထည့္သြင္းထားပါတယ္။ ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.088 လက္မရွိၿပီး Waterdrop Notch သုံးထားပါတယ္။ 19:5:9 Aspect Ratio သုံးထားကာ HD+ (720 x 1560 px Resolution) ႐ုပ္ထြက္ ေထာက္ပံ့ထားပါတယ္။ Screen-to Body Ratio 89 ရာခိုင္ႏႈန္း ရွိပါတယ္။

MediaTek Helio P22 Chipset နဲ႔ ပါဝါေထာက္ပံ့ထားပါတယ္။ တန္ဖိုးသင့္စမတ္ဖုန္းဆိုေပမယ့္ RAM4GB နဲ႔ Storage 64GB သုံးထားပါတယ္။ ဘက္ထရီ 4000 mAh ပါဝင္ၿပီး တစ္ႀကိမ္ အားအျပည့္သြင္းထားရင္ သီခ်င္း 29 နာရီ၊ အင္တာနက္ 15 နာရီနဲ႔ ဗီဒီယိုၾကည့္မႈကို 10 နာရီ ျပဳလုပ္ႏိုင္ပါမယ္။

ေက်ာဘက္ကင္မရာသုံးလုံးပါဝင္ၿပီး 16MP f/2.0 + 8MP (Ultrawide) + 2MP (Depth) ျဖစ္ပါတယ္။ ျမင္ကြင္းက်ယ္ရိုက္ကူးမႈကို 120 ဒီဂရီအထိ ျပဳလုပ္ႏိုင္ပါမယ္။

လက္ေဗြရာစနစ္ မပါဝင္ပါဘူး။ ဖုန္းလုံျခဳံေရးအတြက္ Face Unlock ကိုဘဲ အသုံးျပဳရပါမယ္။ Android Pie OS အေျခခံ MiFavor 9.1 သုံထားပါတယ္။

ZTE Blade A7s ကို ေဈးႏႈန္း ေဒၚလာ 112 သတ္မွတ္ကာ လာမယ့္ေအာက္တိုဘာလ 18 ရက္ေန႔မွာ တ႐ုတ္မွာ စတင္ေရာင္းခ်ပါမယ္။ ဒီဖုန္းကို အျပာေရာင္၊ အနက္ေရာင္နဲ႔ ေရြးခ်ယ္ႏိုင္ပါမယ္။ နိုင္ငံတကာေဈးကြက္မွာ ဘယ္ေတာ့ေရာင္းခ်မယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

NetGuide Journal (Every Wednesday)