ဆမ်ဆောင်းအနေနဲ့ Galaxy A90 5G ရဲ့မျိုးဆက်သစ် ဖုန်းလို့ဆိုရမယ့် Galaxy A91 ကို ထုတ်လုပ်ဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။ Galaxy A91 နဲ့ပတ်သတ်တဲ့ အချက်အလက် အများစုလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ရှိထားပါတယ်။ သူ့ရဲ့မူရင်းပုံစံ ဒီဇိုင်းက Galaxy A90 နဲ့ဆင်တူပါတယ်။ ကွဲပြားတဲ့ အချက်အလက်တွေ ဆိုလို့ဘက်ထရီ အားသွင်းစနစ်နဲ့ ကင်မရာပိုင်းတွေပဲ ဖြစ်ပါတယ်။

Image result for Samsung Galaxy A91

Galaxy A91 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ အနေနဲ့ 6.7-inch (2400 x 1080 pixels) မှာ HD+ Infinity-U Super AMOLED display ကိုသုံးထားမယ်လို့ သိရပါတယ်။ Snapdragon 855 7nm ပရိုဆက်ဆာကိုသာသုံးလာမှာပါ။ အဆင့်မြင့် ဖုန်းဖြစ်နေတာကြောင့်ပါ။ 8GB RAM မှာ 128GB Storage သိုလှောင်မှုနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။

Image result for Samsung Galaxy A91

Android 9.0 (Pie) အခြေပြု Samsung One UI ကိုသုံးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာတွေကတော့ 48MP( f/2.0 aperture) ၊ 12MP 123° ultra-wide-angle ကင်မရာ၊ 5MP depth sensor တို့ကိုနောက်ဘက်မှာ တပ်ဆင်ထားမှာဖြစ်ပြီး အရှေ့ဘက်မှာ 32MP ကင်မရာသုံးနိုင်ပါလိမ့်မယ်။ In-display Fingerprint sensor နဲ့ဖြစ်ပြီး USB Type-C audio နဲ့ချိတ်ဆက်သုံးရမှာ ဖြစ်ပါတယ်။ ဘက်ထရီအတွက် 45W super fast charging ထောက်ပံ့ပါလိမ့်မယ်။

(Zawgyi Version)

Samsung Galaxy A91 တွင် 45W Fast Charging သုံးလာမည်



