ပြီးခဲ့တဲ့ ဇွန်လတုန်းက Xiaomi စီအီးအိုလိုင်ကျန်က Mi စီးရီးမှာ အဆင့်မြင့် စမတ်ဖုန်းစီးရီးဖြစ်လာမှာ ဖြစ်ကြောင်းနှင့် Redmi အမှတ်တံဆိပ်မှာ အလယ်အလတ်တန်း စမတ်ဖုန်းကောင်းများထုတ်လုပ်တဲ့ စီးရီး ဖြစ်လာမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် လိုင်ကျန်က ယခုနှစ်မှာ Mi Note နဲ့ Mi Max  စီးရီးတို့ ထုတ်လုပ်ဖို့ အစီအစဉ်မရှိကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

အစောပိုင်းတုန်းက Mi Note နဲ့ Mi Max တို့ကို မထုတ်လုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း ယခုတော့ အပြောင်းအလဲ လုပ်လိုက်ပုံရပါတယ်။

ယနေ့မှာ Ice Universe ရဲ့ ဖော်ပြချက်အရ Xiaomi ဟာ အောက်တိုဘာလ လကုန်ပိုင်းမှာ Mi Note 10 ကို ကြေညာလာမှာဖြစ်ကြောင်း သိရပါတယ်။ Mi Note စီးရီးရဲ့ နောက်ဆုံး စမတ်ဖုန်းမှာ Mi Note 3 ဖြစ်ပြီး လွန်ခဲ့တဲ့ 2 နှစ်တုန်းက ကြေညာရောင်းချခဲ့တာ ဖြစ်ပါတယ်။

Xiaomi Mi Note စီးရီးဖုန်းများက Upper-Midrange လို့ ခေါ်ဆိုတဲ့ စီးရီးဖြစ်ပြီး ဈေးနူန်းသက်သာသလို အဆင့်မြင့်စနစ်များ ပါဝင်ပါတယ်။

Xiaomi ဟာ Mi Note စီးရီးထက် ပိုကောင်းတဲ့ K20 စီးရီးကို ဖန်တီးထားတာကြောင့် Mi Note 10 မှာ ဘာ‌တွေ ထည့်သွင်းလာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ေအာက္တိုဘာလကုန္တြင္ Xiaomi Mi Note 10 ထြက္လာမည္ဟု သတင္းထြက္

ၿပီးခဲ့တဲ့ ဇြန္လတုန္းက Xiaomi စီအီးအိုလိုင္က်န္က Mi စီးရီးမွာ အဆင့္ျမင့္ စမတ္ဖုန္းစီးရီးျဖစ္လာမွာ ျဖစ္ေၾကာင္းႏွင့္ Redmi အမွတ္တံဆိပ္မွာ အလယ္အလတ္တန္း စမတ္ဖုန္းေကာင္းမ်ားထုတ္လုပ္တဲ့ စီးရီး ျဖစ္လာမယ္လို႔ ဆိုထားပါတယ္။ ဒါ့အျပင္ လိုင္က်န္က ယခုႏွစ္မွာ Mi Note နဲ႔ Mi Max စီးရီးတို႔ ထုတ္လုပ္ဖို႔ အစီအစဥ္မရွိေၾကာင္းလည္း ဖြင့္ဟခဲ့ပါတယ္။

အေစာပိုင္းတုန္းက Mi Note နဲ႔ Mi Max တို႔ကို မထုတ္လုပ္ဖို႔ စီစဥ္ထားခဲ့ေပမယ့္လည္း ယခုေတာ့ အေျပာင္းအလဲ လုပ္လိုက္ပုံရပါတယ္။

ယေန႔မွာ Ice Universe ရဲ့ ေဖာ္ျပခ်က္အရ Xiaomi ဟာ ေအာက္တိုဘာလ လကုန္ပိုင္းမွာ Mi Note 10 ကို ေၾကညာလာမွာျဖစ္ေၾကာင္း သိရပါတယ္။ Mi Note စီးရီးရဲ့ ေနာက္ဆုံး စမတ္ဖုန္းမွာ Mi Note 3 ျဖစ္ၿပီး လြန္ခဲ့တဲ့ 2 ႏွစ္တုန္းက ေၾကညာေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။

Xiaomi Mi Note စီးရီးဖုန္းမ်ားက Upper-Midrange လို႔ ေခၚဆိုတဲ့ စီးရီးျဖစ္ၿပီး ေဈးႏူန္းသက္သာသလို အဆင့္ျမင့္စနစ္မ်ား ပါဝင္ပါတယ္။

Xiaomi ဟာ Mi Note စီးရီးထက္ ပိုေကာင္းတဲ့ K20 စီးရီးကို ဖန္တီးထားတာေၾကာင့္ Mi Note 10 မွာ ဘာေတြ ထည့္သြင္းလာမလဲဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

NetGuide Journal (Every Wednesday)