OPPO အနေနဲ့ နောက်ကျောဘက်မှာ ကင်မရာ ၄လုံး တပ်ဆင်ထားတဲ့ အလယ်အလတ်ဆင့် စမတ်ဖုန်း OPPO K5 ကိုမိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် 6.4-inch (2340 × 1080 pixels) ဖြစ်ပြီး ခပ်သေးသေး Notch နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ မိနစ် ၃၀ အတွင်းမှာ ၆၇ ရာခိုင်နှုန်းအားသွင်းပေးတဲ့ 30W VOOC 4.0 Fast Charging ပါပါတယ်။

ဖုန်းရဲ့ အချက်အလက်ပိုင်းအနေနဲ့ Snapdragon 730G ပရိုဆက်ဆာကို သုံးထားပြီး Adreno 618 GPU တွဲဘက်ပါတယ်။ OS ပိုင်းမှာ Android 9.0 (Pie) အခြေပြု ColorOS 6.1 နဲ့သုံးနိုင်မှာပါ။ 64MP အဓိကဆင်ဆာအတွက် Samsung GW1 ကိုသုံးထားပါတယ်။ 8MP 119° ultra-wide angle lens ၊ 2MP depth sensor နဲ့ 2MP မိုက်ကရိုတို့ ဖြစ်ပါတယ်။

Image result for OPPO K5

အရှေ့ဘက် notch ထဲမှာ 32MP f/2.0 aperture နဲ့သုံးနိုင်မှာပါ။ ဘက်ထရီကတော့ 4000mAh ဖြစ်ပြီး အစိမ်း၊ အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၁၈၉၉ ယွမ်၊ 8/128GB ကို ၂၀၉၉ ယွမ်နဲ့ 8/256GB ကို ၂၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။

(Zawgyi Version)

64MP Quad ကင္မရာနဲ႔ OPPO K5 ကိုေၾကညာ

OPPO အေနနဲ႔ ေနာက္ေက်ာဘက္မွာ ကင္မရာ ၄လုံး တပ္ဆင္ထားတဲ့ အလယ္အလတ္ဆင့္ စမတ္ဖုန္း OPPO K5 ကိုမိတ္ဆက္လိုက္ပါတယ္။ မ်က္ႏွာျပင္ 6.4-inch (2340 × 1080 pixels) ျဖစ္ၿပီး ခပ္ေသးေသး Notch နဲ႔ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမႇပ္ႏွံထားပါတယ္။ မိနစ္ ၃၀ အတြင္းမွာ ၆၇ ရာခိုင္ႏႈန္းအားသြင္းေပးတဲ့ 30W VOOC 4.0 Fast Charging ပါပါတယ္။

ဖုန္းရဲ႕ အခ်က္အလက္ပိုင္းအေနနဲ႔ Snapdragon 730G ပ႐ိုဆက္ဆာကို သုံးထားၿပီး Adreno 618 GPU တြဲဘက္ပါတယ္။ OS ပိုင္းမွာ Android 9.0 (Pie) အေျချပဳ ColorOS 6.1 နဲ႔သုံးႏိုင္မွာပါ။ 64MP အဓိကဆင္ဆာအတြက္ Samsung GW1 ကိုသုံးထားပါတယ္။ 8MP 119° ultra-wide angle lens ၊ 2MP depth sensor နဲ႔ 2MP မိုက္က႐ိုတို႔ ျဖစ္ပါတယ္။

Image result for OPPO K5

အေရွ႕ဘက္ notch ထဲမွာ 32MP f/2.0 aperture နဲ႔သုံးႏိုင္မွာပါ။ ဘက္ထရီကေတာ့ 4000mAh ျဖစ္ၿပီး အစိမ္း၊ အျပာနဲ႔ အျဖဴေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ 6/128GB ကို ၁၈၉၉ ယြမ္၊ 8/128GB ကို ၂၀၉၉ ယြမ္နဲ႔ 8/256GB ကို ၂၄၉၉ ယြမ္ သတ္မွတ္ထားပါတယ္။