Nubia အနေနဲ့ Red Magic 3s ကို ကမ္ဘာဈေးကွက်မှာ ရောင်းချမယ့် ဈေးနှုန်းကို ကြေညာလိုက်ပါတယ်။ 8/128GB ကို ၄၇၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 12/256GB ဗားရှင်းကို ၅၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ရောင်းချသွားခဲ့တဲ့ ဈေးနှုန်းကတော့ 8/128GB ကို ယွမ် ၂၉၉၉ ( ၄၁၉ ဒေါ်လာ) ဖြစ်တာကြောင့် အတော်လေး ဈေးကြီးသွားတယ်လို့ ဆိုရမှာပါ။
ဒီဖုန်းမှာ 6.65-inch (2340 × 1080 pixels) နဲ့ဖြစ်ပြီး 90Hz Display , HDR Support တွေ ပါလာပါတယ်။ Active Cooling System နဲ့ ပန်ကာ ၁ လုံးထည့်သွင်းထားပြီး ဂိမ်း ကစားရင် အပူချိန်ကို လျှော့ချပေးပါတယ်။ ပရိုဆက်ဆာကတော့ Snapdragon 855 Plus ဖြစ်ပါတယ်။ Android 9.0 (Pie) အခြေပြု Redmagic OS 2.1 ကိုသုံးနိုင်မှာပါ။
Image result for Nubia Red Magic 3s
ဂိမ်းမင်းဖုန်းလို့ သတ်မှတ်နိုင်တဲ့ ဒီဖုန်းမှာ ကင်မရာပိုင်းအတွက် 48MP အဓိကဖြစ်ပြီး Sony IMX586 ဆင်ဆာကို သုံးထားပါတယ်။ Dual LED flash နဲ့ပါ။ အရှေ့ဘက်မှာတော့ 16MP ကို ထည့်ပေးထားပါတယ်။ 5000mAh စွမ်းအား ဘက်ထရီနဲ့ ဖြစ်ပြီး 27W QC4.0, USB-PD fast charging ထောက်ပံ့ပါတယ်။ 3.5mm audio jack, Stereo front-facing speakers, DTS:X တွေပါဝင်တဲ့ ဂိမ်းမင်းဖုန်းပါ။
(Zawgyi Version)
Nubia Red Magic 3s ရဲ့ တရားဝင်ဈေးနှုန်း ထွက်ရှိလာ