Xiaomi အနေနဲ့ ဖုန်းတွေအတွက် ပုံမှန် software update ထုတ်ပေးနေကြ အစဉ်အလာအတိုင်း Redmi ဖုန်းတွေအတွက် MIUI 11 Stable ကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Redmi 7 , Redmi Note 7/ 7 Pro နဲ့ K20 ဖုန်းတွေအတွက်ဖြစ်ပြီး MIUI 11 Stable Build ဖြစ်ပါတယ်။ တရုတ်နိုင်ငံသုံးဖုန်းတွေ အတွက်ဖြစ်ပါတယ်။

Redmi K20 အတွက် MIUI 11.0.3 ရဲ့ ဖိုင်ဆိုက်အရွယ်အစားဟာ 700MB ဖြစ်ပြီး Redmi 7 , Redmi Note 7 နဲ့ Note 7 Pro ရဲ့ MIUI 11.0.1.0 မှာ စက်တင်ဘာလအတွက် Security Patch ကိုပါထည့်သွင်းပေးလာခဲ့ပါတယ်။ တရုတ်အတွက် ထုတ်ပေးထားတဲ့ ဗားရှင်းဖြစ်တာကြောင့် Google Services တော့ထည့်သွင်းလာခြင်း မရှိပါဘူး။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အခြားဖုန်းတွေအတွက်လည်း ထုတ်ပေးလာမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလမှာ Mi Mix, Mi 5S, Mi 5S Plus, Mi 5X, Mi 5C, Mi Note 2, Mi Play နဲ့ Mi Max 2 တို့အတွက် ဖြန့်ချိပေးမယ်လို့ သိရပါတယ်။ MIUI 11 မှာတော့ အပြင်အဆင်ပိုင်း တွေနဲအတူ ai စွမ်းဆောင်ချက်တွေ ပိုကောင်းလာတာကို တွေ့ရပါတယ်။

(Zawgyi Version)

Redmi ဖုန္းေတြအတြက္ MIUI 11 Stable ကိုထုတ္ေပးလိုက္တဲ့ Xiaomi

Xiaomi အေနနဲ႔ ဖုန္းေတြအတြက္ ပုံမွန္ software update ထုတ္ေပးေနၾက အစဥ္အလာအတိုင္း Redmi ဖုန္းေတြအတြက္ MIUI 11 Stable ကို ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ Redmi 7 , Redmi Note 7/ 7 Pro နဲ႔ K20 ဖုန္းေတြအတြက္ျဖစ္ၿပီး MIUI 11 Stable Build ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံသုံးဖုန္းေတြ အတြက္ျဖစ္ပါတယ္။

Redmi K20 အတြက္ MIUI 11.0.3 ရဲ႕ ဖိုင္ဆိုက္အ႐ြယ္အစားဟာ 700MB ျဖစ္ၿပီး Redmi 7 , Redmi Note 7 နဲ႔ Note 7 Pro ရဲ႕ MIUI 11.0.1.0 မွာ စက္တင္ဘာလအတြက္ Security Patch ကိုပါထည့္သြင္းေပးလာခဲ့ပါတယ္။ တ႐ုတ္အတြက္ ထုတ္ေပးထားတဲ့ ဗားရွင္းျဖစ္တာေၾကာင့္ Google Services ေတာ့ထည့္သြင္းလာျခင္း မရွိပါဘူး။ လာမယ့္ ရက္သတၱပတ္ အနည္းငယ္အတြင္းမွာ အျခားဖုန္းေတြအတြက္လည္း ထုတ္ေပးလာမယ္လို႔ ဆိုပါတယ္။

ႏိုဝင္ဘာလမွာ Mi Mix, Mi 5S, Mi 5S Plus, Mi 5X, Mi 5C, Mi Note 2, Mi Play နဲ႔ Mi Max 2 တို႔အတြက္ ျဖန႔္ခ်ိေပးမယ္လို႔ သိရပါတယ္။ MIUI 11 မွာေတာ့ အျပင္အဆင္ပိုင္း ေတြနဲအတူ ai စြမ္းေဆာင္ခ်က္ေတြ ပိုေကာင္းလာတာကို ေတြ႕ရပါတယ္။